ပြည်ပကုန်သွယ်မှုသတင်းများ
ကိုလံဘီယာသမ္မတ Gustavo Petro က ဂါဇာတွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုကို ဆိုင်းငံထားမည်ဟု ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ရက်နေ့ (စနေနေ့) တွင်ကြေညာခဲ့သည်။
ကျောက်မီးသွေးတင်ပို့မှုသည် ဂါဇာကမ်းမြောင်တွင် လူမျိုးတုံးသတ်ဖြတ်မှုရပ်တန့်သွားမှသာ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း Petro က ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင်ရေးသားခဲ့သည်။ ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်များရုပ်သိမ်းသင့်သည်ဟူသော မကြာသေးမီက အပြည် ပြည်ဆိုင်ရာတရားရုံး၏အမိန့်ကို အစ္စရေးကလိုက်နာမှသာ ကျောက်မီးသွေးတင်ပို့မှုကို ပြန်လည်စတင်နိုင်မည်ဟု Petro က ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်ပထမလေးလတွင် ထုတ်လုပ်မှုလျှော့ကျခဲ့သော်လည်း ထိုင်းနိုင်ငံမော်တော် ဆိုင်ကယ်ထုတ်လုပ်မှုပမာဏသည် ယခုနှစ်အတွက်ရည်မှန်းချက်ဖြစ်သည့်အစီးရေ (၂.၁၂)သန်း ကို ရောက်ရှိရန်မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI) ပြောကြားခဲ့ပါသည်။ နိုင်ငံတွင် အိမ်ထောင်စုအကြွေးနှုန်းမြင့်တက်လာမှုကြောင့် ဘဏ်များမှာငွေချေးရာတွင် ပိုမိုစိစစ်လာမှုကြောင့် ကားထုတ်လုပ်သူများကဲ့သို့ မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများမှာ စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားနည်းသည့်ပြသနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ FTI ၏ ဒုတိယ ဥက္ကဌနှင့် မော်တော်ယာဥ်စက်မှုလုပ်ငန်းအသင်း၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ

ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ပြည်တွင်းမှ ဆန်တင်ပို့သူများကို အမေရိကန်ဈေးကွက်ရှာဖွေရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် အမေရိကန်နိုင်ငံ Otis Mcallister ကုမ္ပဏီမှ ကမ္ဘာလုံး ဆန်နှင့်ကောက်ပဲ သီးနှံရင်းမြစ်ရှာဖွေရေး ဒုတိယဥက္ကဌ Patrick Murphy၊ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူပြုလုပ်သည့် ကမ္ဘောဒီးယားမှဆန်များကို အမေရိကန်ဈေးကွက်သို့ ပိုမို ပို့ဆောင်နိုင်မည့် ဖြစ်နိုင်ချေများကို ဆွေးနွေးသည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်

ဒတ်ချ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ရေးဆွဲထုတ်လုပ်သည့် NXPကုမ္ပဏီနှင့် ထိုင်ဝမ် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သော TSMC ကုမ္ပဏီ၏ကျောထောက်နောက်ခံပြု Vanguard International တို့သည်မော်တော်ယာဥ်၊ စက်မှုလုပ်ငန်း၊ လူသုံးကုန်နှင့်မိုဘိုင်းကုန် စျေးကွက်များ ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇.၈ဘီလီယံတန်ဖိုးရှိသော တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုစက်ရုံကို စင်ကာပူနိုင်ငံတွင် တည်ဆောက်ရန် ဖက်စပ်ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ကုမ္ပဏီများက ဇွန်လ ၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုး ပမာဏရှိသည့် ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) အဆိုအရ သိရပါသည်။ အဆိုပါကာလအတွင်း တူနာငါးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၉၇ သန်း ပမာဏရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တူနာဈေးကွက်ကျွမ်းကျင်သူ Nguyen Ha က ငွေကြေးဖောင်းပွမှုကို စိတ်ကုန်နေသော စားသုံးသူများသည် ငွေကြေးချွေတာလာကြပြီး ဈေး

ရုရှားနိုင်ငံသည် PPP (Purchasing Power Parity) သတ်မှတ်ချက်အရ ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့စတုတ္တအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာကြောင်း ဇွန်လအစတွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်မှပြန်လည်ပြင်ဆင်ထားသော အချက်အလက်များအရ သိရသည်။

အင်ဒိုနီးရှား၏ စိုက်ပျိုးရေးဝန်ကြီးဌာန၏ စိုက်ပျိုးရေးတိုးချဲ့ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (BPPSDMP) အကြီးအကဲ Dedi Nursyamsi က ၂၀၂၃ ခုနှစ်၏ ရှည်လျားလှသော ခြောက်သွေ့သောရာသီဥတုအခြေအနေများကြောင့် ဆန်ထုတ်လုပ်မှုလျော့ကျသွားကြောင်း ဇွန်လ ၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထောက်ပြခဲ့သည်။

ထိုင်းနိုင်ငံ၌ စားအုန်းဆီကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံလုပ်ငန်းရှင်များအနေဖြင့် တောင်သူများထံမှ ဆီအုန်းသီး တစ်ကီလိုဂရမ်လျှင် အနည်းဆုံး ဘတ်ငွေ ၄ ဒသမ ၅၀ နှုန်းဖြင့်ဝယ်ယူရန် ညွှန်ကြားချက်ကို ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Suriam က လက်မှတ်ရေးထိုးပြီး စားအုန်းဆီ ကြိတ်ခွဲထုတ်လုပ်ရေးအသင်း၏ ဥက္ကဋ္ဌထံ ၂၉-၅-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပေးပို့လျက် ထုတ်ပြန်ထားကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့သည့် ဗီယက်နမ်ဆန်ဈေးနှုန်းသည် ယခုအခါ ဆဋ္ဌမနေရာသို့ ကျဆင်းသွားခဲ့သည်။ ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်မှာ မေလ ၃၀ ရက်နေ့၌ တစ်တန်လျှင် ၅၇၄ ဒေါ်လာ ဈေးရရှိခဲ့ပြီး အမေရိကန်၊ ထိုင်း၊ ပါကစ္စတန်၊ မြန်မာနှင့် အိန္ဒိယတို့ထက် လျော့နည်းခဲ့ကြောင်း ဗီယက်နမ်စားသောက်ကုန်လုပ်ငန်းအသင်း၏ ဖော်ပြချက် အရ သိရသည်။
ဘရာဇီးနိုင်ငံသည် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်တွင်းဆန်ဈေးနှုန်းများကို တည်ငြိမ်စေရန်အတွက် ဇွန်လ ၆ ရက်နေ့တွင် ဆန်တန်ချိန် ၃ သိန်းကို တင်ဒါစနစ်ဖြင့် ဝယ်ယူ သွားမည်ဖြစ်ပါသည်။ ဆန်စပါးကဏ္ဍတွင် ရှားပါးလှသည့် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှု အဖြစ် ထုပ်ပိုးသည့်အိတ်ခွံပေါ်တွင် ဘရာဇီးငွေကြေးအားဖြင့် ရောင်းဈေး ၁ ကီလိုဂရမ်လျှင် ၄ ရီရယ်ဟု အစိုးရ၏အမှတ်တံဆိပ် ခတ်နှိပ်ထားရှိသည့် အရန်သင့်ရောင်းချနိုင်သော ၅ ကီလိုဂရမ်ဝင် ဆန် အိတ်များကို ဝယ်ယူသွားမည်ဖြစ်ပါသည်။ အစိုးရ၏ စားနပ်ရိက္ခာဖူလုံရေး အေဂျင်စီဖြစ်သော CONAB သည် အဆင့်-၁ ဆန်ကို ဝယ်ယူရန်အတွက် စည်းမျဉ်းများနှင့် အရည်အသွေး သတ်မှတ
ထိုင်းကော်ဖီဈေးကွက်၌ စားသုံးသူများ၏ လူနေမှုပုံစံဖြင့် လည်ပတ်လျက်ရှိသော ပြည်တွင်းစားသုံးမှုနှင့် တင်ပို့ရန်ပြုပြင်ထုတ်လုပ်မှုတို့ တိုးတက်လျက်ရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ကော်ဖီထုတ်ကုန်များအား တန်ဖိုးမြင့်စေသည့် အဓိကအားသာချက် တစ်ခုအဖြစ် ကော်ဖီစေ့ကုန်ကြမ်းများမှတစ်ဆင့် ကော်ဖီကုန်ချောများအဖြစ် ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရန်အတွက် အလားအလာရှိကြောင်း ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn ၏ ပြောကြားချက်အရ သိရသည်။
အင်ဒိုနီးရှားနိုင်ငံပိုင် Bulog ဝယ်ယူရေးအေဂျင်စီက မကြာသေးမီ၌ ခေါ်ယူခဲ့သော တင်ဒါတွင် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များသည် ဆန်တန်ချိန် ၁၀၀၀၀၀ အတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် လေလံအောင်မြင်ခဲ့ပြီးနောက် ကုမ္ပဏီများအကြား တစ်ဦးနှင့် တစ်ဦး ဈေးပြိုင်လျှော့ရောင်းမှုနှင့် ဈေးနှုန်းစစ်ထိုးမှုများတွင် ပါဝင်ခြင်းတို့ကို ကာကွယ်တားဆီး နိုင်ရန်အတွက် ဗီယက်နမ်ဆန်တင်ပို့မှုနယ်ပယ်၌ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းစနစ် ချမှတ်ဆောင်ရွက် သင့်သည်ဟု လေ့လာဆန်းစစ်သူများက ပြောဆိုလျက်ရှိကြောင်း မလေးရှား The Star Online သတင်းဌာနက ဖော်ပြပါသည်။