ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကုန်သွယ်ရေးစုံစမ်းစစ်‌ဆေးမှုများကြားတွင် တရုတ်နိုင်ငံ၏ ဒီဇင်ဘာ ကနေဒါကနိုလာတင်သွင်းမှု ကျဆင်းခဲ့

          ၂၀၂၄ ဇွန်လမှစတင်ကာ ကနေဒါနိုင်ငံမှ ကနိုလာများတင်သွင်းမှုသည် ဘေဂျင်းမှမြှုပ်နှံမှု တိုက်ဖျက်ရေးစစ်ဆေးမှုအား စတင်ခဲ့ပြီးနောက် ဒီဇင်ဘာလတွင်ကျဆင်းသွားခဲ့ကြောင်း တရုတ်အ ကောက်ခွန်‌ဒေတာ၏ ဇန်နဝါရီ ၂၀ ရက်နေ့ကဖော်ပြချက်အရသိရသည်။ Ottwa သည် တရုတ်လုပ် လျှပ်စစ်ကားများအပေါ်တစ်နှစ်ကြာစုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စက်တင်ဘာလတွင် ဘေဂျင်းမှစတင် ခဲ့ပြီး ကနေဒါမှ တင်သွင်းသူများကို လက်တုံ့ပြန်သည့် မြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်အခများပြန်လည် ရရှိမည်ကို စိုးရိမ်လျှက်ရှိသည်။ကနေဒါမှ ဒီဇင်ဘာလတင်ပို့မှုမှာ ယခင်နှစ်အလားတူကာလကထက် ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၅၈၈၁၈၁ မတ်ထရစ်တန်အထိရှိခဲ့သည်။ ယင်းသည်ခုနှစ်လအတွင်း တစ်နှစ်ထက်တစ်နှစ် ပထမဦးဆုံးကျဆင်းမှုဖြစ်ပြီး သြဂုတ်လနောက်ပိုင်းအနိမ့်ဆုံးတင်ပို့မှုပမာဏ လည်းဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကနိုလာတင်ပို့မှု၏ ထက်ဝက်ကျော်ခန့်သည် ကမ္ဘာ့အကြီးဆုံးဆီ ထွက်ကုန်တင်သွင်းသူဖြစ်သည့် တရုတ်နိုင်ငံသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ စုစုပေါင်းကနိုလာ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်၏ တန်ချိန် ၅.၄၉ သန်းနှင့်နှိုင်းယှဥ်ပါက ၂၀၂၄ ခုနှစ် တွင် ၆.၃၉ သန်းသို့ မြင့်တက်လာခဲ့သည်ဟု အကောက်ခွန်အချက်အလက်များအရသိရသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ရာဘာအ‌စေးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆၆ သန်း ကျော်ရရှိခဲ့

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်သဘာဝရာဘာ အစေးတင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၆၆၆.၂ သန်းရရှိခဲ့ပြီး ယခင်နှစ်က ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၄၉၂ သန်းထက် ၃၅.၄ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားရာဘာညွှန်ကြားရေးမှူးဦးစီးဌာနက ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ ရာဘာစေးတစ်တန်သည် ပျမ်းမျှအားဖြင့် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၉၇၁ ရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၆၃၄ ဒေါ်လာခန့်ပိုများကြောင်းရာဘာညွှန်ကြား ရေးမှူးဦးစီးဌာန ယာယီညွှန်ကြားရေးမှူးချုပ် Khun Kakada ကအစီအရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယား နိုင်ငံသည် မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံသို့ကုန်ပစ္စည်းများကို အဓိကတင်ပို့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် စုစုပေါင်းဧရိယာ ၄၂၅၄၄၃ ဟတ်တာတွင်ရာဘာပင် များကို စိုက်ပျိုးထားပြီး ၎င်းမှ ၃၃၀၂၅၉ ဟတ်တာ သို့မဟုတ် ၇၇.၆ ရာခိုင်နှုန်းသည် အစေးချရန် အတွက်လုံလောက်သော အရွယ်ရှိပြီဖြစ်ကြောင်း အစီအရင်ခံစာကဆိုသည်။

DOCA(ရန်ကုန်)

ပါကစ္စတန်နိုင်ငံ၏ ဘိလပ်မြေတင်ပို့မှုသည် ၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တွင် ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့

          ပါကစ္စတန်နိုင်ငံ၏ ဘိလပ်မြေတင်ပို့မှုသည် ၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်နှင့်နှိုင်းယှဥ် ပါက ၂၀၂၅ ဘဏ္ဍာရေးနှစ်ပထမနှစ်ဝက်(ဇူလိုင်၂၀၂၄-ဇွန်၂၀၂၅) တွင် ၂၃.၂၁ ရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်းပါကစ္စတန်နိုင်ငံစာရင်းအင်းဗျူရို (PBS) ၏ ဇန်နဝါရီ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရသိရ သည်။

          ထိုကာလအတွင်း ပါကစ္စတန်နိုင်ငံ၏ ဘိလပ်မြေတင်ပို့မှုတန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ ၁၆၇.၄၇၂ သန်းရှိပြီး ပမာဏအားဖြင့် ၃၃.၈၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ၄၆၉၁၃၇၆ တန်ရှိခဲ့သည်။

          နှစ်စဥ်အခြေခံအားဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဘိလပ်မြေတင်ပို့မှုသည် ၄၅.၄၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၃၁.၈၉၈ သန်းရှိကြောင်း PBS ၏ပြောကြားချက်အရ သိရသည်။

DOCA(ရန်ကုန်)

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံပဲတင်ပို့မှုမှာ တန်ချိန် ၁.၅ သန်း ကျော်ရှိခဲ့

          မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်းပဲမျိုးစုံတန်ချိန် ၁.၅ သန်း ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ Global News Light Of Myanmar မှဇန်နဝါရီ ၂၂ ရက်နေ့ က ဖော်ပြချက်အရသိရသည်။

          တင်ပို့မှုတွက် ကုလားပဲနက်တန်ချိန် ၇၀၀၀၀၀၊ ပဲစဥ်းငုံတန်ချိန် ၂၀၀၀၀၀ နှင့်ကုလားပဲစိမ်း တန်ချိန် ၄၀၀၀၀၀ ရှိကြောင်းမြန်မာနိုင်ငံပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းစေ့ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဖော်ပြချက်အရသိရသည်။

          မြန်မာနိုင်ငံသည် ပြည်ပစျေးကွက်သို့ ကုလားပဲနက်၊ကုလားပဲစိမ်းနှင့် ပဲစဥ်းငုံတို့ကိုအဓိက တင်ပို့လျှက်ရှိကြောင်းသိရသည်။

          ၎င်းတို့အနက် ကုလားပဲနက်နှင့် ပဲစဥ်းငုံတို့ကို အိန္ဒိယသို့ အဓိကတင်ပို့နေပြီး ကုလားပဲစိမ်းကို တရုတ်နှင့် ဥ‌ရောပသို့တင်ပို့လျှက်ရှိကြောင်းသိရသည်။

DOCA(ရန်ကုန်)

 

တရုတ်နိုင်ငံ၏ ကားထုတ်လုပ်သူ BYD သည် ပရီမီယံအမှတ်တံဆိပ် DENZA ကို အင်ဒိုနီးရှားတွင် မိတ်ဆက်

တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်သူ BYD သည် အင်ဒိုနီးရှားနိုင်ငံ၏ အဆင့်မြင့် မော်တော်ကားစျေးကွက်တွင် ၎င်း၏ တည်ရှိမှုကို ချဲ့ထွင်ရန်အတွက် ၎င်း၏ ပရီမီယံအမှတ်တံဆိပ် DENZA ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။ “ဒီနှစ်မှာ BYD ဟာ အင်ဒိုနီးရှားနိုင်ငံကို မော်ဒယ်အသစ်တွေ ထပ်ပြီး ယူဆောင်လာမှာပါ” ဟု BYD အာရှ-ပစိဖိတ် မော်တော်ယာဥ်အရောင်း ဌာနခွဲ၏ အထွေထွေမန်နေဂျာ Liu Xueliang က ဂျကာတာတွင် မိတ်ဆက်ပွဲအတွင်း ပြောကြားခဲ့ သည်။ သူ့အဆိုအရ DENZA သည် BYD ၏ ရာနှုန်းပြည့်ပိုင်ဆိုင်သည့်အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။ အမှတ်တံဆိပ်၏ ပထမဆုံးအဆင့်မြင့် MPV မော်ဒယ်အနေဖြင့် DENZA D9 သည် ၂၀၂၂ ခုနှစ် မေလတွင် ထွက်ရှိပြီးကတည်းက အစီးရေ ၃၀၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။ BYD ၏ ပြည်တွင်းလုပ်ငန်းခွဲဖြစ်သည့် PT BYD Motor Indonesia ၏ဥက္ကဌ Eagle Zhao က ယမန်နှစ်တွင် မော်တော်ယာဥ်စျေးကွက်တစ်ခုလုံး နှေးကွေးသွားသော်လည်း အင်ဒိုနီးရှား၏လျှပ်စစ်ကား (EV) စျေးကွက်မှာ သိသိသာသာကြီးထွားလာကြောင်း မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံ၏ EV စက်မှု လုပ်ငန်းတွင် ရှေ့ဆောင်တစ်ဦးအနေဖြင့် BYD သည် ယမန်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း စုစုပေါင်း EV အစီးရေ ၁၅၀၀၀ ရောင်းချနိုင် ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

အစ္စရေးနိုင်ငံ၏ ၂၀၂၄ ခုနှစ် စိန်ကုန်သွယ်မှုမှာ သိသိသာသာ ကျဆင်းခဲ့

အစ္စရေးနိုင်ငံ၏ စိန်ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာ ကျဆင်းခဲ့ကြောင်း နိုင်ငံ၏ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ အစ္စရေး၏ စိန်ရိုင်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၆၃၄.၉ သန်းရှိပြီး ယခင်နှစ်ကထက် ၂၄.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိန်‌ချောတင်ပို့မှုမှာ ၃၅.၇ ရာခိုင်နှုန်းမှ ၁.၈၇ ဘီလီယံဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။ အစ္စရေး၏ စိန်ရိုင်းတင်သွင်းမှုသည် တစ်နှစ်ထက် တစ်နှစ် ၁၃.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိန်‌ချောတင်သွင်းမှု ၃၂.၉ ရာခိုင်နှုန်းမှ ၁.၅၅ ဘီလီယံဒေါ်လာ သို့ ကျဆင်းသွားခဲ့သည်။ ၂၀၂၄ ခုနှစ်သည် အစ္စရေးစိန်လုပ်ငန်းအတွက် အထူးခက်ခဲသောနှစ်ဖြစ် ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကျဆင်းသွားခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားများ သိသိသာသာ ကျဆင်းသွားကာ စိန်ဝယ်လိုအားကို လျော့ကျ စေခဲ့ကြောင်း ၀န်ကြီးဋ္ဌာနက မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် ဝန်ကြီးဌာနက အားနည်းသောကမ္ဘာ့ဈေး ကွက်နှင့် ဓာတုအစားထိုး ၀ယ်လိုအား ကြီးထွားလာမှု အထူးသဖြင့် ဓာတ်ခွဲခန်းမှ ပြုပြင်ထားသော စိန်များသည် စိန်ဈေးကွက် ကျဆင်းမှုကို များစွာသက်ရောက်မှု ဖြစ်စေကြောင်း ဝန်ကြီးဌာနက ထောက်ပြခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းများသည် ၂၀၂၄ ခုနှစ်တွင် အခွန် ဝင်ငွေအမြတ်များတိုးတက်ခဲ့

          ကမ္ဘောဒီးယားနိုင်ငံပိုင် ဆိပ်ကမ်းနှစ်ခုဖြစ်သည့် Sihanoukville Autonomous Port (PAS) နှင့် Phnom Penh Autonomous Port (PPAP) တို့သည် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာအရသိရသည်။ နိုင်ငံတော်တွင် အကြီးဆုံးဆိပ်ကမ်းဖြစ်သည့် Sihanoukville Autonomous Port (PAS) သည် ၂၀၂၄ ခုနှစ်က စုစုပေါင်းကွန်တိန်နာတန်ချိန် ၉.၆၀ သန်းရရှိခဲ့ပြီး တန်ချိန် ၇.၈၉ သန်းရှိခဲ့သည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁.၆၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ Sihanoukville Autonomous Port (PAS) သည် ၂၀၂၃ ခုနှစ်တွင် အမြတ်ဝင်ငွေ ကန်ဒေါ်လာ ၈၈.၉၄ သန်းမှ ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၁၀.၃၈ သန်းအထိရရှိခဲ့ပြီး ၂၄.၁၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ နိုင်ငံတော်၏ ဒုတိယအကြီးဆုံးဆိပ်ကမ်းဖြစ်သည့် Phnom Penh Autonomous Port (PPAP) သည် စုစုပေါင်းကွန်တိန်နာတန်ချိန် ၄.၅၁ သန်းရရှိခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၄၃ သန်းရရှိခဲ့သည်။ ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ Phan Rim က ဆိပ်ကမ်း၏ဝင်ငွေနှင့် ကွန်တိန်နာဝင်ရောက်မှုသည် သိသိသာသာမြင့်တက်လာခြင်းသည် နိုင်ငံတော်၏ စီးပွားရေးကောင်းမွန်သော စွမ်းဆောင်ရည်ကြောင့်ဖြစ်ကြောင်းနှင့် ပို့ကုန်သွင်းကုန် သယ်ယူပို့ဆောင်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း ပြောကြားခဲ့သည်။ ကွန်တိန်နာဖြတ်သန်းမှုနှင့် ဆိပ်ကမ်းများ၏ဝင်ငွေခွန်တိုးတက်မှုသည် သွင်းကုန်နှင့် ပို့ကုန်များ၏ သယ်ယူပို့ဆောင်ရေးစီဆင်းမှုကို ထပ်ဟပ်စေကြောင်း၊ စီးပွားရေးတိုးလာကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေသည်ဟု Phan Rim က ထပ်မံပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လေကြောင်းခရီးသည် ၆.၂၄ သန်း ရရှိခဲ့

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လေယာဉ်ခရီးသွားစုစုပေါင်း ၆.၂၄ သန်း ရရှိခဲ့ ပြီးတစ်နှစ်ထက်တစ်နှစ် ၂၂ ရာခိုင်နှုန်းတိုးလာကြောင်း တာဝန်ရှိသူတစ်ဦးက ၂၂-၁-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းလိုင်းများသည် ၂၀၂၄ ခုနှစ် အတွင်း နိုင်ငံတော်၏အပြည်ပြည်ဆိုင်ရာလေဆိပ် (၃) ခုသို့ ပျံသန်းမှုပေါင်း ၅၈,၃၅၄ ကြိမ် ပျံသန်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း လေကြောင်းပို့ဆောင်ရေး ဆိုင်ရာနိုင်ငံတော်အတွင်းဝန်ရုံး(SSCA)၊ အတွင်းရေးမှူး Sinn Chanserey Vutha က ပြောကြားခဲ့ သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းကုန်စည်ပို့ဆောင်မှု ပမာဏ ၄၀ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းဆက်လက်ပြောကြားခဲ့သည်။ Sinn Chanserey Vutha က ၂၀၂၃ ခုနှစ်တွင် တရားဝင် စတင်လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွားများကို ပိုမို ဆွဲဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ထိုအပြည်ပြည်ဆိုင်ရာလေဆိပ်သည် UNESCO စာရင်းဝင် Angkor Archaeological Park တည်ရှိသော Siem Reap ပြည်နယ်သို့ နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းနိုင်ရန် လေကြောင်းလိုင်းအသစ်များကို ဆွဲဆောင်နိုင် မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။  

DOCA(ရန်ကုန်)

WTO ၌ အငြင်းပွားမှု ရှုံးနိမ့်အပြီးတွင် စားအုန်းဆီတင်သွင်းမှု စည်းမျဉ်းများအား ဥရောပသမဂ္ဂ ပြင်ဆင်ရဖွယ်ရှိ

          ဥရောပသမဂ္ဂ (EU) ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ညွှန်ကြားချက် (RED II) ၌ ပါရှိသော ဖော်ပြချက်အချို့သည် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှုအပေါ် တရားမျှတမှုမရှိပဲ ခွဲခြားဆက်ဆံခြင်း ပြုရာရောက်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က စီရင်ဆုံးဖြတ်ခဲ့ပြီး နောက် ၎င်း၏ ဇီဝလောင်စာမူဝါဒများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည်ဟု EU က ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။

          ၂၀၂၅ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်နေ့၌ ထုတ်ပြန်သည့် အဆိုပါ WTO ၏ စီရင်ချက်သည် ဇီဝ လောင်စာဆီကုန်သွယ်မှု ကန့်သတ်ချက်များနှင့်ပတ်သက်၍ EU နှင့် ကာလကြာရှည်အငြင်းပွားမှု တွင် အင်ဒိုနီးရှားနိုင်ငံအတွက် အဓိကကျသော အောင်ပွဲတစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း Jakarta Globe သတင်းဌာနက ဖော်ပြထားသည်။

          ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်များကို လိုက်နာဆောင် ရွက်ရန် EU ၏အခွင့်အရေးအပေါ် ထောက်ခံထားသော်လည်း RED II အကောင်အထည်ဖော်မှုတွင် အားနည်းချက်များရှိနေသည်ကို WTO က ဖော်ထုတ်ခဲ့သည်။ အထူးသဖြင့် စားအုန်းဆီအား သွယ် ဝိုက် မြေယာအသုံးပြုမှု ပြောင်းလဲခြင်းအတွက် အန္တရာယ်မြင့်မားသော အရင်းအမြစ်အဖြစ် သတ် မှတ်ထားသည့် EU ၏ အက်ဥပဒေသည် နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်းများနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိခဲ့သည်။ စားအုန်းဆီအခြေခံသည့် ဇီဝလောင်စာများကို ချန်လှပ်၍ မုန်ညှင်းဆီ နှင့် ပဲပုပ်ဆီ တို့ကို အစားထိုးရွေးချယ်ပြီး အခွန်ကောက်ခံမှုဆိုင်ရာ သက်သာခွင့်ပေးအပ်ထားသည့် ပြင်သစ်နိုင်ငံ အခွန်စည်းကြပ်မှုသည်လည်း ခွဲခြားဆက်ဆံမှုအဖြစ် မှတ်ယူထားသည်။

          WTO ၏ ဇန်နဝါရီ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် EU အနေဖြင့် ၎င်း၏မူဝါဒများကို WTO ၏ သဘောတူညီချက်များပါ တာဝန်များနှင့်အညီ ချိန်ညှိဆောင်ရွက်ရေး ကတိပြုထားကြောင်း ဖော်ပြထားသည်။ EU သည် ၎င်း၏ စည်းမျဉ်းမူဘောင် တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်သုံးသပ် နေပြီး စီရင်ချက်အပေါ် အယူခံဝင်ခြင်းမရှိပါက အဆိုပါ ပြုပြင်ပြောင်းလဲမှုများမှာ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရှိရသည်။

          ဥရောပ၌ ထုတ်လုပ်သော ဇီဝလောင်စာများကို အကျိုးပြုနေချိန်တွင် ဥရောပသမဂ္ဂ၏ RED II ညွှန်ကြားချက်မူဘောင်သည် စားအုန်းဆီအပေါ် မျှတမှုမရှိပဲ ပစ်မှတ်ထားသည်ဟု ကမ္ဘာ့ စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားက စောဒကတက်ခဲ့သည်။ WTO ၏ ဆုံးဖြတ် ချက်သည် မကြာသေးမီက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအထိ ရွှေ့ဆိုင်းခဲ့သည့် ဥရောပသမဂ္ဂ သစ်တော ပြုန်းတီးမှုစည်းမျဉ်း (EUDR) အပါအဝင် ဥရောပသမဂ္ဂ၏ မူဝါဒများနှင့်ပတ်သက်၍ ကျယ်ပြန့် သော အငြင်းပွားမှုများတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်မာစေပါသည်။

          ဤအောင်ပွဲသည် အင်ဒိုနီးရှားအနေဖြင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ ကျင့်ထုံးများကို တိုက်ဖျက် အနိုင်ရနိုင်သည်ကို သက်သေပြကြောင်း၊ ယခုကဲ့သို့ WTO ၏ထုတ်ပြန်ချက်က စားအုန်းဆီ အခြေခံ သည့် ဇီဝဒီဇယ်၏ တရားဝင်မှုကို အလေးပေးဖော်ပြကြောင်း အင်ဒိုနီးရှား စီးပွားရေးရာဝန်ကြီး Mr. Airlangga Hartarto က ဂျကာတာတွင် ပြောကြားခဲ့သည်။

          စားအုန်းဆီသည် ဇီဝဒီဇယ်အသုံးပြုမှုအတွက် အန္တရာယ်ရှိမှုမြင့်မားပြီး အန္တရာယ်နည်းပါး သည့် ဇီဝလောင်စာထုတ်လုပ်မှုအတွက် အရည်အသွေးအသိအမှတ်ပြု စစ်ဆေးမှုလုပ်ငန်းစဉ်တွင် အားနည်းချက်များ ရှိနေသည်ဟု EU ၏ ပြောဆိုချက်သည် အချက်အလက်များကို ကောင်းစွာ အကဲဖြတ်ရန် ပျက်ကွက်ခြင်းဖြစ်ကြောင်း WTO က ဝေဖန်သုံးသပ်ထားသည်။ အဆိုပါ တွေ့ရှိချက် က အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ စားအုန်းဆီလုပ်ငန်း၌ ၄၁ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိသော လုပ်ကွက်ငယ် တောင်သူများ၏ ပို့ကုန်အပေါ် တရားမျှတစွာ ဆက်ဆံမှုရှိစေရန် အင်ဒိုနီးရှား၏ ကြိုးပမ်းအားထုတ်မှုများကို အားကောင်းစေသည်။

          Mr. Airlangga က အဆိုပါ စီရင်ချက်သည် နောက်ထပ် ခွဲခြားဆက်ဆံမှုများကို တားဆီးရန် အတွက် အဓိကစားအုန်းဆီတင်ပို့သည့် မလေးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေမည့် အခွင့်အလမ်းဟု ခေါ်ဆိုခဲ့သည်။ ထို့အပြင် ရပ်တန့်လျက်ရှိသော အင်ဒိုနီးရှား-အီးယူ ဘက်စုံစီးပွားရေး မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု အပါအဝင် ကုန်သွယ်မှုပြဿနာများအား ဖြေရှင်းမှုလမ်းကြောင်းကို ရှင်းလင်းစေသည်ဟု ၎င်းက ပြောကြားခဲ့ သည်။

          ၂၀၁၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ စတင် တင်သွင်းခဲ့သော အဆိုပါ အငြင်းပွားမှုသည် ကုန်သွယ်ရေးဖြေလျှော့မှုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်မှုတို့ကြား အားပြိုင်မှုကို နိုင်ငံတကာ က အာရုံစိုက်လာစေခဲ့သည်။ မလေးရှားမှ တင်သွင်းသည့် အပြိုင်အမှုသည် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် အလားတူ WTO စီရင်ချက်ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်း၏မူဝါဒများကို ပြန်လည်ပြင်ဆင်ရန် အီးယူအား ထပ်မံဖိအားပေးခဲ့သည်။

Source: Jakarta Globe , 17th  Jan 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

ပြင်ပသက်ရောက်မှုများကြောင့် စပါးဈေးကျဆင်းရသည်ဟု ကမ္ဘောဒီးယားဝန်ကြီး ပြောဆို

          ကမ္ဘောဒီးယား တော်ဝင်အစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်နိုင်ခြင်းမရှိဟု ဝေဖန်ပြောဆိုမှုများအပေါ် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Dith Tina က ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြတ်သားစွာ ပယ်ချခဲ့ပြီး ဗီယက်နမ်သို့ တင်ပို့လေ့ရှိသော OM ဆန်အမျိုးအစားများ၏ ဈေးနှုန်းကျဆင်းမှုသည် ပြင်ပသက်ရောက်မှုများကြောင့်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

          ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်အဖွဲ့က စီစဉ်ဆောင်ရွက်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြည်ပဈေးကွက်ဝယ်လိုအားကြောင့် စပါးဈေးနှုန်းများမြင့်တက်မှုနှင့်အတူ မကြာသေးမီနှစ် များအတွင်း နွေစပါးစိုက်ပျိုးဧရိယာများ သိသာထင်ရှားစွာ မြင့်တက်လာကြောင်း၊ နွေစပါး စိုက်ပျိုး ရာတွင် ဆန်မွှေး၊ ဆန်ဖြူနှင့် ရိုးရာဆန်များ အပါအဝင် စပါးအမျိုးအစားများစွာရှိကြောင်း၊ အိန္ဒိယ နိုင်ငံ၏ ဆန်တင်ပို့မှု ပိတ်ပင်ထားရှိခြင်းကို ဖယ်ရှားလိုက်ခြင်းကြောင့် ဈေးနှုန်းကျဆင်းမှုမှာ OM စပါးအမျိုးအစား အပေါ်၌သာ သိသာသည့် သက်ရောက်မှုရှိခဲ့ကြောင်း၊ လွန်ခဲ့သော လအနည်းငယ် အတွင်း အိန္ဒိယဘက်မှ ဆန်ဖြူတင်ပို့မှုစတင်ခဲ့ရာ ဆန်ဈေးကွက်မှာ ပြောင်းလဲလာပြီး ယှဉ်ပြိုင်မှု မြင့်မားလာသည့်အတွက် အထူးသဖြင့် ဈေးကောင်းပေးမှုကြောင့် ဗီယက်နမ်သို့ အများဆုံးတင်ပို့ နေသည့် OM ဆန်တင်ပို့မှုသည် အခက်အခဲများ ကြုံတွေ့လာရကြောင်း စသည်ဖြင့် ဝန်ကြီး Tina က ပြောကြားခဲ့သည်။

          ဆန်မွှေးနှင့် မိရိုးဖလာ စပါးမျိုးများသည် ကမ္ဘောဒီးယား ဆန်စပါးသမိုင်းတွင် အမြင့်ဆုံးဈေး အဖြစ် တစ်ကီလိုဂရမ်လျှင် ၁၃၀၀ ရီယယ်အထိ ရောင်းချနေရကြောင်း Banteay Meanchey ပြည်နယ်မှ တောင်သူများက ယခင်သီတင်းပတ်တွင် ဝန်ကြီး Tina အား ပြောဆိုခဲ့ကြကြောင်း သိရှိ ရသည်။

          အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်သည့် ကာလအတွင်း ဗီယက်နမ်သည် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၀ နှုန်းအထိ ရောင်းချနိုင်ခဲ့ကြောင်း၊ သို့သော်လည်း အိန္ဒိယသည် ဆန်ဈေး ကွက်သို့ ပြန်လည်ဝင်ရောက်ချိန်၌ ၎င်းတို့၏ ထုတ်ကုန်များသည် ကမ္ဘာ့ဆန်လုပ်ငန်း၏ ယှဉ်ပြိုင် နိုင်စွမ်းကို ခြိမ်းခြောက်ခဲ့ပြီး ဆန်တစ်တန်လျှင် ဒေါ်လာ ၄၃၀ နှုန်းဖြင့် ၃၀ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့ကြောင်း၊ အကျိုးဆက်အနေဖြင့် ကမ္ဘောဒီးယား၏ ဆန်စပါးဈေးနှုန်းသည်လည်း ကျဆင်းခဲ့ရ ကြောင်း၊ နိုင်ငံရေးသမားများနှင့် မီဒီယာအချို့သည် စပါးစိုက်တောင်သူများ၏ အခက်အခဲများနှင့် ရုန်းကန်မှုများကို ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးချ ပြောဆိုနေခြင်းဖြစ်ကြောင်းဖြင့် Mr. Tina က ရှင်းလင်းပြောဆိုခဲ့သည်။

          ပြည်ပဈေးကွက်၌ ဝယ်လိုအား ကျဆင်းနေမှုကြောင့် ဆန်စက်များအနေဖြင့် တောင်သူများ ထံမှ စပါးများကို တတ်နိုင်သမျှ ဝယ်ယူကြရန် စိုက်ပျိုးရေးအရာရှိများက ဆန်စက်ပိုင်ရှင်များသို့ တိုက်တွန်းထားကြောင်း သိရှိရသည်။

Source: Khmer Times, 17 January, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ