သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ပိကျေးရွာရှိ အောင်ကမ္ဘာကိတ်မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ၁၄.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ အောင်ကမ္ဘာကိတ်မုန့်မျိုးစုံ ရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်မျိူးစုံတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ မုန့်မျိုးစုံ တစ်မျိုးခြင်းအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှု အခြေအနေများကို စစ်ဆေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားမပြည့်စုံမှုမရှိသော ကိတ်မုန့်မျိုးစုံနှင့် အခြား မုန့်များရောင်းချခြင်း မပြုရန်အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

 

သားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

   ၁၆.၅.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင်  မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် မော်လမြိုင်ခရိုင်ဦးစီးမှူးတို့သည် သွားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးနှင့် အွန်လိုင်းရောင်းချမှု ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊သားဖွားသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြမိခင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်၊ စားသုံးသူရေး ရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များမေးမြန်းခြင်းနှင့် ပြန်လည်ဖြေ ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

  Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍    Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား  မြေပြင်ကွင်းဆင်း စစ်ဆေး၍ လျှောက်ထားသည့် အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှစစ်ဆေးရေးအရာရှိ ဦးမျိုးထွန်းနှင့် ဒေါ်မြင့်မာလာဝင်းတို့သည် (၂၁-၃-၂၀၂၅)၊ (၁၀-၄-၂၀၂၅) ရက်နေ့နှင့် (၁၁-၄-၂၀၂၅)ရက်နေ့တို့တွင် မန္တလေးမြို့ပေါ်ရှိOnline Sale မှတ်ပုံတင် လျှောက်ထား သည့်လုပ်ငန်းများ (၁၉) ခုတို့မှ လျှောက်ထားသည့် ကုန်စည်များဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်း၊အထည်အလိပ်၊အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ယာဉ်အမျိုးမျိုးနှင့့််ဆက်စပ်ပစ္စည်း များ ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ကလေးအသုံး အဆောင် ပစ္စည်းများ၊အီလက်ထရောနစ်ပစ္စည်းများ၊အခြားသုံးပစ္စည်းများ၊ပညာရေးနှင့်သင်ကြားရေးဝန်ဆောင်မှု၊စာပေနှင့်အနုပညာဝန်ဆောင်မှုလုပ်ငန်း၊စားသောက်ကုန်ပစ္စည်းများ၊  အလှကုန်များနှင့် လူသုံး ကုန်များ စသည့်လုပ်ငန်းများအားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊  ဇန်နဝါရီလ (၁) ရက်နေ့မှ(၂၁-၄-၂၀၂၅)ရက်နေ့ အထိ   Online Sale မှတ်ပုံတင်လျှောက်ထားသည့်   မြေပြင်စစ်ဆေးရမည့် လုပ်ငန်း (၁၆၁ )ခုရှိရာ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ ၊ ကလေးအသုံးအဆောင်ပစ္စည်းများ ၊ အထည်အလိပ် ၊ အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ၊ အလှကုန်များ ၊ လူသုံးကုန်များ ၊ လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ ပညာရေးနှင့်သင်ကြားရေး ဝန်ဆောင်မှု၊စာပေနှင့်အနုပညာ ဝန်ဆောင်မှု လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းများ၊ FDAမှ အတည်ပြု ထားသည့် ဆေးဝါးဖြည့်စွက်စာများ၊ အခြားဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အမျိုးမျိုးနှင့့််ဆက်စပ်ပစ္စည်းများ ၊ ကုသရေးသုံးပစ္စည်းများ ရောင်းချသည့်လုပ်ငန်း(၁၄၃)ခုအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက် လျှက်ရှိကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိနေသော Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်း များအား ဆက်လက်၍ မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကလေးမြို့ပေါ်ရှိ Mobile Phone ဆိုင်နှင့် အီလက်ထရောနစ်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ( ၁၉.၅.၂၀၂၅ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဝန်ထမ်း ( ၅ ) ဦးသည် ကလေးမြို့ပေါ်ရှိ ဖုန်းဆိုင်နှင့် အီလက်ထရောနစ် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ Oversea ဖုန်းရောင်းဝယ်ရေး၊ ထိပ်တန်း ဖုန်းရောင်းဝယ်ရေး၊ အားမာန်သစ်အီလက်ထရောနစ်ဆိုင်နှင့် တင်ထွန်းဝင်း အီလက်ထရောနစ် ဆိုင်များသို့ သွားရောက်၍ Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာစာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသည့် Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV များ အိမ်သုံးပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးခြင်းများ၊ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

DOCA(စစ်ကိုင်း)

ကလေးဝမြို့၊ အမှတ် ( ၂ ) ရပ်ကွက်အတွင်းရှိ သဘာဝ အမှတ်တံဆိပ်နှင့် သီတာအမှတ်တံဆိပ် ဇီးဖျော်ရည်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးသည်( ၁၄.၅.၂၀၂၅ ) ရက်နေ့တွင် ကလေး ခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့နယ်ရှိ ဇီးဖျော်ရည်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် သဘာဝအမှတ်တံဆိပ်နှင့် သီတာအမှတ်တံဆိပ် အလုပ်ရုံများသို့ အသေးစားစက်မှု လက်မှုလုပ် ငန်းဦးစီးဌာနမှ ဦးဆောင်၍ သဘာဝ အမှတ်တံဆိပ် ဇီးဖျော်ရည်နှင့် မန်ကျည်းဖျော်ရည် လုပ်ငန်းသည် အမှတ် −၂/၂၃၇၊ အမှတ် ( ၂ ) ရပ်ကွက်၊ ပန်းဘဲတန်းလမ်း၊ ကလေးဝမြို့နှင့် သီတာ အမှတ်တံဆိပ် သဘာဝဇီးဖျော်ရည်စစ်စစ် လုပ်ငန်းသည် တောရကျောင်းအးနီး၊  အမှတ် ( ၂ ) ရပ်ကွက်၊ ကလေးဝမြို့ ရှိ ဇီးဖျော်ရည်လုပ်ငန်းရှင် များထံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

            အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထိုက်တန် က လုပ်ငန်း မှတ်ပုံတင်များ လျှောက်ထားနိုင်ရေးနှင့် မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည်များကို ပြောကြားရှင်းလင်းခဲ့ပြီးနောက် လုပ်ငန်းရှင်မှလည်း အသေးစားစက်မှုလုပ်ငန်းလိုင်စင်လျှောက်ထားလိုကြောင်း ပြောကြားခဲ့သည့်အတွက် လိုအပ်သည့် အချက်အလက်များနှင့် ဓါတ်ခွဲစမ်းသပ်ရန်အတွက် လိုအပ်သည့် ဇီးဖျော်ရည်ဗူးများကိုလည်း ပေးအပ်ခဲ့ပါသည်။

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု−ဦးစီးမှူး )  မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြထားသည့် အသားတင် အလေးချိန်များအတိုင်း ထည့်သွင်း ရောင်းချရန်နှင့် တားမြစ်ထားသည့် အရောင်ဆိုးဆေးများ အသုံးမပြုရန် ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကလေးဝမြို့၊ အမှတ် ( ၂ )၊ အမှတ် ( ၃ ) ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးသည် ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့တွင်                                              ၁၄.၅.၂၀၂၅  ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်  ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

   ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု−ဦးစီးမှူး ) က အမှတ် ( ၂ ) ရပ်ကွက်အတွင်း ရောင်းချနေသည့် စကားဝါဆေးဆိုင်တွင် ရောင်းချနေသည့် ဆေးနှင့် ဆေးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ဆေးများကိုရောင်းချ၍ တားမြစ်ဆေးများ၊ တရားမဝင်ဆေးများအား ရောင်းချခြင်းမပြုရန်နှင့် သက်တမ်းလွန်ဆေးများအား ရောင်းချခြင်းမပြုရန်နှင့် အမှတ် ( ၃ ) ရပ်ကွက်အတွင်းရှိ ဆန်းသစ်ကုန်မျိုးစုံတွင်ရောင်းချနေသည့် နို့နှင့် နို့ထွက်ပစ္စည်းများတွင် မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် မိမိဆိုင်အတွင်းရောင်းချနေသည့် စားသောက်ကုန်များအား မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသည့် စားသောက်ကုန်များကိုသာ ရောင်းချရန် ပြောကြားခဲ့ပြီး မိတ်ဖက်ဌာနများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့မ စည်ပင်သာယာဈေးနှင့် အုတ်တွင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်များ နှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြု ဓာတုဆေးများ ပါဝင်မှုရှိ/မရှိနှင့် ရက်လွန်/မလွန်တို့ကို လည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချလျက်ရှိသော ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ပါဝင်မှု ရှိ/ မရှိ ကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို နမူနာ ကောက်ယူခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်း မပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA (ပဲခူး)

မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ ပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိရာ တစ်ဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ရောင်းချမှုမရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ မိတ္ထီလာမြို့နယ် တာဝန်ခံ နှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုနှင့်  ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသောဆိုင်များအား  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းများဖြစ်သော သွေးပေါင်ချိန် စက်၊ ဆီးချိုသွေချိုးတိုင်းစက်၊ ကွန်ဒုံး၊ ဆီးစစ်ကိရိယာစသည့် ပစ္စည်းအမျိုးမျိုးနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါဝင်သော ဆေးဝါးများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင် ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ဆေးဝါးများကိုသာ ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

   ၁၇.၅.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်ရှိ “Special One Mobile Second Shop” ဖုန်းအရောင်းဆိုင်အား  အွန်လိုင်းမှတ်ပုံတင် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သာစည်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရေး အသိပညာပေး Talk Show ကျင်းပ

 မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်ရမည်သင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာတပ်ဆင်ရေးအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဧပြီလ ၁၁ ရက်နေ့ နေ့လည်(၁၀:၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေအရ ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ တပ်ဆင်ရန် မြန်မာ နိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က (၂/၂၀၁၉)ဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ကုန်စည် အလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရန် လိုအပ်ကြောင်း၊ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ တပ်ဆင်ခြင်းမရှိပါက  စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု၊ပြစ်ဒဏ်များရှိကြောင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ တပ်ဆင်ခြင်းမရှိပါက ထောင်ဒဏ် (၂)နှစ်နဲ့ ကျပ်သိန်း(၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံနိုင်ရကြောင်း ၊ လုပ်ငန်းရှင်များအနေနဲ့ တပ်ဆင်ရန် အခက်အခဲရှိပါက  စားသုံးသူရေးရာဦးစီးဌာနမှာ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပြီး စားသုံးသူများအ‌နေနှင့်ကုန်စည်၊ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍နစ်နာဆုံးရှုံးမှုများရှိပါ က စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)မှာစာဖြင့် ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ ၊ e-mail ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀ ) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ