ချောက်မြို့၌ ဆန်၊ ဆီအရောင်းဆိုင်များအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဆန်၊ ဆီအရောင်းဆိုင်များအား သတ်မှတ်ညွှန် ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၂.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဦး ဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့်အဖွဲ့များသည် ဆန်ဆိုင်များ နှင့်ဆီဆိုင်များအား ကွင်းဆင်းကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံများ၊ ဆန်ဆိုင်များနှင့် ဆီဆိုင် များ၏ စျေးနှုန်းစျေးကွက်နှင့် စီးဝင်/စီးထွက်စာရင်းများ၊ MyRo တွင် မှတ်ပုံတင်ထားသည့် ဆန်စပါး သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ် လက်ကျန်စာရင်းများ ရေးသွင်းထားခြင်းရှိ/မရှိနှင့် Update စာရင်း ရေးသွင်းနိုင်ရေးမှာကြားခြင်း၊ ဆန်များနှင့်ဆီများအား အခြားအမျိုးမတူများနှင့် ရောနှော၍ ရောင်း ချခြင်း မရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အပတ်စဉ် ရည်ညွှန်းစျေး အတိုင်း ရောင်းချ ခြင်းရှိ/မရှိနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစားကိုလိုက်၍  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရေး၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး သတ်မှတ်ညွှန် ကြားချက် နှင့်အညီ ရောင်းချမှုရှိ/မရှိမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)