မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာရှိ အောင်ပါစေမုန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ‌ဒေါ်ဇင်မာသန်း သည် (၂၃.၁၂.၂၀၂၅)ရက်နေ့၊နေ့လည်(၁၂:၀၀)နာရီ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာရှိ အောင်ပါစေမုန့်လုပ်ငန်းတွင်ရောင်းချလျက်ရှိသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ ပါရမီဒေါင့်ကျေးရွာတွင် ရောင်းချနေသော အောင်ပါစေမုန့်လုပ်ငန်းပိုင်ရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်ထုတ်ပြန်ထားသည့်ဥပဒေညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA ဧရာဝတီ