သတင်းနှင့် လှုပ်ရှားမှုများ
ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီလ (၂၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ယခုနှစ်နွေစပါး (၁၇၃၈၁) ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီး လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ပျိုးပြီးနွေစပါးများ ဖြစ်ထွန်းအောင်မြင်လျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီလ (၂၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းဝေးခန်းမ၌ ရပ်ကွက်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၊ ဖေဖော်ဝါရီလ (၂၅) ရက်

သုံးခွမြို့နယ်၊ ဖေဖော်ဝါရီလ (၂၄) ရက်

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီလ (၂၄) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
