
ဗီယက်နမ်တွင်ကျင်းပခဲ့သည့် Golden Autumn Fair 2025 တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာမိတ်ဖက်များအကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ နည်းပညာလွှဲပြောင်းမှု၊ ထောက်ပံ့မှုကွင်းဆက်တည်ထောင်မှုနှင့် ပို့ကုန်ပူးပေါင်းဆောင်ရွက်မှုတို့ပါဝင်သည့် ကွဲပြားသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်နှင့် နားလည်မှုသဝဏ်လွှာ (MoU) ၁၀၀ ကျော်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ပွဲတော်အတွင်း ကြီးမားသော အရေအတွက်ရှိသော စာချုပ်များနှင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းက ပွဲတော်၏ ပုံရိပ်နှင့် ဂုဏ်ဒြပ်ကို မီးမောင်းထိုးပြနေပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးမြေပုံတွင် လွှမ်းမိုးမှု ကြီးထွားလာမှုကို အသားပေးပြသနေကြောင်း သိရပါသည်။ တည်ငြိမ်သောရင်းနှီးမြှုပ်နှံမှု ဝန်းကျင်၊ ငယ်ရွယ်သောလုပ်သားထု၊ အးကောင်းသောစားသုံးသူဝယ်ယူအားနှင့် နိုင်ငံခြားလုပ်ငန်းများကို တွန်းအားပေးသည့် မူဝါဒများနှင့်အတူ ဗီယက်နမ်သည် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုအားကောင်းသောနိုင်ငံဖြစ်နေကြောင်း သိရပါသည်။ လက်မှတ်ရေးထိုးခဲ့သည့် MoU များနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များသည် ဗီယက်နမ်စီးပွားရေး၏ တံခါးဖွင့်လှစ်ထားမှုနှင့် တက်ကြွမှုကို သရုပ်ပြနေကြောင်း သိရပါသည်။ ကြီးမှူးကျင်းပသည့် ကော်မတီ၏အဆိုအရ ပွဲတော်ကို ဝယ်ယူရန်၊ အတွေ့အကြုံနှင့် အခွင့်အလမ်းရှာဖွေရန်အတွက် နေ့စဉ်လည်ပတ်သူ ထောင်သောင်းချီလာရောက်လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ပြပွဲဇုန်များ၊ Themed ပြခန်းများနှင့် cultural-commercial spacesများသည် ပြပွဲ၏ ပြည်တွင်းစားသုံးမှု လှုံ့ဆော်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်တင်ရန်နှင့် နိုင်ငံတကာမိတ်ဖက်များ၏ မျက်စိရှေ့တွင် ဗီယက်နမ်၏ဖော်ရွေမှုနှင့် ဆန်းသစ်တီထွင်မှုပုံရိပ်အားကောင်းရန် ရည်မှန်းချက်များကို ပြသနေကြောင်း သိရပါသည်။ ပြပွဲမူဘောင်အတွင်း ကုန်သွယ်မှုမြှင့်တင်ရေးအခမ်းအနား ၃၀ ကျော်၊ ထုတ်လုပ်သူနှင့် ဝယ်ယူသူချိတ်ဆက်မှုအစည်းအဝေးများ၊ စီးပွားရေးကွန်ယက်ချိတ်ဆက်မှု အလုပ်ရုံဆွေးနွေးပွဲများနှင့် ဖိုရမ်များကို ကျင်းပခဲ့ကြောင်း သိရပါသည်။ များစွာသော နိုင်ငံတကာ စီးပွားရေးချိတ်ဆက်မှုအစည်းအဝေးများကိုလည်းဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူ၊ နယူဇီလန်နှင့် ဥရောပသမဂ္ဂတို့မှ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
