၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ သြဂုတ်လအထိ GFT တင်ပို့မှုသည် ကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားထုတ်ကုန် (GFT) တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ (၈) လတွင် ကန်ဒေါ်လာ ၁၀.၆ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက စံချိန်တင်ခဲ့သည့် ကန်ဒေါ်လာ ၈.၉၄ ဘီလီယံထက် ၁၈.၅ ရာခိုင်နှုန်း တိုးခဲ့ကြောင်း ကမ္ဘောဒီးယား အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။ အထည်ချုပ်ထုတ်ကုန်များသည် ဇန်နဝါရီမှသြဂုတ်လအတွင်း ကန်ဒေါ်လာ သန်း ၇၇၃၀ ရှိပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ သန်း ၆,၄၈၀ မှ ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖိနပ်တင်ပို့မှု ပမာဏမှာ ကန်ဒေါ်လာ ၁,၄၀၁ သန်းရှိပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၁,၀၈၉ သန်းမှ ၂၈.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ခရီးသွား ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁,၄၇၈ သန်းရှိပြီး ယမန်နှစ်က ကန်ဒေါ်လာ ၁,၃၇၅ သန်းထက် ၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ နိုင်ငံတော်၏ GFT ထုတ်ကုန်များအတွက် အဓိကစျေးကွက်များမှာ အမေရိကန်၊ အီးယူ၊ ကနေဒါနှင့် ဂျပန်တို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် GTF ကုန်ပစ္စည်းများ၊ ဆိုလာပြားများ၊ ပရိဘောဂများနှင့် စက်ဘီးများကို အနှစ်သက်ဆုံးနိုင်ငံများ၏ ကုန်သွယ်မှုဦးစားပေးအစီအစဉ်အရ US သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)