ကမ္ဘောဒီးယားသည် တရုတ်-ကမ္ဘောဒီးယား ကုန်စည်ပြပွဲ ၂၀၂၅ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံ၊ Frank Inman Exhibition Co.,Ltd. မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သည့် “China Cambodia Commodity Trade Fair 2025” ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူး Samheng Bora မှ ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ယဉ်ကျေးမှုနှင့် အနုပညာ ဝန်ကြီးဌာန၊ အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာန၊ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (CDC)၊ ကမ္ဘောဒီးယား ကုန်သည်ကြီးများ အသင်း (CCC)၊ ကမ္ဘောဒီးယားနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း၊ ကမ္ဘောဒီးယား နိုင်ငံရပ်ခြား စီးပွားရေး လုပ်ငန်းရှင်များ အသင်းနှင့် ကမ္ဘောဒီးယား-တရုတ် လုပ်ငန်းရှင်များ နှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြသည်။ ၂၉-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော MoC ၏ ထုတ်ပြန်ချက်အရ Bora သည် ကမ္ဘောဒီးယား Frank Inman Exhibition Co., Ltd. ကို ကောင်းမွန်စွာကျင်းပနိုင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံကို အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်ခြင်းအတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ကြား ခိုင်မာသော သံတမန်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးကို အထူးအလေးထားပြီး နှစ်နိုင်ငံ တရားဝင် လည်ပတ်မှုများနှင့် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ အသီးသီးအဆင့်မြင့် အစည်းအဝေးများ တွင် အပြန်အလှန်ဖလှယ်ခြင်းများ ပြုလုပ်ခဲ့သည်။

Source: Khmer Times                                                                                   

DOCA(  ရန်ကုန်)