HighLight News

Powered by Drupal

ဓနုဖြူမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးရာသီ ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာ တောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲအခမ်းအနား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်ဦးစီးမှူး တက်ရောက်

            ၁၁.၁.၂၀၂၅ ရက်  နံနက် (၀၉း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးရာသီ ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာ တောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲ ကို ဓနုဖြူမြို့နယ် ကဥ္စနကျွန်းသာကုမ္မဏီ အစည်းအဝေးခနိးမတွင်း ကျင်းပပြုလုပ်ခဲ့ရာ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ခရိုင်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့၊ အခြားဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းနှင့် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

            အခမ်းအနားတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှားစကားပြောကြားပြီး၊ ဆက်လက်၍  တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆန်စပါးထုတ်လုပ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်က စိုက်ပျိုးရေဆိုင်ရာကိစ္စရပ်များအကြောင်း ကိုဆွေးနွေးခဲ့ကြသည်။

            ဆက်လက်၍ တာဝန်ရှိသူများက တောင်သူများကို သွင်းအားစု ဓါတ်မြေဩဇာများပေးအပ်ခဲ့ပြီး၊ ဓနုဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့်ဦ ရေကြည်ကျေးရွာအုပ်စုတွင် စိုက်ပျိုးနေသော ဆီထွက်သီးနှံ နေကြာစိုက်ခင်းကို လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ခနောင်ကျေးရွာ အခြေခံမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

            ခနောင်ကျေးရွာ အခြေခံမူလတန်းကျောင်းတွင်  ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၀)ရက် နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျောင်းသား/ ကျောင်းသူ (၇၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောကျင်းပခဲ့ကြောင်းသိရသည်။

           အဆိုပါဟောပြောပွဲတွင် စားသုံသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံ  ဦးမိုးမင်းသန်းသည် စားသုံးသူကာကွယ်ရေး၏အဓိပ္ပာယ် မျှော်မှန်းချက်၊ ရည်မှန်းချက်အား ပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၉) ပုဒ်မ(၁၉) ပါ အကြောင်းအရာများအရ စားသုံးသူများလိုက်နာရမည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွန်းအမှတ်အသားဆိုင်ရာနှင့် အစားအသောက်များအား ရွေးချယ်စားသောက်ရမည့် သိကောင်းစရာများအား ပြောကြားခြင်းနှင့် ကုန်စည်/ ဝန်ဆောင်မှု များ ဝယ်ယူသုံးစွဲရာတွင် နစ်နာမှုများရှိပါက “၁၅၃၅” သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

အောင်ကျော်ဈာန်ဆန်စက်ရှိလုပ်သားပြည်သူများစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန် ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၉)ရက်မေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင်ဒေးဒရဲမြို့ ထောင်မှူးချောင်ကျေးရွာရှိ အောင်ကျော်ဈျာန်ဆန်စက်တွင် လုပ်သားပြည်သူ(၂၅)ဦးတို့စားသုံသူကာ ကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ နှင့်ပတ်သက်၍စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်ကုန်တင်ကားကြီးလုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံဆွေးနွေး

            ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းတွင်( ၇-၁-၂၀၂၅ )ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ဦးဆောင်၍ မြို့နယ်တာဝန်ခံများနှင့် ခရိုင်ကုန်တင်ကားကြီး လုပ်ငန်းရှင်အသင်းတို့တွေ့ဆုံ၍ ကုန်တင်လွှာစနစ််ဖြင့်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြသည်။

           အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက ကုန်တင်ကားကြီးများအနေဖြင့် မိမိတို့ ကားပေါ်တင်ဆောင်လာသည့် ကုန်စည်များသည် တရားဝင်ကုန်စည်များဖြစ်ဖို့လိုကြောင်းနှင့် သက်ဆိုင်ရာခွင့်ပြုချက်အထောက်အထားများပြည့်ပြည့်စုံစုံယူဆောင်ကြရန်မှာကြားပါသည်။

          ဖျာပုံမြို့နယ်တာဝန်ခံဦးမင်းဇော်က ကုန်စည်များသယ်ဆောင်သည့် ကုန်တင်ကာများအနေဖြင့် ကုန်တင်လွှာရယူပြီးမှ သာထွက်ခွာရန်နှင့်ဒေသကုန်ကားများအခက်အခဲရှိပါက အသင်းအနေဖြင့်ကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် အညီလုပ်ဆောင်သွားကြရမည်ဖြစ်သည်။ ကုန်ပို့လွှာတွင်သယ်ယူသည့်ရက်စွဲ၊ မည်သည့်နေရာကသယ်ယူပြီးမည်သည့်နေရာသို့ပို့မည်စသည့် အချက် အလက်များပြည့်ပြည့်စုံစုံထည့်သွင်းရမည်ဖြစ်သည်၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း၏ စီးဝင်စီးထွက်စာရင်း ဌာနကိုပေးရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ တက်ရောက်လာသူများမှ တင်ပြဆွေးနွေး မှုအပေါ်တာဝန်ရှိသူများမှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

            ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ဖျာပုံခရိုင် ကုန်တင်ကားကြီး လုပ်ငန်းရှင်အသင်းမှတာဝန်ရှိသူ(၉)ဦး တက်ရောက်ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ်းနားရေလဲ အ.မ.က ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

 

            စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၉.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ညောင်တုန်းမြို့နယ် ရေလဲကမ်းနားလမ်း အ.မ.က ကျောင်းသို့သွားရောက်၍ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊  မျှော်မှန်းချက်၊ ရည်ရွယ်ချက်တို့ကိုရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ကြည်ရှုပြီး ဝယ်ယူအသုံးပြုနိုင်ရန် ရှင်းလင်းခြင်း၊   စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုပုံစံများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသိပညာများကို သိရှိနိုင်ရန် ဥပမာပေး ကုန်စည်ထုတ်ကုန်များနှင့် ကျောင်းသား/ ကျောင်းသူများအာ ရွေးချယ်ပြသစေပြီး ဆုပေးစနစ်ပြုလုပ်ကာ အသိပညာပေးဟော ပြောခဲ့ကြောင်းသိရသည်။

            အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူ(၁၀၀)ဦး ဆရာ/ ဆရာမ(၆) ဦးစုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

နေကြာစိုက်ပျိုးသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          (၉.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူ မြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်တာဝန်ခံနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် လက်ဆွဲချောင်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝန်းတွင်  ဓနုဖြူမြို့နယ်နေကြာစိုက်ပျိုးသူ လုပ်ငန်းရှင်(၁၅)ဦး နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် နေကြာစိုက်ပျိုးသီးနှံ အထွက်တိုးရေး အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

          ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းစဉ်ကိစ္စရပ် ကိုရှင်းလင်း ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ ကိုရှင်းလင်းခြင်း၊ စားသုံးသူအခွင့်အရေး နစ်နာမှုရှိပါက တိုင်ကြားရန် လွယ်ကူသည့် Call Center1535ကို အလွယ်တကူဆက်သွယ်၍ စုံစမ်းမေးမြန်း တိုင်ကြားနိုင်သည့်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

          ဆက်လက်၍ နေကြာစိုက်ပျိုးမည့်တောင်သူများကို ဒေသတွင်း စားသုံးဆီဖူလုံဖို့ နေကြာပင်စိုက်ပျိုးပြီး အထွက်နှုန်းကောင်းစေရန်အတွက် စီမံဆောင်ရွက်သင့်သည်များကို စိုက်ပျိုးတောင်သူများမှ လိုက်နာဆောင်ရွက်နိုင်စေရန်၊  မြို့နယ်တွင်း နေကြာစိုက်ပျိုးပြီး နေကြာထွက်ရှိမှုမှ ဆီကြိတ်ခွဲ၍ နေကြာဆီစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့် အတွက် စိုက်ပျိုးသင့်ကြောင်း ပြည်ပမှစားသုံးဆီဝယ်ယူမှုကိုလျော့ချနိုင်ပြီး ဒေသတွင်း စားသုံးဆီသီးနှံများစိုက်ပျိုးမှသာ ဆီဖူလုံမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍမှ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကို အရှိန်အဟုန်နှင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ လမ်းညွှန်ချက်များချမှတ်ပြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး နေကြာသီးနှံသည် အခြားဆီထွက်သီးနှံများနှင့် နှိုင်းယှဉ်ကြည့်ပါက စိုက်ပျိုးရလွယ်ကူပြီး စိုက်ပျိုးသည့် ကုန်ကျစရိတ် သက်သာသည့်အပြင် တစ်ယူနစ် ဧရိယာမှထွက်ရှိသည့် ဆီထွက်နှုန်းပိုမိုရရှိမှု သေချာသည့် သီးနှံဖြစ်ကြောင်းကို နေကြာစိုက်တောင်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA( ဧရာဝတီ )

ညောင်တုန်းမြို့နယ်ရှိ GoodBrother ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

          (၉.၁၂.၂၀၂၄) ရက်နေ့  နံနက်(၁၁:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆားမလောက်ကျေးရွာ Goodbrother ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကုမ္မဏီမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ Goodbrother ဆန်စက်တွင် စပါးဝယ်ယူထားရှိမှုနှင့် လက်ရှိစပါးတင်း ၅၀၀၀ သိုလှောင်ထားရှိကြောင်း၊  စပါးကြိတ်ခွဲပြီး ဆန်သိုလှောင်ထားရှိမှု အိတ်ရေ ၂၀၀၀၀ အိတ် ကိုကြည်ရှုစစ်ဆေးပြီး ပြည်ပတင်ပို့နိုင်ရေး အခန်းကဏ္ဍ ကိစ္စရပ်များ အကြောင်း ဆွေးနွေးခြင်း၊ လယ်ယာသုံး စက်ပစ္စည်း အမျိုးမျိုးရောင်းချနေမှုများကို ကြည်ရှုလေ့လာကာ ကုမ္ပဏီမှ  အမှတ်တံဆိပ်ပါ ဆန်ထုတ်ကုန်အတွက် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါရှိရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဒေသတွင်း စက်မှုလယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးသီးနှံများအား အချိန်မီရိတ်သိမ်းခြွေလှေ့ ဆောင်ရွက်နိုင်ရန်အတွက် လက်ငင်းစနစ်၊ အရစ်ကျစနစ်ဝယ်ယူဖြန့်ဖြူးရောင်းချပေးရခြင်း၊ လယ်ယာ လုပ်သားရှာပါးမှု ကုစာနိုင်ရေး  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း၊ လယ်ယာစိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်သကဲ့သို့ နိုင်ငံ၏ (၆၀)ရာခိုင်နှုန်းသော GDP သည် လယ်ယာစိုက်ပျိုးရေးတွင် မှီခိုနေကြောင်း စသည်တို့ကို ညောင်တုန်းမြို့နယ်ဦးစီးမှူးက ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီဖြန့်ဖြူရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် စားသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့သည်  မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ (၉.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က စားသုံးဆီခွဲဝေဖြန့်ဖြူးမှုလုပ်ငန်းနှင့် စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

            တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူးက မအူပင်မြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ရရှိသော ဆီခွဲတမ်းများကို စနစ်တကျထုတ်ယူပြီး၊ ညောင်တုန်းမြို့နယ် ပေါက်ပေါက်ပွင့်တွင် မိမိတို့အစီအစဉ်ဖြင့် ဆီခွဲတမ်းကို စနစ်တကျထုတ်ယူရန်ကိုလည်းကောင်း၊ ရရှိသော မိမိတို့ဆီခွဲတမ်းများကို စားသုံးသူပြည်သူထံ လက်ဝယ်အရောက် အလေးချိန်ပြည့်ဝစွာ စနစ်တကျ ဆီထုတ်ယူခွင့် စာအုပ်နှင့်အတူ သတ်မှတ်ရက်အတွင်း အပြီးထုတ်ယူခွင့်ရရှိနိုင်ရေး အငြင်းပွားမှုမဖြစ်စေရန် အထူးဂရုပြုဆောင်ရွက်ရန်ကို ဆွေးနွေးခြင်း၊ စားသုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချရာတွင် ဒေသအရောက် အခြေခံလက်ကား ဈေးနှုန်းများအပေါ် လုပ်အားခ အမှန်တကယ်ကုန်ကျမှု သယ်ယူစရိတ်ကို တွက်ချက်ပြီး အပေါ် အမြတ်( ၂ ) ရာခိုင်နှုန်း အမြတ်ထက်မပိုစေသော ဈေးနှုန်းဖြင့်ဖြန့်ဖြူး ရောင်းချရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်ကိုလည်းကောင်း၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အခန်း(၁၀) လုပ်ငန်းရှင်တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုရှိလာပါက စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြားတိုင်ကြားမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းခြင်း၊  ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇန်နဝါရီလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု

             စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲသည်စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစိတ်ကျေနပ်မှုရရှိစေ ရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ် ပြဌာန်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင်ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲအနေဖြင့်စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေပြီး လုံခြုံစိတ်ချမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကိုတားမြစ်ခြင်း၊စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုရှိစေရေးအသိပညာပေးဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို စိစစ်ဆောင်ရွက်ခြင်းနှင့် ၁.၁.၂၀၂၅ ရက်နေ့မှစ၍ Online Sale မှတ်ပုံတင် လျှောက်ထားသည့်အချက်အလက်များ မြေပြင်မှာအမှန်တကယ် မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆိုင်ရာကိစ္စများ နှင့် စပ်လျဉ်း၍ လှုပ်ရှားဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများ၊ စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ အစိုးရနှင့် အခြားအဖွဲ့အစည်းများပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း စီးပွားရေးလုပ်ငန်းကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်မှုများ တိုးတက်လာပြီး စားသုံးသူများမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင် သည့် အခွင့်အလမ်းများ အပြည့်အဝရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆို တိုင်ကြားလာမှုများအား အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင် ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ တာဝန် ယူမှု၊တာဝန်ခံမှုရှိသော အပြုအမှုများ ဖြစ်ပေါ်လာစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ဇန်နဝါရီလတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပုံမှန်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းအမျိုးမျိုး အားဦးစားပေး ကုန်စည် အဖြစ် သတ်မှတ်ပြီး၊ မြို့နယ်များအတွင်းရှိ ဈေးများ၊ရပ်ကွက်၊ကုန်စုံဆိုင်၊စတိုးဆိုင်များသို့ သွားရောက်၍ စစ်ဆေးခြင်း၊ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စက်သုံးဆီ အရောင်း ဆိုင် များ၊ စားအုန်း ဆီအရောင်းဆိုင်များ၊ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်ဈေးနှုန်း ဖြင့်ရောင်းချမှုရှိ /မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ တို့အားစစ်ဆေး ခြင်း၊ ကုန်အညွှန်းအမှတ်အသားများစိစစ်ဆောင်ရွက်ပေးခြင်းနှင့် Online Sale မှတ်ပုံတင် လျှောက်ထားသည့် အချက်အလက်များ မြေပြင်မှာအမှန်တကယ် မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Online Sale Registration ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

          Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ(၇.၁.၂၀၂၅)ရက်နေ့တွင်စတင်၍ မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

         မန္တလေးတိုင်းဒေသကြီးအတွင်း (၁၅.၁.၂၀၂၅)ရက်နေ့အထိ Online Sale မှတ်ပုံတင် လျှောက်ထားသည့် မြေပြင်စစ်ဆေးရမည့် လုပ်ငန်း(၂၃)ခုရှိရာ Online Sale မှတ်ပုံတင် လျှောက်ထားသည့်လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင် အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များ၊ လူသုံးကုန်များ၊ လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများ နှင့် FDA မှ အတည်ပြုထားသည့် ဆေးဝါးဖြည့်စွက်စာများ၊ ကုသရေးသုံးပစ္စည်းများ ရောင်းချသည့်လုပ်ငန်း(၂၃)ခုအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)       

Pages

Subscribe to RSS - HighLight News