HighLight News

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ဆန်လက်လီ၊ လက္ကားရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့“မြို့မဈေး”ရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဆန်လက်လီ/ လက္ကားအရောင်းဆိုင်များရှိ ဆန်အမျိုးအစားနှင့် ဈေးနှုန်းအခြေအနေတို့အားစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အားစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့် အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်ပါက မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ ဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိရာ (၁၈.၁၂.၂၀၂၅) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏အခွင့်အရေးများနှင့် အွန်လိုင်းရောင်းဝယ်မှု မှတ်ပုံတင်ခြင်းအကြောင်းတို့အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက စားသုံးသူသိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ငါးရံ့၊ ငါးဘတ်နှင့် တီလားဗီးယားငါးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါးအကြီး (၁)ပိဿာလျှင် (၁၉၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင်(၁၈၀၀၀) ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊  ငါးရံ့(၁)ပိဿာ (၂၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒီဇင်ဘာလ တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ငါးဘတ်(၁)ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်၍ငါးရံ့(၁)ပိဿာလျှင်(၂၀၀၀)ဈေးနှုန်းကျဆင်းသွားကြောင်း ဈေးကွက်အနေဖြင့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရပ်ကွက်များတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်လက်မှတ်များအား ထုတ်ပေးခဲ့သည့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးတွင် ( ၂၂.၁၁.၂၀၂၅ ) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေါ်စန္ဒာမွန် ( မြို့နယ်တာဝန်ခံ ) မှ တွေ့ဆုံ၍ လုပ်ငန်းရှင် ( ၃ ) ဦးအား အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအား သိရှိရပါသည်။

         အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အွန်းလိုင်းစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာကျင့်သုံးရမည့် အချက်အလက်များနှင့် မိမိတို့လျှောက်ထားသည့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လျှောက်ထားရာတွင် မြေပြင်အချက်အလက်များ ကွဲလွဲမှု မရှိစေရန်အတွက် အထူးဂရုစိုက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ ရွှေလွင်ပြင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

           ( ၁၇.၁၂.၂၀၂၅ ) ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ ရွှေလွင်ပြင်ကားအသင်းအား သွားရောက်၍ ဒေါ်စန္ဒာမွန် ( မြို့နယ်တာဝန်ခံ ) နှင့် ဝန်ထမ်း ( ၂ ) ဦးသည် ကွင်းဆင်းစစ်ဆေး ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ခရီးသည်ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သည့် ကားအသင်းများအနေဖြင့် စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ခြင်း၊ ဆောင်ရွက်မည်ဆိုပါက ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုနေသည့် စားသုံးသူပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ ကုန်ပစ္စည်းများ တင်ပို့ရာတွင် စိတ်ကျေနပ်မှုရှိလာမည်ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့်လည်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများမှ ကင်းဝေးလာမည်ဖြစ်ပြီး  အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုများ အပြည့်အဝရရှိလာမည်ကို ရည်မျှော်၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသည့် ကုန်မျိုးစုံအရောင်းဆိုင်များအား ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုးများအနက်မှ ကလေးရေချိုးဆပ်ပြာရည်ဗူးများပေါ်တွင် မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိနှင့် ဆပ်ပြာရည်ဗူးများပေါ်တွင် ဖော်ပြထားသည့် ထားသိုသိမ်းဆည်းပုံ နည်းလမ်းများအတိုင်း ရောင်းချခြင်းများ ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးဝမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) သည် ကလေးဝမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် စားအုန်းဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် ( ၁/၂၀၂၁ ) နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခဲ့ရာ ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိနှင့် အသားတင်အလေးချိန်များအား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) သည် ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများပြတ်လပ်မှု ရှိ/ မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိစေရန်အတွက် ဈေးကွက်အတွင်း မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ရှိ အောင်ရတနာ နှစ်ပြန်ကြော် အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန် ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ ( ၁၇.၁၂.၂၀၂၅ ) ရက်နေ့တွင် အောင်မင်္ဂလာရပ်ကွက်အတွင်းတည်ရှိသည့် အောင်ရတနာ အမှတ်တံဆိပ်ဖြင့် ရောင်းချလျက်ရှိသည့် နှစ်ပြန်ကြော်အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အောင်ရတနာ အမှတ်တံဆိပ် နှစ်ပြန်ကြော် ထုပ် ( ၁၀ ) ကျပ်သား၊ ( ၂၅ ) ကျပ်သားနှင့် ( ၁ ) ပိဿာ ထုပ်များပေါ်တွင် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိပြီး နှစ်ပြန်ကြော်ထုပ်များတွင် ဖော်ပြထားသည့် အသားတင် အလေးချိန်အားပြည့်မှီစွာ ချိန်တွယ်ရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၀ ) ပါ “ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ဟုမ္မလင်းမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်စန်းဝင်း ( မြို့နယ်တာဝန်ခံ ) သည် ဟုမ္မလင်းမြို့၊ မြို့ဈေးအတွင်း ရောင်းချလျက်ရှိသည့်ကုန်စုံဆိုင်များအား မိတ်ဖက်ဌာများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသည့် သွားတိုက်ဆေးအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် ( ၂/၂၀၁၉ )ပါ မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင် ရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် ထားသိုသိမ်းဆည်းပုံနည်းလမ်းများအတိုင်း ထားသိုရောင်းချခြင်း ရှိ/ မရှိများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News