ဟင်္သာတမြို့နယ် သက်ဆိုင်ရာဌာနများ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၁) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးခန်း၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းများနှင့် ပတ်သတ်၍ ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊  ဟင်္သာတမြို့နယ်အတွင်း ကုမ္မဏီများမှ စားသုံးဆီဖြန့် ဖြူးရောင်းချနေမှုအပေါ် ဌာနများပူးပေါင်း၍ ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ လက်ရှိစပါး/ ဆန် စျေးနှုန်းများ စက်ပိုင်ကုန်သည်များမှ ဝယ်ယူနေမှုအခြေအနေများနှင့် ပါတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)