HighLight News

Powered by Drupal

ဒေးဒရဲမြို့နယ် Agrastarဆန်စက်သို့ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ရှိ Agrastar ဆန်စက်သို့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်လုပ်ငန်း၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ထုတ်လုပ်မှုနှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို လေ့လာမေးမြန်းခဲ့ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးမြှင့်ရရှိစေရေးနှင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ MSME လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေးဟောပြော

         ၂၀၂၆ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့၊ နံနက်( ၁၀:၀၀)နာရီအချိန်တွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၄၂) ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
       အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးများ၊ လုပ်ငန်းရှင်များ၏ တာဝန်နှင့်လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများရောင်းချရာတွင် မှန်ကန်တိကျသော အချက်အလက်များဖော်ပြပေးရန်လိုအပ်ချက်များ၊ စားသုံးသူထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
       ထို့ပြင် ဆီလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီ လုပ်ငန်းဆောင်ရွက်ကြရန်၊ စားသုံးသူများ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လုပ်ငန်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဈေးကွက်ရောက် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို  ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းအဖွဲ့များသည် ညောင်တုန်းမြို့နယ်ရှိ မုန့်အရောင်းဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား ၈.၆.၂၀၂၆ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

     အသင့်စားမုန့်များကို ညောင်တုန်းမြို့နယ် စစ်ဆေးရေးမှူး ဒေါ်ချိုမီဇင်မှ စစ်ဆေးရာ ထုတ်ကုန်များ လုံးခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်များထုတ်လုပ်ရာတွင် ထုတ်လုပ်သူ လုပ်ငန်းရှင်များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကိုလည်း ဈေးကွက်ရောက်ပြီး ကုန်စည်များကို ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များကိုရောင်းချရန် အသိပညာပေးခဲ့ပြီးဖြစ်၍ ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်များတွင်  ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉) နှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခဲ့ပြီး ဈေးကွက်ရောက် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ကိုက်ညီချက်မရှိသော ကုန်စည်များကိုရောင်းချခြင်းတွေ့ရှိပါက ဥပဒေအရ အရေးယူသိမ်းဆည်းသွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုမှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်တွင်း စားသုံးသူပြည်သူများ  ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးနှင့် ဈေးကွက်‌ရောက် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှုမရှိစေရေးကို  ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ၈.၆.၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင်၊ မြို့နဘ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ရဲတပ်ဖွဲ့ နှင့်အတူ ပန်းတနော်မြို့နယ် မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်ခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်   ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် အစားအသောက်ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ထုတ်ပြန်ချက် ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးခြင်း၊ ကုန်စည်များတွင် သက်ဆိုင်ရာခွင့်ပြုချက် ထောက်ခံချက်ပါရှိမှု ရှိမရှိစစ်ဆေးခြင်း၊ ဈေးကွက်အတွင်း စားသောက်ကုန်ပြတ်လပ်မှု ရှိ/မရှိစစ်ဆေးခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ရှိမရှိစစ်ဆေးခြင်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင်းလည်း သတ်မှတ်စည်ကမ်းနှင့်အညီရောင်းချမှု ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ကျော်သက်က ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၂၃)ပါ တားမြစ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အခြေခံပညာအထက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

       (၅.6.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် အ.ထ.က(၁)ရွှေကူ အခြေခံပညာအထက်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ စုစုပေါင်း(200)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

            အသိပညာပေးဟောပြောရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံဦးဝင်းမိုင်းစိုး(ဦးစီးအရာရှိ) မှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူအဓိပ္ပာယ်ဖြစ်သည့် ကုန်သွယ်မှု သို့မဟုတ် အသက်မွေးဝမ်းကျောင်းအတွက်မဟုတ်ဘဲ မိမိကိုယ်တိုင်သုံးစွဲရန်အတွက် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသူများကို စားသုံးသူဟုခေါ်ကြောင်း၊ ဘေးဥပဒ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်တတ်စေရန် နှင့် အန္တရာယ်ရှိသော စားသောက်ကုန်များရှောင်ကြဉ်ရန်၍ ဝယ်ယူအသုံးပြုတက်စေရန်၊  စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်သည့် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) သို့ ရုံးချိန်အတွင်းဆက် သွယ်တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

        ဟောပြောရာတွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်တို့နှင့် အတူ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူးသည် (၅.၅.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စားအုန်းဆီ လက်လီကိုယ်စားလှယ် (၂၅)ဦးနှင့် တွေ့ဆုံ၍ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များ ဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုနှင့် ဆီရောင်းချမှုတို့အား သတ်မှတ်ချက်နှင့် အညီ ရောင်းချနိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

      အသိပညာပေးဆွေးနွေးရာတွင် မအူပင်ခရိုင် စားအုန်းဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသောဆီများအား မအူပင်မြို့ရှိ  ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချမှု အဆင့်ဆင့်ကို စနစ်တကျလုပ်ဆောင်ရန်၊ ဆီဆိုင်အချင်းချင်းအငြင်းပွားမှုမဖြစ်ပေါ်စေရန် လစဉ် စားအုန်းဆီဖြန့်ဖြူး ရောင်းချသူများတွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းအစည်းအဝေးများတွေ့ဆုံဆွေးနွေးကြရန်၊ မြို့နယ်အတွင်း စားအုန်းဆီရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊  ရောင်းချပြီးသော စားအုန်းဆီလက်ခံ စာအုပ်များရေးသွင်းထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထား ခြင်းများမပြုရန်၊ ပြင်ပဆီဈေးနှုန်းများကို ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ တရားမဝင်သယ်ဆောင်ရောင်းချခြင်းမရှိစေရန် မအူပင်ခရိုင်အနေဖြင့် သတ်မှတ်စည်းကမ်းများလိုက်နာ ဆောင်ရွက်ကြရန်တို့ကိုလည်းကောင်း၊ စားအုန်းဆီထုတ်ယူခွင့် စာအုပ်များလဲလှယ်၊ ပျောက်ဆုံးပါက ထောက်ခံချက်ပေး၍ အသစ်လဲလှယ်ခွင့်များပြုလုပ်ရန်၊ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး မြေပြင်လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာဌာနများမှ အပတ်စဉ် ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်သောက်ကော်ဖီနှင့် မုန့်မျိုးစုံတို့အား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ (စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ပူးပေါင်းအဖွဲ့များသည် ဈေးကွက်အတွင်းရှိ အသင့်သောက်ကော်ဖီနှင့် မုန့်မျိုးစုံတို့ကို ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု၊ သက်တမ်းလွန်မှုနှင့် စားသုံးရန်မသင့်သော အစားအစာများ ရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်၊၊

       မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးမှူး ဒေါ်ချိုမီဇင်မှ ၅.၆.၂၀၂၆ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်နှင့် မီနီမက်များသို့ ကွင်းဆင်း၍ ရောင်းချနေသော အသင့်ဖော်ကော်ဖီနှင့် မုန့်မျိုးစုံတို့တွင်  မြန်မာဘာသာဖြင့် ဖော်ပြရမည့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်သူ၏ အမည်နှင့်လိပ်စာများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးရန် သက်တမ်းလွန်သွားသော ကော်ဖီထုပ်နှင့် မုန့်များကို ဈေးကွက်အတွင်း ရောနှောရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ၊ တားမြစ်ထားသော ပါဝင်ပစ္စည်းများပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် အသိပညာပေးခြင်း၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စား အစားအစာများရောင်းချမှု ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ရမည့် အချက်အလက်များနှင့် ကိုက်ညီသောမုန့်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရန်အချက်များအကြောင်းတို့ကို ဆိုင်ရှင်များအား ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်အတွင်း အသိပညာပေးဟောပြောပွဲနှင့် တွဲလျက် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း လုပ်ငန်းများကို လျာထားချက်ပြည့်မီစွာ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။ (၄.၆.၂၀၂၆)ရက်နေ့နှင့် (၅.၆.၂၀၂၆) ရက်နေ့တွင် ဓနုဖြူမြို့နယ် ရွှေကူ (အ.ထ.က-၁) (အ.ထ.က-၂) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးက (အ.ထ.က-၂) ရွှေကူ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးရာ မုန့်ဆိုင်တွင် ရောင်းချသောမုန့်များအား ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှုရှိမရှိနှင့် မိုးတွင်းကာလဖြစ်၍ ဝမ်းပျက်ဝမ်းလျောစေမည့် အစားအစာများကိုမရောင်းချရန်၊ ယဉ်မနားစေရေး သတိပြုရောင်းချရန်နှင့် မုန့်ဈေးတန်းပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုလုပ်ဆောင်ရန်တို့ကို ကျောင်းမုန့်ဆိုင်(၁၃)ဆိုင်အား နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် စစ်ဆေးခဲ့ပြီး (၅.၆.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်(အ.ထ.က-၁)ရွှေကူကျောင်းမုန့်ဈေး တန်းဆိုင်(၁၁) ဆိုင်အားစစ်ဆေးရာ မုန့်ဆိုင်တွင် ရောင်းချသောမုန့်များအား ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှုရှိမရှိနှင့် ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA ခွင့်ပြုချက် ရှိ/မရှိ၊ ရက်လွန်မုန့် များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျထားသို ရောင်းချခြင်းရှိ/ မရှိ၊မုန့်များကို ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်း၊ တားမြစ်ကုန်စည်များရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များရောင်းချမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ ဆိပ်ကမ်းသာဈေးရှိ လက်လီလက္ကားစားသုံးဆီဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်  မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ (..၂၀၂)ရက်နေ့ နံနက်(၁၀;၀၀)နာရီက ဆိပ်ကမ်းသာဈေးရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်း မြို့နယ်တာဝန်ခံမှ ဆိပ်ကမ်းသာဈေးရှိ လက်လီလက္ကားရောင်းချသော ကုန်မျိုးစုံဆိုင်များရှိ Goody, Meizan  အမှတ်တံဆိပ်ပါစားသုံးဆီဘူးများအား ကုန်အညွှန်းအမှတ််အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးဆီရောင်းချသော ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီဘူးများအား ရောင်းချခြင်းမပြုရန် အထက်ဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား  လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွန်းဖော်ပြချက်ပြည့်စုံမှု ရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား    စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (..၂၀၂)ရက်နေ့ နံနက်(၁:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီကိုယ်စားလှယ် ဦးအေးဝင်း၏ ခြံဝင်းအတွင်း၌ စက်မှုလုပ်ငန်းသုံး ဆီခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

            ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့်စားအုန်းဆီ ထုတ်ယူရရှိရေးပေါင်းစပ်ညှိနိုင်းရေးအဖွဲ့မှ ခွဲဝေပေးသော စားအုန်းဆီများအား လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ် လုပ်ငန်းတွင် အသုံးပြုကြရန်နှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများမပြုလုပ်ကြရန် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း အချိန်မှီငွေပေးသွင်းမှု ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News