သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Feb 2025

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများသည်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်းကာတောင်ငူမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်များအရ (၂၄.၂.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

25 Feb 2025

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် (၂၂.၂.၂၀၂၅) ရက်‌နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ​မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ Global Good Pure Group Co.Ltd သို့ ယာဉ်အမှတ် 4G/2351၊ NISSAN DIESEL မော်တော်ယာဉ်ဖြင့် စားအုန်းဆီ ၅၄ ပေပါ   တင်ဆောင်ရောက်ရှိလာကြောင်း သိရှိရ ပါသည်။

25 Feb 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ်သည် စပါးစိုက်ဧကအများဆုံးဖြစ်ပြီး စပါးအထွက်နှုန်း ကောင်းမွန်ကာ မြေဆီ၊ မြေဩဇာကောင်းသော ဒေသဖြစ်သည်။ ယနေ့စပါးဈေးကွက် အခြေအနေအရ စပါးဈေးသည် ယခင်လထက် ဈေးကျနေပြီး အရောင်းအဝယ် မရှိခြင်းကြောင့် တောင်သူများအခက်တွေ့နေခြင်းနှင့် ဆန်စက်လုပ်ငန်းများလည်း စပါးဝယ်ယူခြင်းမရှိခြင်း ကြောင့် ‌ခေတ္တရပ်နားထားရခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြေင့် ဝယ်ယူသို ကြိတ်ရာတွင်ခက်ခဲဖြစ်နေရကြောင်း၊ အလုပ်သမားများ ခေါ်ယူ၍မရခြင်းနှင့် ဆန်စက်ပိုင်ရှင်များ ကိုယ်တိုင်ပင် လု

25 Feb 2025

၂၁.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် ပေါင်မြို့နယ်၊ ကတွန်ကျေးရွာ၊ ရတနာမာန်အောင် ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

25 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၄:၃၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages