HighLight News

Powered by Drupal

“အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းစိစစ်ခြင်း”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ အခြေခံစားသေကာက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီလ(၁၂) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်  မြို့မဈေးအတွင်းသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးကောက်တာဝန်ခံ ဦးသန့်ဇော်ဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်း မြို့နယ် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန်များရောင်းချသော ​ဒေါ်မာမာစိုး ကုန်စုံဆိုင်၊ ဒေါ်ရီရီသန်းကုန်စုံဆိုင်များမှ စားအုန်းဆီ (၁)ပိဿာလျှင် (၆၆၂၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်သွန်နီ ဆိုဒ်စုံတစ်ပိဿာလျှင် (၃၀၀၀မှ ၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် (၉၀၀၀မှ ၁၀၀၀၀)ကျပ်၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ မန်းကျည်းသီးတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

         ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် စားအုန်းဆီဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်းနှင့် ကြက်သွန်ဈေးနှုန်း မြင့်တက်နေကြောင်း တွေ့ရှိရပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရ၍ ရောင်းချသူများသို့ မေးမြန်းစုံစမ်းရာတွင် ကြက်သွန်နီအဟောင်းများအစား ကြက်သွန်နီအသစ်များကို လူသုံးများခြင်းနှင့် ရန်ကုန်မှ ဝယ်ယူရသည့်ဈေးနှုန်း မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ”

          ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာမူလတန်းကျောင်း (ပေါက်တောကျေးရွာ)တို့ပူးပေါင်း၍  ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် တွံတေးမြို့နယ် ပေါက်တောကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးက အခွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး‌ ဒေါ်ဖြူဖြူဝင်းက အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား ထုတ်ပြန်ပြဌာန်းခဲ့ပြီး ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ဝယ်ယူသုံးစွဲခြင်းဆိုင်ရာ သိထားရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည့်အချက်များအား ဝယ်ယူအသုံးပြုရာတွင် သိသင့်သိထိုက်သည့် အချက်များနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆိုင်ရာအချက်များအား အ‌သေးစိတ်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ဇန်နဝါရီလ တတိယအပတ်တွင် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ ကွင်းဆင်းစစ်ဆေး”

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူပြည်သူများနေ့စဉ်ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားကုန်ပစ္စည်းများနှင့် ဈေးနှုန်းပြောင်းလဲမှုအခြေအနေအား ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ အခြေခံစားကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများသည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းများ၏အခြေအနေ၊ ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်များရှိ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ရေချို၊ ရေငံ၊ ငါး၊ ပုဇွန်အရောင်းဆိုင်များ၊ ငါးပိ၊ ငါးခြောက်နှင့် ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေတို့အား ဇန်နဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ဈေးနှုန်းတို့မှာ သိသိသာသာပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၀ ကျပ်နှုန်းဖြင့် အနည်းငယ်မြင့်တက်သွားသည်ကို ဈေးနှုန်းစာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“အခြေခံပညာကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သုံးခွမြို့နယ် အမှတ် (၅) ရပ်ကွက်၊ အ.လ.က(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အ.လ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေဇာသန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် မြို့နယ်အားကစားရေးမှူးမှ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အချက်အလက်များနှင့် ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

         အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး၊ စုစုပေါင်း (၁၅၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်းအား ဆက်လက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)

ကုန်ပစ္စည်းများအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး

        (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးသိန်းကို၊ ရွှေပြည်သာစက်မှုဇုန် (၁) ကော်မတီရုံးမှ လုံခြုံရေးမှူး ဦးဝင်းလွင် တို့ပါဝင်လျက် ရွှေပြည်သာမြို့နယ်ရှိ Diesel King Co.,Ltd ဂေါ်ဇီလာ ခြင်ဆေးစက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၁၀၂)၊ ချယ်ရီလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ် သို့ ရောက်ရှိခဲ့ရာ တာဝန်ခံမှ မိမိစက်ရုံမှ ထုတ်လုပ်လျက်ရှိသော ဂေါ်ဇီလာခြင်ဆေးခွေ၊ ခြင်နှင့် ပိုးမွှားသတ်ဆေးရည်တို့အား အရည်အသွေးပြည့်မီမှုကို အဓိကအလေးထားပါကြောင်း၊ စားသုံးသူ ပြည်သူများအား အန္တရာယ်မရှိအောင်လဲ အမြဲဂရုတစိုက်ထုတ်လုပ်ပါကြောင်း၊ သတ်မှတ်ချက်များနှင့် အညီ ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း ပြုလုပ်ထားပါကြောင်း၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ထားပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ် (၁၁၆/A2)၊ ကနောင်မင်းသားကြီးလမ်း စက်မှုဇုန် (၁)၊ ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည်စက်ရုံသို့ (၁၂.၁.၂၀၂၆) ရက်နေ့ နံနက် (၁၁:၃၅) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးသိန်းကို၊ ရွှေပြည်သာစက်မှုဇုန်(၁)ကော်မတီရုံးမှ လုံခြုံရေးမှူး ဦးဝင်းလွင်တို့ပူးပေါင်းပါဝင်လျက် ရောင်းချနေသော Ve Ve၊ Rocker၊ Ion အားဖြည့်အချိုရည်အမျိုးအစား (၅)မျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း ဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း/ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်း ရှင်လိုက်နာရမည့်တာဝန်များကို ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်ရောင်းချခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးခြင်း

         (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် အမှတ် (၂၄၃) ၊ စက်မှု (၁၂) လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ မိမိတို့အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် ပစ္စည်းအမျိုးအမည်၊ ရောင်းချသည့်နေရာများမှာ အွန်လိုင်းလိုင်စင်လျှောက်ထားစဉ်ကအတိုင်း ကိုက်ညီရန်လိုအပ်ပါကြောင်း၊ အွန်လိုင်းဖြင့် မှာယူသည့်ပစ္စည်းများကိုလည်း ပစ္စည်းပို့ဆောင်သည့်အခါ ကိုက်ညီမှုရှိရန်လိုအပ်ပါကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် သက်ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနမှလည်း အွန်လိုင်းစနစ်သည် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသောကြောင့် လိုက်နာဆောင်ရွက်မှုများမရှိလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို စီးပွားရေးလုပ်ငန်းရှင် (၄) ဦးတက်ရောက်ခဲ့ပြီး (၁၃:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Ve Ve အချိုရည်စက်ရုံသို့ ကွင်းဆင်းလေ့လာ

           (၁၂.၁.၂၀၂၆) ရက်နေ့နေ့လယ် (၁၁:၂၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ် (၁၁၆/A2)၊  ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၁) ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည် လုပ်ငန်းရှင်ထံကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထိုသို့တွေ့ဆုံမေးမြန်းရာတွင် Ve Ve အချိုရည်စက်ရုံမှ ဒုစက်ရုံမှူး ဦးမျိုးသူအောင်က မိမိတို့ စက်ရုံတွင် ထုတ်လုပ်သောအမှတ်တံဆိပ်များမှာ Ve Ve၊ Rocker၊ Ion အားဖြည့်အချိုရည်အမျိုးအစား (၅)မျိုးထုတ်လုပ်လျက်ရှိကာ တစ်ရက်ထုတ်လုပ်မှုမှာ (၁)ပါကင်တွင် (၂၄) လုံးပါ သော ပါကင် (၅၀၀၀)ထုတ်လုပ်လျက်ရှိပြီး မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချကာ ဝန်ထမ်းအင်အားမှာ ကျား(၃၀၀)ဦး၊ မ(၂၀၀)ဦး စုစုပေါင်း(၅၀၀)ဦးဖြင့် လုပ်ငန်းလည်ပတ်ကာ မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများလည်း စားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ခြင်ဆေးခွေထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦး တို့သည် (၁၂.၁.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၄၅) နာရီအချိန်တွင် အမှတ် (၁၀၂)၊ ချယ်ရီလမ်း၊ ဇုန် (၁) ရွှေပြည်သာမြို့နယ်ရှိ Diesel King Co.,Ltd သို့ သွားရောက်၍ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        တာဝန်ခံဖြစ်သူ ဦးအောင်ကိုယုက Diesel King Co.,Ltd မှ ခြင်ဆေးလုပ်ငန်းတွင် ထုတ်လုပ်သော ဂေါ်ဇီလာအမှတ်တံဆိပ်ဖြင့် ဂေါ်ဇီလာခြင်ဆေးခွေ၊ ဂေါ်ဇီလာခြင်နှင့် ပိုးမွှားသတ် ဆေးရည် (၂) မျိုးထုတ်လုပ်လျက်ရှိပြီး ခြင်ဆေးခွေတစ်ရက်ထုတ်လုပ်မှုမှာ (၅) ဗူးတွဲကဒ် (၁၆) ကဒ်ပါ (၁၀၀၀)နှင့် ခြင်နှင့် ပိုးမွှားသတ်ဆေးရည် (၁) ကဒ်လျှင် (၁၂) ဗူးပါ သေတ္တာ (၁၀၀၀) တို့ ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဝန်ထမ်းအင်အားမှာ ကျား(၄၁၃)ဦး၊ မ(၁၉၈)ဦး စုစုပေါင်း(၆၁၁)ဦးဖြင့် လုပ်ငန်းအဆက်မပြတ် လုပ်ကိုင်လည်ပတ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အချိုရည်စက်ရုံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၁၁၆/A2)၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည်စက်ရုံသို့ (၁၂.၁.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် Green Circle Co.,Ltd ရှိ Ve Ve အချိုရည်စက်ရုံမှ ဒုစက်ရုံမှူး ဦးမျိုးသူအောင်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News