သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ အ.ထ.က(၁) ၌ကျင်းပသော မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၁၃.၂.၂၀၂၅)ရက်နေ့ နေ့လည်(၂:၀၀)အချိန်တွင် အ.ထ.က(၁)၌ ကျင်းပသော မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းတွင် ဆရာ/ဆရာမ များအား စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍လည်း Online  မှဝယ်ယူရရှိသောကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊  Online Sale ရောင်းချသူများအားမှတ်ပုံတင်ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဒေါ်ပိုက်မိခန်းမ၌ မြို့နယ်အဆင့်နည်းပြသင်တန်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၃.၂.၂၀၂၅)ရက်နေ့ နေ့လည်(၂:၃၀)အချိန်တွင် ဝါးခယ်မမြို့နယ် ဒေါ်ပိုက်မိခန်းမ၌ မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ များအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍လည်း Online  မှဝယ်ယူရရှိသောကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ Online မှတဆင့်ဈေးဝယ်ခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊   Online Sale ရောင်းချသူများအားမှတ်ပုံတင် ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့  သင်တန်းသား ဆရာ/ဆရာမ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အ.ထ.က(၂) ဗိမာန်ခန်းမ၌ကျင်းပသော မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၃:၀၀)အချိန်တွင် အ.ထ.က(၂)  ဗိမာန်ခန်းမ၌ကျင်းပသော မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းတွင် ဆရာ/ဆရာမ များအား စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍လည်း Online  မှဝယ်ယူရရှိသောကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊  Online Sale ရောင်းချသူများအားမှတ်ပုံတင်ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ သင်တန်းသား ဆရာ/ဆရာမ စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ အ.ထ.က သစ်တိုဆိပ်ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၁၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မော်ကျွန်းမြို့နယ် အ.ထ.က သစ်တိုဆိပ်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည်  ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီလ  (၇)ရက်နေ့၊  မွန်းလွဲ (၁၃:၃၀) အချိန်တွင်  တောင်ကြီးမြို့ ၊ အဝေရာမီးပုံးပျံကွင်း ၌ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ခင်းကျင်းရောင်း ချလျက် ရှိသောဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန် အတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ဈေးဆိုင်များမှရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုများသည် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များ နှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ထိုနောက်စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေအန္တရာယ်ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်များ၊ ထောက်ခံချက်များ ပြုလုပ်ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

အလှကုန်ပစ္စည်းအမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၁၃.၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ တွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေ နိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းတင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Sevan Bakery မုန့်လုပ်ငန်းသို့ကွင်းဆင်းစစ်ဆေးခြင်း

၁၄.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် Sevan Bakery မုန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  Sevan Bakery မုန့်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချ လျက်ရှိသောမုန့်များတွင်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်စွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ Sevan Bakery မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့်မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းတွေ့ရှိရသည်။ ၎င်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ(မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစားအေသာက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့)တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ်တာဝန်ခံမှ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

          ၁၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီလင်းမြို့နယ်တာဝန်ခံသည် ဘီးလင်းမြို့နယ်တာဝန်ခံရုံး၌ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံမှ ဘီးလင်းမြို့နယ်၏ ခွဲတမ်းရရှိသော စားအုန်းဆီများအား တာဝန်ယူဖြန့်ဖြူးရောင်းချနေသည့် လက်လီ/လက်ကား ကိုယ်စားလှယ်များအား အရေအတွက်မှန်ကန်စွာရောင်းချပေးရေး၊ အလေးချိန်ပြည့်မီစွာ ရောင်းချပေးရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချဖြန့်ဖြူးနိုင်ရေး စသည်များကို ဆွေးနွေးပြောကြားခဲ့ပြီး ထိုစည်းကမ်းများအား ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း နှင့်လုပ်ငန်းရှင် များလိုက်နာရန်တာဝန်များကို အသိပေးရှင်းလင်းခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

၁၀ ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          ၁၄.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ Super Market များတွင် ရောင်းချ လျက်ရှိသော  ၁၀ဂရမ်နှင့်အထက် အလှကုန်ပစ္စည်း အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Super Marketများတွင် ရောင်းချနေသော ၁၀ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများမှာ အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ အမှတ်တံဆိပ်ပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့နယ်အတွင်းရှိ Super Marketများတွင် ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ၁၄.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ FDAနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ Super Market တို့၌  ဆန်ကောင်တာများတွင် ဆန်ရောင်းချမှုနှင့်ပတ်သက်၍ ဆန်ကောင်တာများတွင် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း စသော အချက်အလက်များအား  ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်ရှိ Super Market တို့၌ ရောင်းချသော ဆန်ကောင်တာများတွင် ဈေးနူန်းမြှင့်တင်ရောင်းချမှုနှင့် သိုလှောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ