HighLight News

Powered by Drupal

သာယာဝတီမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌   ၂၀၂၆ ခုနှစ် မတ်လ၁၆ ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်းများ ခရိုင်စုံစမ်းစစ်ဆေးရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းရှိ      ကုန်စုံဆိုင်များနှင့် မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/ မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်း သောသတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ၂၀၂၆ခုနှစ် မတ်လ ၁၆ရက် နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်းများ၊ လက်ပံတန်းမြို့နယ်တာဝန်ခံဦးကျော်မျိုးထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်းရှိ    ကုန်စုံဆိုင်များနှင့် မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသောသတင်း အချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက် ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၇.၃.၂၀၂၆ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့မဈေး ဝေယံမိုးကုန်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/ မရှိ မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးနှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျ မှန်ကန်ရှင်းလင်းသော သတင်းအချက် များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ အားကစားခန်းမ၌ အားကစားသင်တန်းသူ/ သင်တန်းသား(၅၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းသတ်မှတ်ထားသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား (၈)ချက်အကြောင်း၊ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းဆွေး နွေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားရန်နည်းလမ်းများ Call Center “1535” သို့လည်း အလွယ်တကူတိုင်ကြားနိုင်ကြောင်း ဆွေးနွေးဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှ ဒေါ်နီလာမြင့်က တိုင်းရင်းဆေးများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ လူကုန်ကူးမှုအကြောင်း မူးယစ်ဆေးဝါးအကြောင်း ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့နယ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကြာနီကန်ရပ်ကွက်ရှိ တိုင်းရင်းဆေးအမျိုးမျိုး ရောင်းချနေသော ဆေးဆိုင်များသို့ သွားရောက်၍ တိုင်းရင်းဆေးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          တိုင်းရင်းဆေးများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော တိုင်းရင်းဆေးများသာရောင်းချရန် တိုင်းရင်းဆေးဌာနမှ ထောက်ခံချက် မှတ်ပုံတင်နံပါတ်ပါရှိမှသာရောင်းချရန် တိုင်းရင်းဆေးဌာနမှ သုံးစွဲရန်မသင့်သော တားမြစ်ဆေးဝါးများ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် ဝယ်ယူသုံးစွဲသူ စားသုံးသူမှ နစ်နာမှုဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် တိုင်ကြားလို့ရကြောင်း စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၆ ခုနှစ်၊ မတ်(၁)ရက်မှ (၁၃)ရက်အတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံး စွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ၂၀၂၆ခုနှစ်၊ မတ်(၁)ရက်မှ(၁၃)ရက်အတွင်း၌ ပြည်ခရိုင်ရှိ ပြည်မြို့နယ်တွင် ရွှေဘုန်းပွင့် ဘုရားလမ်း၊ ကျောင်းအိုးတန်းရပ်ကွက်ရှိ ဒေါ်ရီရီမြင့်ပိုင်ဆိုင်သော “နေလ"စိုက်ပျိုးရေးဆေးဆိုင်သို့လည်းကောင်း၊ စက်မှုဇုန်(၁)၊ နဝေးဒေးရပ်ကွက်ရှိ ဦးတင်မောင်လွင် ပိုင်ဆိုင်သော “GMG” သောက်ရေသန့် လုပ်ငန်းသို့လည်းကောင်း၊ နဝေးဒေးစက်မှုဇုန်၊ ဘုရင့်နောင် လမ်းမကြီးရှိ ဦးကျော်သီဟ ပိုင်ဆိုင်သော “ရွှေကျေး” ငရုတ်သီးမှုန့် လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ် တွင်ကြာနီကန်ရပ်ကွက်၊ ကင်ပွန်းခြုံလမ်းရှိ ဒေါ်ခင်ဝင်းမာ ပိုင်ဆိုင်သော “လင်းရောင်ခြည်”ယိုစုံ လုပ်ငန်းသို့လည်းကောင်း၊ စံပြရပ်ကွက်၊ ယုဇနလမ်းရှိ ဦးမျိုးမင်းနိုင် ပိုင်ဆိုင်သော “ကံကော်အောင်” ရှောက်တောင့်လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းဈေးအတွင်းရှိ ဒေါ်နုနုဝေ ပိုင်ဆိုင်သော ဆန်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဒေါ်နီမာအောင် ပိုင်ဆိုင်သော ဆန်ရောင်းဝယ်ရေး လုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာ အုပ်စုရှိ ဦးအောင်နိုင်ဦးပိုင်ဆိုင်သော “ဒေါ်လာ” မြွေနဂါးကြံမွလုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေစားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော   ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၆ ခုနှစ်၊ မတ်လ(၁)ရက်မှ(၁၃)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show ပွဲပြုလုပ်ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင်းရှိ ပေါက်ခေါင်းမြို့နယ်တာဝန်ခံရုံးတွင် ရပ်ကွက်နေ ပြည်သူများကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၆ခုနှစ်၊ မတ်လ (၁)ရက်မှ (၁၅)ရက်အတွင်း ပြည်ခရိုင်ရှိ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

          စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ  ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ(၁)ရက်မှ (၁၅)ရက်အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် နဝင်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်ဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်ရှိ တိုင်းရင်းဆေးအမျိုးမျိုး ရောင်းချနေသည့်ဆိုင်များသို့လည်းကောင်း၊ တည်ကုန်းတောင်ပိုင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ဘူးသွပ်ဆီအမျိုးမျိုး ရောင်းချနေသည့် ဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် ဈေးအတွင်းရှိ ဘူးသွပ်စားသုံးဆီအမျိုးမျိုး ရောင်းချနေသည့်ဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ တိုင်းရင်းဆေးအမျိုးမျိုး ရောင်းချနေသည့်ဆိုင်များသို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော ကုမ္ပဏီအားမြေပြင်ကွင်းဆင်းစစ်ဆေး

           မြန်မာနိုင်ငံသည် ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်ပသို့တင်ပို့သည့်အပြင် ပြည်တွင်း၌လိုအပ်သော ကုန်ပစ္စည်းများအား တင်သွင်းလျက်ရှိပြီး ကုန်ပစ္စည်းများအား တင်ပို့ခြင်း၊ တင်သွင်းခြင်းများဆောင်ရွက်ရန်အတွက် ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများပေါ်ပေါက်လာပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်/ သွင်းကုန် လိုင်စင်များထုတ်ပေးခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ်လျှောက်ထားလာသော ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လျှောက်ထားသည့်ကုမ္ပဏီများအား စိစစ်မည့်ပုံစံတွင် ပါရှိသည့်အချက်အလက်များအတိုင်း မှန်ကန်မှုရှိ/ မရှိ စစ်ဆေးလျက်ရှိပါသည်။

           (၁၀.၃.၂၀၂၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်၍ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ၊ ဦးနေစိုးထက်၊ ဒု-ဦးစီးမှူးတို့သည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော MYAT PANN THA ZIN CO.,LTD သို့ သွားရောက်၍ ဒါရိုက်တာအဖွဲ့ဝင်များနေထိုင်သည့် အဆောက်အဦအမျိုးအစား၊ ဒါရိုက်တာ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုအခြေအနေ၊ ဒါရိုက်တာများ ယခင်ကုမ္ပဏီတည်ထောင်ခဲ့ခြင်းရှိ/မရှိ၊ လျှောက်ထားသည့်လုပ်ငန်းနှင့် မြေပြင်တွင်ဆောင်ရွက်သည့်လုပ်ငန်းအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု ပမာဏနှင့် ပတ်ဝန်းကျင်အနေအထားတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုမ္ပဏီအားဒါရိုက်တာ အဖွဲ့ဝင် (၇)ဦးဖြင့် လည်ပတ်လျက်ရှိပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကလေးအသုံးအ‌ဆောင် ပစ္စည်းအမျိုးမျိုးနှင့် အဟာရမှုန့် ကုန်စည်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများ၊ အဟာရမှုန့်အမျိုးမျိုးအား အရည်အသွေးပြည့်ဝမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ခုနှစ်မတ်လ ၁၆ ရက်နေ့ နံနက် (၁၀း၃၀) နာရီခွဲအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသော ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများတွင် ကျန်းမာရေထောက်ခံချက်ပါရှိမှု ရှိ/ မရှိ၊ အရည်အသွေး ပြည့်ဝမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အစားဖော်ပြချက် ကိုက်ညီမှုရှိ/မရှိ အရည်အသွေး စံသတ်မှတ်ချက်များ ပြည်မှီမှု ရှိ/မရှိကို ကို ကွင်းဆင်းစစ်ဆေး၍ ရောင်းချသောလုပ်ငန်းရှင်များကို လိုအပ်ချက်များအား လမ်းညွှန်မှာကြားခြင်း၊ ကလေးအဟာရ ဖြည့်စွပ်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်သော www.doca.gov.mm တွင် ကလေးအသုံးအဆောင်ကစားစရာအရုပ်များနှင့် စပ်လျဉ်း၍ ကုန်စည်သတိပေးချက်များ၊  ပြန်လည်သိမ်းဆည်သည့် တားမြစ်ကုန်စည်များအကြောင်းကို ဖော်ပြထားပြီး ဝင်ရောက်လေ့လာကြည်ရှုနိုင်ကြောင်းကို ဆိုင်ရှင်များသိရှိနိုင်ရန် အသိပညာပေး လမ်းညွှန်မှာကြား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News