
(၃.၁၂.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ရွှေပြည်သာမြို့နယ်ရှိ နဝရတ်ဈေးတွင် ရောင်းချလျက်ရှိသော ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နဝရတ်ဈေးတွင် ရောင်းချနေသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းများ ကောက်ယူခဲ့ပြီး ဈေးနှုန်းမြင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် သက် ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
