ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
02 Sep 2024

   ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်ဆန်စွာအကောင်အထည်ဖော်ရေး ၂၂-၈-၂၀၂၄ ရက်နေ့၊ ကြာသပတေးနေ့တွင် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြောင်း သိရှိရသည်။

02 Sep 2024

     ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မှုနှင့်အတူ မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်ခြင်းက အနည်းဆုံး ခရိုင် ၁၂ ခု၌ စိုက်ပျိုးထားရှိသော မိုးကြိုစပါးများ၊ မိုးစပါးများ၊ မိုးစပါးပျိုးခင်းများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ကြီးမားစွာ ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း The Business Standard သတင်းဌာနက ဖော်ပြပါသည်။

30 Aug 2024

    ဂျပန်နိုင်ငံ၏ ရေခဲမုန့်များအား ပြည်ပမှ ဝယ်လိုအား မြင့်တက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် ရေခဲမုန့်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၂၃.၅% တိုးမြှင့်လာခဲ့ပြီး ယန်း ၈ ဘီလီယံ အထိစံချိန်တင်မြင့်မားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းဇယား အရ သိရသည်။ ပမာဏအားဖြင့် ၁၀၁၃၈ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၁၉.၈% တိုးတက်ခဲ့ သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းပို့ကုန်များတဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

28 Aug 2024

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပါကစ္စတန်၏ ပြည်တွင်း ပို့ကုန်သည် ၈.၉၀% သိသိသာသာတိုးတက်လာပြီး နိုင်ငံ၏ ကုန်သွယ်မှုစွမ်းဆောင်ရည်တွင် အပြုသဘောဆောင် လမ်းကြောင်းကို ရောင်ပြန်ဟပ်စေခဲ့သည်။

28 Aug 2024

      တူရကီနိုင်ငံသည် များစွာသော စီမံကိန်းများနှင့် ထုတ်လုပ်ရေးပရိုဂရမ်များအား လတ်တလောနှစ်များအတွင်း အကောင်အထည်ဖော်နိုင်ခဲ့သည့်ကျေးဇူးနှင့် များစွာသော နိုင်ငံတကာ ကားထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ခဲ့သောကြောင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ အတွက် ဆွဲဆောင်ချက်ဗဟိုဖြစ်လာကြောင်း သိရပါသည်။ တူရကီသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်တွင် များစွာသော စက်ရုံများကို တည်ထောင်ရာတွင် တက်ကြွစွာ ဆောင်ရွက်နေခြင်း၊ နိုင်ငံ၏ ပထဝီမြေနေရာအရေးသာမှုနှင့် ၎င်းတို့၏ ငယ်ရွယ်ပြီး အရည်အသွေး ရှိသော လုပ်သားထုတို့သည် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကြီးများက တူရကီအား သုတေသန နှင့် ဖွံ့ဖြိုးတို

28 Aug 2024

     တန်ဇနီးယားရင်းနှီးမြှုပ်နှံမှုစင်တာ(TIC)က ယခုနှစ်၏ ပထမ ၇ လတာကာလတွင် တန်ဇနီးယား၌ မှတ်ပုံတင်ခဲ့သော စီမံကိန်း ၄၉၀ ခုရှိပြီး တန်ဖိုးအမေရိကန်‌ဒေါ်လာ ၄ ဘီလီယံခန့် ရှိကြောင်း ပြောကြားခဲ့ပါသည်။ TIC ၏ အဆိုအရ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၉၀ ခု မှတ်ပုံတင်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ထိပ်ဆုံးတွင် ဦးဆောင်နေကာ အလုပ်အကိုင် ၁၆၃၃၅၆ ကို ဖန်တီးပေးထားကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်း ၂၆၇ ခုရှိပြီး အလုပ်အကိုင် ၃၉၂၃၀ ကို ခန့်အပ်ထားနိုင်သည့်အတွက် သိသာစွာမြင့်တက်လာခဲ့ကြောင်း သိရပါသည်။ စီမံ

28 Aug 2024

      မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar သည် အိန္ဒိယနိုင်ငံသို့ ၃ ရက်တာ တရားဝင် အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၄.၅ ဘီလီယံခန့်သည် မလေးရှားနိုင်ငံ၏ ကဏ္ဍပေါင်းစုံနှင့် ကုမ္ပဏီများထံ ဝင်ရောက်လာမည်ဟု သိရပါသည်။  မလေးရှားနိုင်ငံသည် စားအုန်းဆီ၊ စားအုန်းဆီအခြေခံထုတ်ကုန်များ၊ ဓာတုပစ္စည်းများနှင့် ဓာတုထုတ်ကုန်များ၊ ရေနံဆီနှင့်ဓာတ်ငွေ့၊ လေယာဉ်အပိုပစ္စည်းကဏ္ဍတို့တွင် ရင်းဂစ် ၈ ဘီလီယံတန်ဖိုးရှိသည့် အလားအလာရှိသော ကုန်သွယ်ရေးကိုရရှိခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် မလေးရှားနှင့်အိန္ဒိယကြား စုစုပေါင်

28 Aug 2024

     ကမ္ဘောဒီးယားနိုင်ငံနှင့်ဥရုဂွေးနိုင်ငံတို့သည် နှစ်နိုင်ငံအကြားစိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အထူးသဖြင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဆွေးနွေးမှုကို ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါး လုပ်ငန်းဝန်ကြီးဖြစ်သူ Dith Tina နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဥရုဂွေးသံအမတ်ကြီး Valeria Csukasi Cabrera တို့က ဖနွမ်းပင်မြို့ရှိ ဝန်ကြီးရုံးတွင် ၂၁-၈-၂၀၂၄ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။  Tina က ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့်ဆက်စပ်သည့် မူဝါဒကို အကျဉ်းချုပ်ပြောကြားခဲ့ပြီး ကမ္

28 Aug 2024

    တရုတ်နှင့်အာဖရိကနိုင်ငံများအကြား ကုန်သွယ်ရေးနှင့်စီးပွားရေးပေါင်းစပ်မှုသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် တည်ရှိနေကြောင်း သိရပါသည်။ တရုတ်သည် အာဖရိက၏ အကြီးမားဆုံးကုန်သွယ်‌ရေးမိတ်ဖက်အဖြစ် ၁၅ နှစ်ဆက် ရပ်တည်နေပြီး အာဖရိကတွင် စတုတ္ထအကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်- အာဖရိကကုန်သွယ်မှုသည် စံချိန်တင်အမေရိကန်ဒေါ်လာ ၂၈၂.၁ ဘီလီယံရှိခဲ့ကြောင်း သိရပါ သည်။ ထိုနှစ်တွင် တရုတ်၏စွမ်းအင်သစ် မော်တော်ယာဉ်များနှင့် လစ်သီယံဘတ္ထရီများ အာဖရိကသို့ တင်ပို့မှုမှာ ၂၀၂၂ ခုနှစ်ကထက် ၂၉၁ ရာခိုင်နှုန်းနှင့် ၁၀၉ ရာခိုင်နှုန်း အသီးသီးမြင့်တက

28 Aug 2024

    နိုင်ငံတော်သမဝါယမပို့ကုန်လီမီတက် (NCEL)မှတစ်ဆင့်မလေးရှားနိုင်ငံသို့ ဘာစမာတီ မဟုတ်သော ဆန်ဖြူတန်ချိန် ၂ သိန်းအားတင်ပို့ခွင့်ပြုထားကြောင်းသိရသည်။

     ပြည်တွင်းထောက်ပံ့မှုမြှင့်တင်ရန်အတွက် ဘာစမာတီမဟုတ်သောဆန်ဖြူ တင်ပို့မှုကို ၂၀၂၃ ခုနှစ်ဇူလိုင်လ၂၀ရက်နေ့ကတည်းကပိတ်ပင်ထားသော်လည်း အချို့သောနိုင်ငံများမှ ၎င်းတို့၏ ကိုယ်စား စားနပ်ရိက္ခာလိုအပ်မှု လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် အစိုးရမှခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ပြုထားသည်။

28 Aug 2024

     စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဘတ်ငွေ ၁၀ ဘီလီယံကျော်နှင့်တကွ Changan Automobile ၏ အရှေ့တောင်အာရှတွင် ပထမဆုံးသော လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံကို ၂၀၂၅ခုနှစ် မတ်လ တွင်ထိုင်းနိုင်ငံ၌ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း Chongqing အခြေစိုက်ကုမ္ပဏီ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်သည့်Changan Auto Southeast Asia မန်နေဂျင်းဒါရိုက်တာ Shen Xinghua မှ ပြောကြားခဲ့သည်။

28 Aug 2024

      ကမ္ဘာ့ဈေးကွက်ဝယ်လိုအား တိုးမြှင့်လာမှု၊ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာမှု၊ ဈေးကွက်အသစ်များသို့ ချဲ့ထွင်လာမှုတို့ကြောင့် ယခုနှစ်အတွင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့မှု ၁၀%တိုးလာမည်ဟု ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မျှော်မှန်းထားသည်။

Pages