သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေး၊ အရည်အသွေးမီဆေးဝါးများသုံးစွဲနိုင်ရေး အတွက် မြစ်ကြီးနားမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ၁၄.၉.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ သွင်းကုန်ထောက်ခံချက်(IR)ရရှိထားခြင်းမရှိသော Protein Beverage Vanilla Falavoured Powder with 2% fiber formula No Cholesterol, 400 g/cm ကို 2000g/ Multilayer Pouch ၏ IR Application No. ဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး  ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်ထောက်လှမ်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်စည်  သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပေးပြောကြားခဲ့ပါသည်။

DOCA(ကချင်)

         

ပုသိမ်ကြီးမြို့နယ်အဆင့် ယူရီးယား ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်မှု ကော်တီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

           မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်း အထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁-၉-၂၀၂၅ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပုသိမ်ကြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက  တောင်သူများလိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

         နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၃၀.၈.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများ တာဝန်ရှိသူများ တက်ရောက်ကျပါသည်။ ပထမဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများလိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ် ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP)အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်အစီမံများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ဒေါ်မအေး (ကျောင်းဈေးဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး သည် (၁၂.၉.၂၀၂၅) ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် နန်းမားမြို့၊ အ.မ.က(ညောင်ကုန်း) ရှိ ဒေါ်မအေး (ကျောင်းဈေးဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ MAMEE အမှတ်တံဆိပ်ပါ ပုဇွန်ချဉ်စပ်အရသာ ခေါက်ဆွဲပြုတ် ထုပ်သည် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ကျောင်းဈေးဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေး ခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ရွှေဘိုမြို့ MPT ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ MPT ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေးအသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်းများ၊ ဆက်သွယ်ရေးကဏ္ဍစုံနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ပါအကြောင်းများ ရှင်လင်းဆွေးနွေးခြင်းနှင့် စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့ရှိစားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အေးမေတ္တာ ဆီနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်ရှိ  စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များ ကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့်ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၉.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေလယ်ယာကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များ ကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတာဝန်ခံသည် “မွန်မင်းသား” အမှတ်တံဆိပ် ကြက်ဥပူတင်းပေါင်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲ ဒုတာဝန်ခံ ဒေါ်စောကြည်သည် ၁၀..၂၀၂ ရက်နေ့တွင် “မွန်မင်းသား” အမှတ်တံဆိပ် ကြက်ဥပူတင်းပေါင်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်တွင် အွန်လိုင်း ရောင်းဝယ်ခြင်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

  ၁၀.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မော်လမြိုင်မြို့၊ အထက (၁၂) ကျောင်း၌ အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များတွင် စားသုံးသူများအနေဖြင့် သတိပြုရမည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့်အခြေအနေများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ မဝယ်မီ Online Shopping Page တွင်ဖော်ပြထားသည့် ဆက်သွယ်ရန် ဖုန်းနံပါတ် လိပ်စာများအား မြေပြင်တွင် အမှန်တကယ်ရှိ/မရှိ စစ်ဆေးရန်လိုအပ် ကြောင်း၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ကုန်စည်/ဝန်ဆောင်မှုများအား ဝယ်ယူခြင်းအပေါ် နစ်နာမှုများ ဖြစ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Consumer Call Center ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.doca.gov.mm Website မှ ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အ.လ.က (၃) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်

 ၁၀..၂၀၂ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင် မြို့နယ်၊ အ.လ.က (၃) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်လှစန္ဒာထွေးမှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ အကြောင်းအရာများအား www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ () ဦး၊ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ