အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၇..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)တွင် ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းစေခြင်း၊ အစား အသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု အား နည်းမှုမရှိစေခြင်း၊ အစားအသောက်များလတ်ဆတ်သန့်ရှင်းမှုရှိစေခြင်းနှင့် ကျန်းမာရေး ပြဿနာ များမှ စားသုံးသူများအား ကာကွယ်ရန်ရည်ရွယ်၍ မိတ်ဖက်ဌာနများ ဖြစ်သော အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ပူးပေါင်းအဖွဲ့များ သည် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင် များတွင် အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ မိမိတို့ ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို အသိပေးဖော်ပြစေရန်၊  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြ ထားရန် လိုအပ်ကြောင်း သို့မှသာ စားသုံးသူ၏ အခွင့်အရေးများ ရရှိလာမည်ဖြစ်ပြီး  စားသောက် ဆိုင်၏ ဂုဏ်သတင်းများမှာလည်း ကျော်ကြားလာမည်ဖြစ်ကြောင်း အစားအသောက်ဝန်ဆောင်မှု ကဏ္ဍအနေဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)