သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ မြို့သစ် ရပ်ကွက်အတွင်းရှိ “ထွန်း” အမှတ်တံဆိပ် ဝက်ခေါက်၊ အမဲခေါက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့

၂၂.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်ရှိ Kyaw Computer and Mobile ဆိုင်သို့ အွန်လိုင်းမှတ်ပုံ တင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ (၂၃.၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ သထုံမြို့နယ်ရုံးမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် (၂၂.၂.၂၀၂၅) ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ အောင်ဆန်း(၂)ရပ်ကွက်ရှိ Kaung Lyan New Asia CoL,d ကုမ္ပဏီသို့ ယာဉ်အမှတ် 3B-4329 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၇) ပေပါ၊ 4G-2351 မော်တော်ယာဉ်ဖြင့် (၄) ပေပါ၊ 2B-6298 မော်တော်ယာဉ်ဖြင့် (၁၅) ပေပါ စုစုပေါင်း (၄၆) ပေပါ တင်ဆောင်လာကြောင်း သိရှိရပါသည်။

၂၁.၂.၂၀၂၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာအခွန်လွတ်ဈေး၌ အခြေခံ စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအား ဆောင်ရွက်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးမှ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
