မအူပင်မြို့နယ် စားဆီနှင့် စက်သုံးဆီ ဆီရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

         မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စားသုံးဆီနှင့် စက်သုံးဆီရောင်းချသူများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ တွေ့ဆုံ၍ ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့က မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

          တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ရှင်းလင်းရာ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီထုတ်ယူမှုနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများကို မှန် ၆မှန်နှင့်အညီဆောင်ရွက်မှုကို လုပ်ငန်းရှင်များအား ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်ဘက်မှ ဆီခွဲတမ်းများကို သတ်မှတ်ရက်အတွင်း အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရန်ကိုလည်းကောင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးရန်ကိုလည်းကောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် အဖွဲ့စုံစစ်ဆေးရေးအဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ချက်များကို လေးစားလိုက်နာစွာ ဆောင်ရွက်သွားရန်ကိုလည်းကောင်း၊ မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူးမှ မအူပင်စက်သုံးဆီဆိုင်လုပ်ငန်းရှင်များကို ရှင်းလင်းရာ စက်သုံးဆီဆိုင်များအနေဖြင့် မိမိတို့ဆီဆိုင်များ၏ရရှိ/ ရောင်းချ/လက်ကျန်စာရင်းများ မှန်ကန်စေရေး၊ စုံ/မခွဲခြား၍ စက်သုံးဆီများအား  ဖြည့်သွင်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးသုံးဆီများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ဝယ်ယူပါက ရောင်းချပေးရန်ဆွေးနွေးပြောကြားပြီး စက်သုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ စက်သုံးဆီအရောင်းကိုယ်စားလှယ် (၁) ဦးမှ ဒေသခံတောင်သူများ၏ စက်သုံးဆီလိုအပ်ချက်အား ဖြည့်တင်းနိုင်ရေးအတွက် ကျေးရွာအုပ်စုများအား ဆီဆိုင်တည်ရှိရာ နယ်မြေအလိုက် ခွဲခြားသတ်မှတ်‌ပေးရန် တင်ပြ‌ဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပြီး အစည်းအဝေးသို့ ဆီလက်လီလုပ်ငန်းရှင် ၂၅ဦး စက်သုံးဆီဆိုင်လုပ်ငန်းရှင် ၁၅ဦး စုစုပေါင်း ၄၀ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)