သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၁.၂.၂၀၂၅ ရက်နေ့တွင် “ယုယု” အမှတ်တံဆိပ် ဒူးရင်းပီလို၊ ချောကလက်ပီလိုထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် (၂၄.၂.၂၀၂၅)ရက် နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူ ၇၀ ဦးအားလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေ ပြည်သူ ၄၀ ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

၂၀.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာတွင် မြန်မာ နိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ မတည် လှူဒါန်းမှုနှင့်ကျေးလက်နေပြည်သူများ စုပေါင်းလှူဒါန်းမှုတို့ဖြင့် တည်ဆောက်ထားသော “အလင်းပြ” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာန ပေါင်မြို့နယ်တာဝန်ခံ တို့ကတက်ရောက်ခဲ့သည်။

၁၉.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် (၄) ခု၌ ရောင်းချနေသော အလှကုန်ဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

၁၇.၂.၂၀၂၅ ရက်နေ့ နံနက် (၆:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
