
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့နံနက်(၁၀;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ “ဒေါ်မြင့်မြင့်စိုး” ကုန်မျိုးစုံဆိုင်အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦစီးဌာန၊ ကျွန်းလှမြို့မစခန်းမှဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ နှင့် စားသုံးသူရေးရာဦးစီး ဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံတို့ ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် ဒေါ်မြင့်မြင့်စိုး ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော အသင့်သောက် လက်ဖက်ရည်ထုပ်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များ အတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြ ထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ တို့အား မိတ်ဖက် ဌာနများ နှင့်ပူးပေါင်းကာ လစဉ် လျာထားချက်များ သတ်မှတ်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ အသင့်သောက် လက်ဖက်ရည်ထုပ်များပေါ်တွင် မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်းဖော်ပြထားပြီး သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ လိုက်နာဆောင် ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုန်ကုန်လုံခြုံ စိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးခဲ့ပြီး ဌာန၏ ဥပဒေနှင့် ညွန် ကြားချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
