HighLight News

Powered by Drupal

အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်၊ စည်ပင်ကွပ်ကဲမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့ပူးပေါင်း၍၊ ဝန်ဆောင်မှု ကဏ္ဍ (၃) ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား (၂၃.၁၂.၂၀၂၅ ) ရက်နေ့၊ နံနက် (၀၉း၀၀)အချိန်ခန့်တွင် အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်းရှိ မန္တလာမင်း၊ ရွှေစင်စင်္ကြာ၊ မန်းရွှေပြည်၊ ရွှေလင်းယုန် စသည့်ယာဉ်လိုင်များအား စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က ခရီးသည်ပို့ဆောင်ရေးမော် တော်ယာဉ်အသင်းမှသတ်မှတ်ထားသော စည်းကမ်းချက်များညွှန်ကြားထားသည့် အချက်(၂၂) ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အားမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်သည့် အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး၊ ခရိုင်ဦးစီးမှူးပါ(၄)ဦးတို့သည် (၂၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)မှစ၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးအတွင်းရှိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများသို့ ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီနှင့် ယာဉ်လိုင်းထိန်းသိမ်းရေးဌာနတို့မှ ပူးပေါင်းပါဝင်လျက် ဒဂုံဧရာအဝေးပြေးဝင်းအတွင်းရှိ ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုများဖြစ်သော ကံထူးအောင်+မြတ်မိခင်၊ နေလဝင်း၊ ဂျိုကာ၊ အိမ်မဲသားနှင့် ရာဇာအောင် ခရီးသည်သယ်ယူပို့ဆောင်ရေးတို့အား သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုမရှိသည့် စားသုံးသူများကို ယာဉ်လိုင်းတာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)နှင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့မှ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်မရောက်မီ ဘုရင်မဆပ်ပြာစက်ရုံသို့ ကွင်းဆင်းလေ့လာ

           (၂၃.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၄၁)၊ ဦးမြဲလမ်းနှင့် မြဝတီလမ်းထောင့်၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဘုရင်မဆပ်ပြာစက်ရုံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဘုရင်မဆပ်ပြာစက်ရုံမှ တာဝန်ခံ ဒေါ်ဝါဝါရွှေနှင့် တွေ့ဆုံကာ စက်ရုံတွင် ဘုရင်မအမည်ဖြင့် ဆပ်ပြာတစ်မျိုးထဲသာထုတ်လုပ်၍ ကျား(၁၉)ဦး၊ မ(၃၁)ဦး စုစုပေါင်း (၅၀)ဦးဖြင့် လည်ပတ်ကာ တစ်ရက်ထုတ်လုပ်မှုမှာ ဆပ်ပြာတုံး(၁၀) တုံးထုပ် (၁)ပါကင်တွင် (၂၄)ထုပ်ဖြင့် (၇)ပါကင်ထုတ်လုပ်လျက်ရှိပြီး တစ်လထုတ်လုပ်မှုတွင် ပါကင် (၂၀၀)ထုတ်လုပ်ကာ မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် လုပ်ငန်းမှာ လည်းအဆက်မပြတ်လုပ်ကိုင် လည်ပတ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Dinolay စက်ရုံတွင် ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၁၂.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၅၀) နာရီအချိန်တွင် အမှတ်(၄၂)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ စက်မှု ဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Dinolay မုန့်လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        တာဝန်ခံဖြစ်သူ ဦးကျော်ဇင်သူက Dinolay မှ ထုတ်လုပ်သောမုန့်များမှာ အုန်းယို၊ ချောကလက်၊ စတော်ဘယ်ရီ၊ အုန်းယိုပေါင်မုန့်၊ ချောကလက်ပေါင်မုန့်နှင့် စတော်ဘယ်ရီယို ပေါင်မုန့် (၆)မျိုးထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ပေါင်မုန့်တစ်လုံးလျှင် (၄၀)ဂရမ်ပါ အလုံးရေ (၂၀၀)ပါ ပါကင်(၁၀၀) မှ (၁၅၀)ထုတ်လုပ်ကာ တစ်လလျှင်ပါကင်(၃၀၀၀)မှ (၃၁၀၀)ကျော် ထုတ်လုပ်လျက်ရှိပါကြောင်း၊ မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း၊ Dinolay မုန့်လုပ်ငန်းတွင် ဝန်ထမ်းအင်အားမှာ ကျား(၂၆)ဦး၊ မ(၄၀)ဦး စုစုပေါင်း(၆၆)ဦးဖြင့် လုပ်ငန်းအဆက်မပြတ် လုပ်ကိုင်လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)`

ဘုရင်မဆပ်ပြာ စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး

              (၂၃.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀0) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၄၁)၊ ဦးမြဲလမ်းနှင့်မြဝတီလမ်းထောင့်၊ စက်မှု ဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဘုရင်မစက်ရုံသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဘုရင်မဆပ်ပြာစက်ရုံမှ တာဝန်ခံ ဒေါ်ဝါဝါရွှေပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး၊ ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပုဒ်မ(၆၇)အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်)ရောင်းချခြင်းမပြု လုပ်ရမည့်အချက်များ၊ ပုဒ်မ(၇၃)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်နိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၅)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၄:၂၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

          (၂၂.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃0)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ် (၄၂)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုန်(၄)၊ Dinolay စက်ရုံ၌ထုတ်လုပ် လျက်ရှိသော ပေါင်မုန့်အမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် Dinolay စက်ရုံမှတာဝန်ခံ ဦးကျော်ဇင်သူပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

        ဆက်လက်၍ Dinolay အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော အုန်းယို၊ ချောကလက်၊ စတော်ဘယ်ရီ၊ အုန်းယိုပေါင်မုန့်၊ ချောကလက်ပေါင်မုန့်၊ စတော်ဘယ်ရီပေါင် မုန့်တို့ဖြစ်ပြီး ကုန်စည်အားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ ဘုရင်မတံဆိပ်ဆပ်ပြာတွင် စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ(၄၃)အရ၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများသာ ထုတ်လုပ်ရောင်းချရန် ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းဖြင့် ရောင်းချနေသောလုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကို သည် (၂၃.12.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂၄၁)၊ ကျောင်းလမ်း၊ အနော်ရထာရပ်ကွက်၊ ဥက္ကံမြို့ရှိ Kyawt Kay Thwe Bkk Produtcts Retail & Whosale အွန်လိုင်းအမည်ဖြင့် လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ အွန်လိုင်းမှတ်ပုံတင်ထားရှိမှုအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးရှင်းခန့်ကိုကို၊ အကြီးတန်းစာရေးမှ ဈေးကွက်အတွင်း ရောင်းချနေသာ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ လုပ်ငန်းများ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိ၊ ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်ရှိ Zizawa Co.,Ltd ဆေးသိုလှောင်ရုံအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရေးအတွက် (၂၃.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀ )နာရီအချိန်တွင် အမှတ် (၂၆၅)၊ ဇေကမ္ဘာ(၆)လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေး ထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သောအဖွဲ့စုံများနှင့် ပူးပေါင်း၍   Zizawa Co.,Ltd ဆေးသိုလှောင်ရုံအားကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးဝါးများဈေးနှုန်းအတက်/ အကျ ဖြစ်ပေါ်မှုအခြေအနေနှင့် ဆေးဝါးပစ္စည်းလက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်ရှိ အွန်လိုင်းစနစ်အသုံးပြုရောင်းချလျက်ရှိသော လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် (၂၂.၁၂.၂၀၂၅) ရက်နေ့တွင်  သင်္ဃန်းကျွန်းမြို့နယ်ရှိ အွန်လိုင်းစနစ်အသုံးပြုရောင်းချလျက်ရှိသော လုပ်ငန်းများအား Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက် အလက်များကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်တွင် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေး Talk Show ပြုလုပ်ခြင်း  ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေး Talk Show ကို ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုအသိပညာပေး Talk Show တွင် ခရမ်းမြို့နယ်တာဝန်ခံက အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်၊ စားသုံးသူများသည် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းကြောင့် ကြုံတွေ့နေရသည့် လိမ်လည်မှုပုံစံများအကြောင်းအား ရှင်းလင်းခြင်း၊ အွန်လိုင်းမှတဆင့် ဈေးဝယ်ယူမည်ဆိုပါက စားသုံးသူများအနေဖြင့် ဈေးဝယ်ယူခြင်းမပြုမီစိစစ်သင့်သည့်အချက်များနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးရလဒ်များအား ရှင်းလင်းအသိပညာပေးခြင်းနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သောနည်းလမ်းများရှိသည့်အနက်မှ အလွယ်တကူတိုင်ကြားနိုင်သော Consumer Call Center Hotline No.1535သို့ မည်သည့်ဖုန်းနံပါတ်ဖြင့်မဆို ရုံးချိန်အတွင်းဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများက တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းတိုကို သတင်းစကားပါး၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News