ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

UK သည် ကမ္ဘောဒီးယားနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိုမြင့်တင်

     ဗြိတိန်ဝန်ကြီးချုပ်၏ ကုန်သွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Matt Western MP သည် ကမ္ဘောဒီးယားနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ခိုင်မာစေရန်၊ ကမ္ဘောဒီးယား၏ ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် United Kingdom ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။

          UK ကုန်သွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ လာအိုနိုင်ငံများသို့ သွားရောက်လည်ပတ်ခြင်းသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း ကမ္ဘောဒီးယားရှိ ဗြိတိန်သံရုံးမှ ထုတ်ပြန်သော သတင်းအချက်အလက် အရ သိရှိရပါသည်။

          Western သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတော်ဝန်ကြီး Samheng Bora မှ ဧည့်ခံကျင်းပသော နေ့လည်စာ စားပွဲသို့တက်ရောက်ခဲ့ ပါသည်။ နှစ်ဖက်လုံးသည် ကမ္ဘောဒီးယားနှင့် ဗြိတိန်တို့အကြား နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြင့်မားသော အဆင့်သို့မြှင့်တင်ရန် ဆွေးနွေးခဲ့ကြပါသည်။ Western သည် ကမ္ဘောဒီးယား၏ ကုန်သွယ်ရေးမူဝါဒကို ဆက်လက်ဆောင်ရွက်ရန်အတွက် အခြားသော အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားပါသည်။

          ထို့အပြင် ၎င်းသည် အလုပ်အကိုင်ဖန်တီးမှု၊ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့ရေးတို့ အတွက် ကမ္ဘောဒီးယားတွင် လုပ်ငန်းလည်ပတ်နေသော ဗြိတိန်စီးပွားရေး လုပ်ငန်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ယခုနှစ်၏ ပထမ ၉ လ တွင် ဗြိတိန်သည် ကမ္ဘောဒီးယား၏ နဝမမြောက် အကြီးဆုံး နိုင်ငံခြား ကုန်သွယ်ဖက်အဖြစ် ရပ်တည်ခဲ့ပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ နှစ်နိုင်ငံကြား စုစုပေါင်း ကုန်သွယ်မှုသည် အမေရိကန်ဒေါ် ၈၂၄ သန်း ကျော်အထိ ရောက်ရှိခဲ့ပြီး ယခုနှစ်ထက် ၄.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ကမ္ဘောဒီယား၏ ဗြိတန်သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၈၆ သန်း ရှိခဲ့ပြီး ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် RCEP နိုင်ငံများအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၉.၅ ဘီလီယံ သို့ရောက်ရှိ

       ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP အဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် အမေရိကန်ဒေါ်လာ ၂၉.၅ ဘီလီယံ သို့ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၁၅.၅ ရာခိုင်နှုန်း တိုးလာကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့ ထုတ်ပြန်သော အစိုးရ၏ တရားဝင် အစီရင်ခံစာအရ သိရှိရပါသည်။

          ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း RCEP အဖွဲ့ဝင်နိုင်ငံများသို့ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇.၄၃ ဘီလီယံ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလ ထက် ၁၀ ရာခိုင်နှုန်တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြုစုထားသည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          RCEP အဖွဲ့ဝင်နိုင်ငံများ၏ တင်သွင်းမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂.၀၇ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ၁၇ ရာခိုင်နှုန်း‌ကျော်တိုးလာခဲ့ပါသည်။ RCEP သည် ကမ္ဘောဒီးယားအတွက် အဓိက ဈေးကွက်တစ်ခုဖြစ်ပြီး ယခုနှစ် ပထမ ၉ လအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ၆၁.၆ ရာခိုင်နှုန်း ရှိပါသည်။ RCEP ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်ဖက် ၅ နိုင်ငံမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ စင်္ကာပူနိုင်ငံ တို့ဖြစ်ပါသည်။

          ၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော RCEP တွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ၊ အာရှ - ပစိဖိတ်နိုင်ငံ ၁၅ နိုင်ငံနှင့် ၄င်းတို့၏ ကုန်သွယ်ဖက် ၅ နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မြှင့်တင်ရန် သဘောတူညီလိုက်သည့် အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံ

      အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan နှင့် ရရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dmitry Patrushev တို့ ဒေလီမြို့၌ တွေ့ဆုံစဥ်တွင် ရရှားနိုင်ငံသည် နှစ်နိုင်ငံကြား စိုက်ပျိုးရေးကုန်သွယ်မှုလေးနက်ရေးတွင် စိတ်ဝင်စားလျက်ရှိကြောင်းနှင့် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုကို တရားဝင် ဖြစ်စေလိုကြောင်း စိုက်ပျိုးရေးနှင့် လယ်သမားလူမှုဖူလုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ အဆိုပါ နှစ်နိုင်ငံကိုယ်စားပြု ခေါင်းဆောင် ၂ ဦးသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးထွက် ကုန်တင်ပို့မှု ချဲ့ထွင်ခြင်းမှ တစ်ဆင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စိုက်ပျိုးရေကဏ္ဍတွင် အဓိက ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလေးနက်စေရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ “အိန္ဒိယနိုင်ငံဘက်က ရုရှားနိုင်ငံတွင် စျေးကွက်ရရှိရေးအတွက် စိုက်ပျိုးရေးထွက်ကုန်တိုးချဲ့မှုသည် အဓိက ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ကြောင်း” သိရပါသည်။

Source: Informist Media                                                            

DOCA (ရန်ကုန်)

Haryana အစိုးရသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပြည်နယ်မှရည်ညွှန်းစျေး ကြံစျေးနှုန်းကို ၁၀၀ ကီလိုလျှင် ၁၅ ရူပီး အဖြစ် မြှင့်တင်

     Haryana အစိုးရသည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကြံစျေးအတွက် ပြည်နယ်မှ ရည်ညွှန်းစျေးကို ၁၀၀ ကီလိုလျှင် ၁၅ ရူပီးအဖြစ် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရပါသည်။ ၎င်းအစိုးရသည် ကြံပင်ပျိုများအတွက် စျေးနှုန်းကို ၁၀၀ ကီလိုလျှင် ၄၀၀ ရူပီးအဖြစ် သတ်မှတ်ထားရာမှ ၁၀၀ ကီလိုလျှင် ၄၁၅ ရူပီးအဖြစ်လည်းကောင်း၊ ကြံပင်အရင့်များအတွက် ၁၀၀ ကီလိုလျှင် ၃၉၃ ရူပီးမှ ၄၀၈ ရူပီးသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရပါသည်။ ပြည်နယ်ရည်ညွှန်းစျေးသည် ပြည်နယ်အစိုးရမှ သီးသန့်ကြေညာသတ်မှတ်သော စျေးနှုန်းတစ်ခု ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်ရည်ညွှန်းစျေးရှိသော ပြည်နယ်များမှာ Punjab၊ Haryana နှင့် Uttarakhand ပြည်နယ်များဖြစ်ပြီး ၎င်းရည်ညွှန်းစျေးသည် သကြားချက်စက်ရုံများ၏  လယ်သမားများထံမှ ကြံဝယ်ယူရသည့် အနိမ့်ဆုံးစျေးဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ရည်ညွှန်း စျေးမြင့်တက်ခြင်းကြောင့် လယ်သမားများ၏ ဝင်ငွေများတိုးပွားလျက်ရှိပြီး သကြား စက်ရုံများအား ဖိအားပေးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဆိုသူ Rahul Chauhan ၏ ပြောကြားချက်အရ သိရပါသည်။

Source: Informist Media                                                            

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံများသို့ အလည်အပတ်ခရီးထွက်ရန် အမေရိကန်သမ္မတ Donald Trump အတည်ပြု

     အမေရိကန်နိုင်ငံသမ္မတ Donald Trump သည် အောက်တိုဘာ ၂၀ ရက်နေ့တွင် ၎င်းအနေ ဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ အလည်အပတ်ခရီး လာရောက်လည်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုအသစ်ဖြစ်ပွားခဲ့သော် လည်း Trump သည် တရုတ်နိုင်ငံ သမ္မတ Xi Jinping နှင့် တောင်ကိုရီးယားနိုင်ငံ၌ ကောင်းမွန်သော တွေ့ဆုံမှုတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ Trump သည် Asia- Pacific စီးပွားရေးထိပ်သီးအစည်းအဝေးအတွက် အောက်တိုဘာလ နောက်ပိုင်းတွင် Xi Jinping နှင့်အတူ သီးသန့်ဆွေးနွေးရန်အတွက် တောင်ကိုရီးယားနိုင်ငံသို့ လည်ပတ်မည်ဖြစ်ကြောင်း ထပ်တစ်လဲလဲ သတင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။ သို့ရာတွင် Trump သည် ၎င်း၏ မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ လည်ပတ်မည့်အစီအစဥ်ကို လူသိရှင်ကြားကြေညာခြင်း သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရပါသည်။ ဂျပန်နိုင်ငံအစိုးရ၏ သတင်းအချက်အလက်များ  အရ အမေရိကန်သမ္မတ Donald Trump သည် အရှေ့တောင်အာရှနိုင်ငံများနှင့်  ၎င်း၏ တွဲဖက်များ ပါဝင်သော သီးသန့်ဒေသတွင်းညီလာခံအတွက် မလေးရှားနိုင်ငံသို့  လည်ပတ်မှု  အပြီးတွင် ဂျပန်နိုင်ငံ၌ ၃ ရက်ကြာ လည်ပတ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံသို့ လည်ပတ်မှုအပြီးတွင် တောင်ကိုရီးယားနိုင်ငံသို့ ဆက်လက်လည်ပတ်သွားမည် ဖြစ်ကြောင်း နှင့် ၎င်း၏ အာရှနိုင်ငံများသို့ ဆက်တိုက်လည်ပတ်မှုခရီးစဥ်သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သတင်းအချက်အလက်များအရ သိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

အရေးပါသော သတ္ထုတူးဖော်ရေးစီမံကိန်းများတွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံ

     အမေရိကန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့သည် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ အပေါ် ချုပ်ကိုင်လွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်၍ အရေးကြီးသော သတ္ထုတွင်း သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သြစတြေးလျနိုင်ငံရှိ ကုမ္ပဏီများအား ငွေကြေးပံ့ပိုးမှုကို တိုးမြှင့်ခဲ့ပြီး ကုမ္ပဏီများ၏ ရှယ်ယာများကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် သိသိသာသာ မြင့်တက်စေခဲ့ ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုအောက်တွင် အမေရိကန်နိုင်ငံ သမ္မတ Donald Trump နှင့် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ဆိုသူ Anthony Albanese တို့က အမေရိကန်နှင့် သြစတြေးလျနှစ်နိုင်ငံလုံးသည် ၇ လအတွင်းတွင် သတ္ထုတူးဖော်ရေးနှင့် ထုတ်လုပ်ရေး စီမံကိန်း များတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့် တိုးမြင့် ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း နှင့် အရေးပါသော သတ္ထုများအတွက် ကြမ်းခင်းစျေး များကို သတ်မှတ်သွား မည်ဖြစ်ကြောင်း သိရပါသည်။ သြစတြေးလျနိုင်ငံတွင် အမေရိကန်နိုင်ငံနှင့် သဘောတူညီထား သော အရေးပါသည့်သတ္ထုတူးဖော့်သည့် စီမံကိန်းများကို အဆင့်မြှင့်တင်ရန်အတွက် အမေရိကန် နိုင်ငံမှ ပို့ကုန်-သွင်းကုန်ကုမ္ပဏီ (EXIM) က စုစုပေါင်းအတိုး (LOIs) အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံခန့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ LOIs များကို Arafura Rare Earths၊ Northern Minerals၊ Graphinex၊ Latrobe Magnesium၊ VHM၊ RZ Resources နှင့် Sunrise Energy Metals များသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့သည် အမေရိကန်နိုင်ငံ ထုတ်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံတော်လုံခြုံရေးနှင့် တစ်ခြားသော နည်းဗျူဟာမြောက်လုပ်ငန်း များအတွက် စွမ်းအင်ပေးနိုင်မည့် သတ္ထုတွင်းများအဖြစ် ကိုယ်စာပြုနေကြောင်း သိရပါသည်။ Arafura ၏ ရှယ်ယာများသည် အောက်တိုဘာလ ၂၁ ရက်နေ့မနက်ခင်းတွင် ၈ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကာ Northern Minerals၊ Latrobe Magnesium နှင့် VHM တို့၏ ရှယ်ယာများ သည်လည်း ၁၁ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းစသဖြင့် အသီးသီး မြင့်တက်လျက်ရှိပြီး Sunrise ၏ ရှယ်ယာများသည်လည်း ၀.၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ အစိုးရက ၎င်းတို့အနေဖြင့် အမေရိကန် အလူမီနီယမ်ထုတ်လုပ်သည့် စက်ရုံ  Alcoa အား ကမ္ဘာလုံး ဆိုင်ရာ Gallium ထောက်ပံ့မှု ၁၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်မည့် သြစတြေးလျနိုင်ငံအနောက် ပိုင်းရှိ အလူမီနီယမ် သန့်စင်သည့် စက်ရုံဘေးတွင် Gallium စက်ရုံအားတည်ဆောက်နိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ကြေညာချက်ကြောင့် Aloca ၏ ရှယ်ယာများ ၈ ရခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Gallium ကို အလူမီနီယမ်ထုတ်လုပ် ရေးအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိပြီး ၎င်းသည် semiconductor လုပ်ငန်းနှင့် ကာကွယ်ရေးကဏ္ဍများအတွက် အရေးပါသော သတ္ထုတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ Aloca သည် သြဂုတ်လတွင် Japan Australia Gallium Associates (Jaga) နှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Aloca သည် Jaga နှင့်အတူ Aloca ကုမ္ပဏီ လုပ်ငန်းလည်ပတ်ရန်အတွက် ဖက်စက်လုပ်ငန်း ပြုလုပ်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ မြေရှားသတ္ထုတင်ပို့မှုများ ကျင်ဆင်းလာ

     အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးစက်ရုံများနှင့် မော်တော်ကားများနှင့် စမတ်ဖုန်းများ ထုတ်လုပ်မှုများအတွက် အဓိက အရေးအကြီးအစိတ်အပိုင်းအဖြစ် အသုံးပြုလျက်ရှိသော တရုတ် နိုင်ငံ၏ မြေရှားသတ္ထုတင်ပို့မှုသည် စက်တင်ဘာလအတွင်း ကျဆင်းလျက်ရှိကြောင်း သိရပါ သည်။ ဧပြီလနှင့် မေလအတွင်းတွင် တရုတ်နိုင်ငံ၏ မြေရှားသတ္ထုတင်ပို့ရောင်းချမှုသည် သြဂုတ်လမှ စက်တင်ဘာလအတွင်းတွင် ၆.၁ ရာခိုင်နှုန်းခန့် ကျဆင်းရှိကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရပါသည်။ အဆိုပါ ကျဆင်းမှုသည် ယခုလအတွက် သိသိသာသာ လိုင်စင်ချဲ့ထွင်ခြင်းမပြုလုပ်ခင်တွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် သြဂုတ်လတွင် မြေရှားသတ္ထုတန်ချိန်ပေါင်း ၆၁၄၆ တန်ခန့် တင်ပို့ခဲ့ရာမှ စက်တင်ဘာလတွင် မြေရှားသတ္ထုတန်ချိန် ၅၇၇၄ တန်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်းနှင့် မြေရှားသတ္ထုတင်ပို့သည့် ကုမ္ပဏီများသည်လည်း လိုင်စင်ရရှိရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် မြေရှားသတ္ထုများကို ဂျာမနီနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် မက်စီကိုနိုင်ငံများသို့ အဓိကထား၍ တင်ပို့လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ၉ လ တာကာလအတွင်းတွင် မြေရှား သတ္ထုတန် ချိန်ပေါင်း ၃၉၈၁၇ တန်ခန့် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားအတူ ကာလနှင့် နှိုင်းယှဥ်လျှင် ၇.၅ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသို့ စက်တင်ဘာလအတွင်း မြေရှားသတ္ထုတင်ပို့မှုသည် ၂၈.၇ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိ ကြောင်းနှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှုသည်လည်း ၅၇.၅ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း အချက်အလက်များအရ သိရပါသည်။ တရုတ်နိုင်ငံ သမ္မတ Xi Jinping သည် ယခုလ နောက်ပိုင်းတွင် တောင်ကိုရီးယား နိုင်ငံ၌ နှစ်နိုင်ငံကြား စီးပွားရေးပွတ်တိုက်မှုများအား ဆွေးနွေး ရန်အတွက် အမေရိကန်သမ္မတ Donald Trump နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

လွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ထောင်မည့် Hai Phong မြို့တော်

            Hai Phong မြို့တော်အာဏာပိုင်များသည် လွတ်လပ်သောကုန်သွယ်ရေးဇုန် (FTZ)  တည်ထောင်မည်ဟု အောက်တိုဘာလ ၁၆ ရက်နေ့က ကြေညာခဲ့ပါသည်။ ထို FTZ ကို ကုန်ထုတ် လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုများ၊ မြင့်မားသောနည်းပညာနှင့် ဘဏ္ဍာရေးတို့အတွက် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအချက်အချာဖြစ်လာရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထို့ပြင် ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် စိမ်းလန်းမှုတို့ အတွက်လည်းရည်ရွယ်ကြောင်း သိရပါသည်။ မြူနီစပယ်ပြည်သူ့ကော်မတီအောက်ရှိ Hai Phong စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့က FTZ ကိုတိုက်ရိုက်ကြီးကြပ်ကွပ်ကဲမည်ဖြစ်ပြီး စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုပံ့ပိုးမှု၊ ကုန်ထုတ်လုပ်မှုနှင့် ဇုန်အတွင်းလည်ပတ်မည့်လုပ်ငန်းများ အတွက် အခြားဝန်ဆောင်မှုများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု သိရပါသည်။ ၆၂၉၂ ဟတ်တာ ကျယ်ဝန်းပြီး Dinh Vu- Cat Hai စီးပွားရေဇုန်နှင့် တောင်ပိုင်း Hai Phong ကမ်းရိုးတန်းစီးပွားရေး ဇုန်တို့နှင့် ချိတ်ဆက်နေသည့် FTZ တွင် ကုန်ထုတ်လုပ်ခြင်း၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လည်ပတ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာများ၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် အခြားကဏ္ဍများ အတွက် ဧရိယာများပါဝင်မည်ဟု သိရပါသည်။ FTZ သည် ဒေသတွင်းကမ်းရိုးတန်းစီးပွားရေးဇုန် ၃ ခုအတွင်း ပြန့်နှံ့တည်ရှိပြီး တောင်ပိုင်းကမ်းရိုးတန်းစီးပွားရေးဇုန်တွင် ၂၉၂၃ ဟတ်တာ၊ Dinh Vu-Cat Hai စီးပွားရေးဇုန်တွင် ၁၀၇၇ ဟတ်တာနှင့် Cat Hai အထူးစီးပွားရေးဇုန်တွင် ၂၂၉၂ ဟတ်တာ လွှမ်းခြုံထားကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

 

နယ်စပ်ဖြတ်ကျော် e-commerce ပလက်ဖောင်းများက ဗီယက်နမ်ထုတ်ကုန်များအား ဈေးကွက်များသို့ ပိုမိုရောက်ရှိရန် ကူညီပေး

                     လတ်တလောနှစ်များတွင် e-commerce ပလက်ဖောင်းများသည် ဗီယက်နမ်ထုတ်ကုန်များ အား ဝယ်ယူသူများနှင့် ဈေးကွက်များသို့ပိုမိုရောက်ရှိရန် ကူညီပေးခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ် သူများအတွက် အရေးပါသောပို့ကုန်လမ်းကြောင်း ဖြစ်လာကြောင်း သိရပါသည်။ လွန်ခဲ့သည့် ၅ နှစ်ကျော်တွင် Amazon တွင် ရောင်းချခဲ့သည့် ဗီယက်နမ်ထုတ်ကုန်များမှာ ၃၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပစ္စည်းအမျိုးအစား ၁၈ သန်းနီးပါးထိရောက်ရှိခဲ့ကြောင်း သိရပါသည်။ Alibaba.com ဗီယက်နမ်၏ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာ Nguyen Thi Phuong Uyen က နယ်စပ်ဖြတ်ကျော် e-commerce သည် တည်ငြိမ်ပြီး ထိရောက်သောပို့ကုန်လမ်းကြောင်း ဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။ Alibaba.com ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ဒုတိယ ၃ လပတ် ကာလတွင် များစွာသောအမျိုးအစားများတစ်လျှောက် ဗီယက်နမ်တွင်ထုတ်လုပ်သည့်ကုန်ပစ္စည်း များကို ရှာဖွေမှုများမြင့်တက်ခဲ့ပြီး ဖိနပ်က ၁၇၂ ရာခိုင်နှုန်း၊ ထုတ်ပိုးမှုနှင့် ပုံနှိပ်ခြင်းက ၉၄ ရာခိုင် နှုန်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များက ၈၄ ရာခိုင်နှုန်း၊ အစားအစာနှင့် အဖျော်ယမကာက ၇၁ ရာခိုင်နှုန်းနှင့် အလှကုန်ပစ္စည်းများက ၆၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဖွံဖြိုးပြီး နိုင်ငံများသည် ဗီယက်နမ်တွင် ၎င်းတို့၏မှာယူမှုများ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက King Coffee ၊ AnEco ၊ Sunhouse နှင့် Lafooco ကဲ့သို့သောအမှတ် တံဆိပ်များသည် နိုင်ငံတကာ e-marketplaces များတွင် နေရာရလာကြောင်း မှတ်ချက်ပြုခဲ့ပါ သည်။ ထိုရလဒ်များကဗီယက်နမ်သည် ကမ္ဘာလုံးဆိုင်ရာ e-commerce တွင် တည်ရှိမှုကြီးထွား လာသည်ကို ပြသနေကြောင်း သိရပါသည်။ ဥပမာအနေဖြင့်ဆိုပါက SUKAVINA ကုမ္ပဏီသည် Alibaba.com နှင့် ပူးပေါင်းပြီး ၇ လအကြာတွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်မေလတွင် ထိုကုမ္ပဏီသည် ဂျပန်နှင့် အိန္ဒိယတို့နှင့် အမေရိကန်‌ဒေါ်လာ ၂.၅ သန်းတန်စာချုပ် ၂ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ယခုနှစ်တွင် ဗီယက်နမ်၏ e-commerce ဈေးကွက်သည် အမေရိကန်‌ဒေါ်လာ ၂၅ ဘီလီယံကိုကျော်ဖြတ်ပြီး ၂၀၂၄ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းမြင့်တက်ရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏  e-commerce နှင့် ဒစ်ဂျစ်တယ်စီးပွားရေး အေဂျင်စီ၏ ဒုတိယညွှန်ကြားရေးမှူး Lai Viet Anh က ဌာနသည် ဥပေဒမူဘောင်များတိုးတက်ရန်၊ နိုင်ငံတော်ဒစ်ဂျစ်တယ်ပလက်ဖောင်းများအကောင်အထည်ဖော်ရန်နှင့် လုပ်ငန်းများကိုပံ့ပိုးပေးရန် အစရှိသည့် အဓိကဧရိယာ ၃ ခုကို အဓိကအာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါသည်။ ထိုဥပဒေ စင်္ကြန်သည် ဒစ်ဂျစ်တယ်နယ်ပယ်တွင်ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များလွယ်ကူချောမွေ့စေရန်   ကူညီပေးနိုင်မည်ဟုသိရပါ   သည်။

DOCA (ရန်ကုန်)

ဗီယက်နမ်-ကမ္ဘောဒီးယားကုန်ထုတ်လုပ်မှုချိတ်ဆက်ရေးကွန်းဖရန့်ကိုလက်ခံကျင်းပမည့် An Giang

        ကမ္ဘောဒီးယားမိတ်ဖက်များနှင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတို့တွင် ချိတ်ဆက်မှုမြှင့်တင်မည့် ကွန်းဖရန့်ကို ကမ္ဘောဒီးယားနယ်စပ်ရှိ An Giang ပြည်နယ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရပါသည်။၂၀၂၅ ခုနှစ် နိုင်ငံတော်ကုန်သွယ်မှုမြှင့်တင်ရေးပရိုဂရမ်အောက်တွင် အဓိကဆောင်ရွက်မှုဖြစ်သည့် ထိုအခမ်း အနားသည် ဗီယက်နမ်မြောက်ပိုင်းတွင် ကုန်သွယ်ရေးကြီးထွားမှုအရှိန်မြှင့်တင်ရန်၊ ဒေသခြင်း ချိတ်ဆက်မှုအားကောင်းရန်နှင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက် မှုတိုးချဲ့ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ မြောက်ပိုင်းပြည်နယ်နှင့်မြို့တော်များ၏ပြည်သူ့ကော်မတီများနှင့် သက်ဆိုင်ရာကမ္ဘောဒီးယား အေဂျင်စီများကပူးတွဲကြီးမှူးကျင်းပသည့်ထိုကွန်းဖရန့်သည် နှစ်နိုင်ငံစလုံးမှဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များ၊ စီးပွားရေးအသင်းများနှင့် လုပ်ငန်းများထံမှ တာဝန်ရှိသူ ၂၀၀ မှ ၂၅၀ ကြား ဆွဲဆောင်နိုင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။ ပါဝင်မည့်စီးပွားရေးလုပ်ငန်းများသည် စိုက်ပျိုး မွေးမြူရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ အစားအစာနှင့် စားသုံးကုန်များ၊ အဝတ်အထည်-အထည် အလိပ်နှင့် ဖိနပ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ဆေးဝါးများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုအစရှိသည့် ကျယ်ပြန့်သည့် ကဏ္ဍများမှပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ၏ အဆို အရ ထိုကွန်းဖရန့်သည် မူဝါဒဆွေးနွေးမှုစင်မြင့်တစ်ခုသာမက ဗီယက်နမ်နှင့် ကမ္ဘောဒီးယား လုပ်ငန်းများက အတွေ့အကြုံများဖလှယ်ရန်၊ စီးပွားရေးအခွင့်အလမ်းသစ်များရှာဖွေရန်နှင့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကွန်ယက်များ တိုးချဲ့ရန်အခွင့်အလမ်းသစ်များတိုးချဲ့ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ အဓိကဆွေးနွေးမှုများသည်ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုမူဝါဒများတိုးတက်ရန်၊ နယ်စပ်ဂိတ်အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်နှင့် နှစ်နိုင်ငံစလုံးမှ စီမံခန့်ခွဲရေးအေဂျင်စီများ၊ အသင်းများနှင့် လုပ်ငန်းများအကြား ရေရှည်ပူးပေါင်း ဆောင်ရွက်မှုယန္တယားများတည်ထောင်ရန်တို့အပေါ် အဓိကထားမည်ဖြစ်ကြောင်း သိရပါသည်။ ကွန်းဖရန့်တွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားလုပ်ငန်းများနှင့် အဖွဲ့အစည်းများအကြား MoU လက်မှတ်ရေးခြင်းအခမ်းအနားတို့ပါဝင်မည်ဟု သိရပါသည်။

 DOCA (ရန်ကုန်)

                                                                                  

                                                                                               

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ