တောင်ကိုးရီးယား Jeju တွင် ကျင်းပသည့် APEC Trade Envoys ဆွေးနွေးပွဲ၌ ကဏ္ဍပေါင်းစုံ ပူးပေါင်းမှုနှင့် Digital Trade ရှေ့ဆက်မည့်လမ်းကြောင်းများ ဆွေးနွေး

Asia-Pacific Economic Cooperation (APEC) ၏ တာဝန်ရှိသော ကုန်သွယ်ရေးအရာရှိကြီးများ (Trade Envoys) သည် မေလ ၁၃ ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ၊ Jeju ကျွန်း၌ မျှော်လင့်မှု အပြည့် အဝဖြင့် မျှဝေမှုရှိသော ဆွေးနွေးပွဲတစ်ရပ်တွင် တွေ့ဆုံခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲတွင် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု (Multilateral Cooperation)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင် ပြောင်းလဲမှု များနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှု (Digital Trade) တို့ကဲ့သို့သော ခေတ်ပြိုင် အရေးကြီးသော အကြောင်း အရာများကို အဓိကထား၍ ဆွေးနွေးခဲ့ကြကြောင်း Reuters သတင်းတင်ဆက်မှုများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)








