၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံကျော်သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများရရှိခဲ့သည့် ဟနွိုင်းမြို့တော်

Powered by Drupal

          ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် အမေရိကန်ဒေါ်လာ ၃.၉၁ ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂.၄ ဆမြင့်တက်ခဲ့ကြောင်း မြို့တော်၏ စာရင်းအင်းရုံး၏ အဆိုအရသိရပါသည်။ ဇန်နဝါရီလမှ အောက်တိုဘာလအထိတွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၁၆.၇ သန်းမတည်ရင်းနှီးငွေရှိသော FDI စီမံကိန်းသစ် ၃၄၂ ခုကို မှတ်ပုံတင်ခဲ့ပြီး တည်ရှိပြီး စီမံကိန်း ၁၂၀ ခု၏ မတည်ရင်းနှီးငွေချိန်ညှိမှုတန်ဖိုးမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၂၁ ဘီလီယံရှိကြောင်း သိရပါသည်။ သိသာထင်ရှားစွာပါဝင်သူမှာ မလေးရှား၏ Gamuda Land Vietnam ကုမ္ပဏီလီမိတက်ဖြစ်ပြီး ၎င်းတို့၏ Yen So စက်မှုဥယျာဉ်၏ ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံထိမြှင့်တင်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံခြားရင်းနှီး မြုပ်နှံသူများမှာ အမေရိကန်ဒေါ်လာ ၃၇၅.၃ သန်းတန်ဖိုးရှိသော မတည်ငွေပူးပေါင်းပါဝင်မှုနှင့် ရှယ်ယာဝယ်ယူမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလ၌ ဟနွိုင်းတွင် စုစုပေါင်း မတည်မှတ်ပုံတင်ရင်းနှီးမြှုပ်နှံမှု အမေရိကန်‌ဒေါ်လာ ၁.၈၇ ဘီလီယံတန်ဖိုးရှိသော လုပ်ငန်းသစ် ၂၈၁၄ ခုတည်ထောင်ခဲ့ကြောင်း သိရပါသည်။ စီးပွားရေးလည်ပတ်မှု ပြန်လည်စတင်သည့် လုပ်ငန်း အရေအတွက်မှာ ၇၉၃ ခု၊ လည်ပတ်မှုယာယီပိတ်သိမ်းသည့် လုပ်ငန်းအရေအတွက်မှာ ၁၆၅၈ ခုနှင့် လည်ပတ်မှုတရားဝင်ဖျတ်သိမ်းသည့်လုပ်ငန်းအရေအတွက်မှာ ၉၃၇ ခုရှိကြောင်း သိရပါသည်။ ယခု ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင်မူ မြို့တော်သည် စုစုပေါင်းမတည်ငွေ ဗီယက်နမ်ဒေါင် ၃၃၇.၉ ဘီလီယံတန်ဖိုးရှိသော စီးပွားရေးလုပ်ငန်း ၂၇၈၀၀ ခုကို မှတ်ပုံတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၁.၁ ရာခိုင်နှုန်းနှင့် ၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း လုပ်ငန်းပေါင်း ၈၀၀၀ မှာ လည်ပတ်မှုပြန်လည်စတင်ခဲ့ပြီး ၂၅၅၀၀ ခုမှာ ဆိုင်းငံ့ထားကာ ၆၃၀၀ ခုမှာ တရားဝင်ဖျတ် သိမ်းခဲ့ကြောင်း သိရပါသည်။ မြို့တော်သည် အချိန်မီနှင့် ထိရောက်စွာဆောင်ရွက်ပေးနိုင်ရန်အတွက် ၁၀၀ ရာခိုင်နှုန်းအွန်လိုင်းမှတ်ပုံတင်နှုန်းထားကို ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)