HighLight News

Powered by Drupal

အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားလာသည့် Thiri Thitsar Orchid Garden (သီရိသစ္စာ သစ်ခွခြံ)အခြားသုံးပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်း၍ မြေပြင်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အွန်လိုင်းမှတ်ပုံတင်သက်တမ်း လျှောက်ထားစဉ်က တင်ပြထားသည့် အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ DOCA Mobile Application ဖြင့်စစ်ဆေးခဲ့ရာ မြေပြင်စစ်ဆေးမှုကိုက်ညီကြောင်း တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေး ဥပ‌ဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်းဆိုင်ရာ အချက်အလက်များ၊ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၆၀ ကြိုတင်၍ သက်တမ်းတိုးလျှောက်ထားရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ဇွန်လ ၄ ရက် နံနက်ပိုင်းက မြို့ပေါ်ရှိ ကိတ်နှင့် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

      တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ် ရောင်းချနေသော မုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဒေသတွင်းထုတ်ကုန်များ အရည်အသွေးပြည့်မီစေရန်အတွက် အောက်ပါအချက်များကို အဓိကထား ဆွေးနွေးခဲ့ကြသည် -

  • ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ကိစ္စရပ်များ: ထုတ်လုပ်သည့် မုန့်ထုပ်ပိုးမှုများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် သတ်မှတ်ချက်အတိုင်း ပြည့်စုံစွာဖော်ပြရန်။
  • ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်လုပ်မှု: မုန့်များထုတ်လုပ်ရာတွင် ခွင့်မပြုဆိုးဆေးများနှင့် သက်တမ်းလွန်ကုန်ကြမ်းများ အသုံးမပြုရန်။
  • သန့်ရှင်းသပ်ရပ်မှု: ထုတ်လုပ်သည့် လုပ်ငန်းခွင်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စနစ်တကျ သိုလှောင်သိမ်းဆည်းရေး။
  • သက်တမ်းကုန်ဆုံးရက် ဖော်ပြချက်: စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်စေရန် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် (Expiry Date) ကို စနစ်တကျ ရိုက်နှိပ်ရောင်းချရန်။

      "ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ ကုန်စည်တွေ ထုတ်လုပ်ရောင်းချတဲ့နေရာမှာ အမြတ်အစွန်းတစ်ခုတည်းကိုပဲ မကြည့်ဘဲ စားသုံးသူမိဘပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုကို ပထမဦးစားပေးအနေနဲ့ အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်" ဟု မြို့နယ်တာဝန်ခံက ပြောကြားခဲ့သည်။

      ယင်းနောက် တက်ရောက်လာကြသည့် ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းအလိုက် လက်ရှိလည်ပတ်နေမှု အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်တာဝန်ခံက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးဝမြို့နယ်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့ပေါ်ရှိ  အိမ်သုံးလျှပ်စစ်ပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး မြို့နယ်တာဝန်ခံမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍  ပြည်သူများအသုံးပြုသည့် အိမ်သုံးလျှပ်စစ် ပစ္စည်းများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း သိရှိရသည်။

       ကလေးဝမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်အား စစ်ဆေးရာတွင် လျှပ်စစ်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စားသုံးသူများအား ထိခိုက်နစ်နာစေနိုင်သော၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်မကိုက်ညီသော ပစ္စည်းများ ဈေးကွက်အတွင်းမှ ပပျောက်စေရန်နှင့် အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာရောင်းချရန်နှင့် ဆိုင်ပိုင်ရှင်များအနေဖြင့် သိသင့်သိထိုက်သော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရန်ကင်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (.၆.၂၀၂)ရက်နေ့၊ နေ့လယ်(၁:၀)နာရီအချိန်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ပူးပေါင်းပြီး ရန်ကင်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။         

       အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့်လက်လီ/ လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည် သူများလက်ဝယ်သို့အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးနိုင်ရေး၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် MyRO မှတ်ပုံတင်ခြင်းဆိုင်ရာများအသိပညာပေး ဆောင်ရွက်လျက်ရှိ

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် (.၆.၂၀၂)ရက်နေ့၊ နံနက်(၁:၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ပူးပေါင်းပြီး ရန်ကင်းမြို့နယ်ရှိ ဆန်လက်လီ/လက်ကား ရောင်းဝယ်ရေးအရောင်းဆိုင်များသို့ ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများ အလိုက်ရောင်းချနိုင်စေရေး၊ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအားလစဉ်ထုတ်ပြန်ပေးလျက်ရှိ ကြောင်း၊ ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင်ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online) တွင်မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့၍ MyRO မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စည်မျဉ်းစည်းကမ်းများ၊ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ City Mart Supermarket ဆိုင်အတွင်းရှိ ရောင်းချနေသောဆေးဆိုင်အား မေလ(၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့သည် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြထားရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးများ  ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ၎င်းဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ဆိုင်တာဝန်ခံနှင့် အရောင်းစာရေးများအား အသိပညာပေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ Aeon Orange Supermarket ဆိုင်အတွင်း ရောင်းချနေသော  အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား မေလ(၂၆)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ Aeon Orange Supermarket မှ ဆိုင်မန်နေဂျာနှင့် တွေ့ဆုံ၍ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက် တို့ပါဝင်သော အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့သာ ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော အခြားအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့သာ ရောင်းချခြင်းမပြုလုပ်ကြရန် ဆိုင်မန်နေဂျာအား မှာကြားခဲ့ပြီး Aeon Orange Supermarket ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ အသင့်စားသောက်ကုန်များဖြစ်သော အချိုရည်နှင့် အသင့်စားမုန့် ရောင်းချနေသော City Mart Supermarket ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ City Mart Supermarket ဆိုင်အတွင်း ရောင်းချနေသော  အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ အခြေအနေအား မေလ(၂၆)ရက်နေ့၊ နံနက်(၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ City Mart Supermarket မှ ဆိုင် မန်နေဂျာနှင့်တွေ့ဆုံ၍ အသင့်စားသောက်ကုန်များဖြစ်သည့် အချိုရည်နှင့်အသင့်စားမုန့်များတွင် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့သည် မြန်မာဘာသာဖြင့် ဖော်ပြထားရမည်ဖြစ်ကြောင်း၊ အဓိကကျသော အခြားစားသောက်ကုန်များသည်လည်း ကုန် အညွှန်းအမှတ်အသားမပြည့်စုံပါက ဖြန့်ဖြူးရောင်းချမှုများ မပြုလုပ်ကြရန်၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်မန်နေဂျာအား မှာကြားခဲ့ပြီး City Mart Supermarket ဆိုင်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

             (၂၆.၅.၂၀၂)ရက်နေ့၊ နံနက်(၁:၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ပူးပေါင်းပြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။        

          အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံအပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံဆိပ်ကမ်းမြို့နယ်၊  ဆန်လက်လီ/လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          (၂၆.၅.၂၀၂)ရက်နေ့၊ နံနက်(၁:၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆန်လက်လီ/လက်ကားရောင်းဝယ်ရေးအရောင်းဆိုင်များသို့ ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများ အလိုက်ရောင်းချနိုင်စေရေး၊ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင်ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online) တွင်မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့၍ MyRO မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စည်မျဉ်းစည်းကမ်းများ၊ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News