သတင်းနှင့် လှုပ်ရှားမှုများ
ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် လုပ်ငန်းရှင်များအားဟောပြောပွဲများကို လစဉ်ဆောင် ရွက်လျက်ရှိရာ (၂၃.၂.၂၀၂၅)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးသည် ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကုန်စုံဆိုင်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးခြင်းအား ဟောပြော ဆောင်ရွက်ခဲ့ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ရန်၊ ထုတ်ကုန် လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက် ရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင် တွေ့ဆုံခြင်း၊ စားသုံးသူအသိပညာပေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့နယ် တာဝန်ခံသည် (၂၄.၂.၂၀၂၅)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၃.၂.၂၀၂၅)ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၃.၂.၂၀၂၅)ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ရွှေနဒီခန်းမ၌ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၂.၂.၂၀၂၅)ရက်နေ့ နံနက်(၇:၀၀) အချိန်တွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကုတင်(၂၀၀)ဆေးရုံဝန်းအတွင်:စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြသည်။
