ဟင်းခတ်အမွေးအကြိုင် ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          မအူပင်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် (၁၃.၅.၂၀၂၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်မြို့ရှိ  မင်္ဂလာဈေး၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ လိုက်လံစစ်ဆေးရာတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် စားသောက်ကုန်အရောင်းဆိုင်များနှင့် ဟင်းချက်ရာတွင် အသုံးပြုသော ရသာမှုန့်နှင့် ဟင်းခတ်အမွေးအကြိုင် ကုန်ပစ္စည်းအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ မဖော်ပြသည့် ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ အစရှိသည့်အသေးစိတ်အချက်အ လက်များကို ဖော်ပြထားခြင်း ရှိ/ မရှိ၊ FDA ညွှန်ကြားချက်အတိုင်း လိုက်နာမှု ရှိ/ မရှိနှင့် ဟင်းခတ်အမွေးအကြိုင်နှင့် ဟင်းခတ်အချိုမှုန့်များ ထောက်ခံချက်ပါဝင်မှု ရှိ/မရှိကို လိုက်လံစစ်ဆေး ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)