သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Mar 2025

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ယခုနှစ်နွေစပါး (၂၁၃၈၅)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး လျာထားဧကအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီးနွေစပါးများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေအား သိရှိနိုင်ရန် မတ်လ(၁၉)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ နွေစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

22 Mar 2025

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၅ခုနှစ် မတ်လ(၁၇) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံနှင ့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအဖွဲ့၊ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး အတွင်းရှိ ကလေး ကစားစရာအရုပ်ဆိုင်များတွင် ရောင်းချလျက်ရှိသော အရုပ်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

22 Mar 2025

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ကုန်စည်များကို အသုံးပြုနိုင်ရန် ရည်ရွယ်ကာ စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဦးစားပေးကုန်စည်(၁၀)မျိုး သတ်မှတ်ကာ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက်  သက်ဆိုင်ရာကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိကို မတ်လ(၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကလေးကစားစရာပစ္စည်း အမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချလျက်ရ

22 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ မြို့နယ်(အရှေ့ပိုင်း)ရှိ Asia Energy စက်သုံးဆီအရောင်းဆိုင်သို့ ၂၀.၃.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

22 Mar 2025

           ၂၀.၃.၂၀၂၅ ရက်နေ့ နံနက်(၁၁:၅၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အင်းစိန်မြို့နယ်၊ အမှတ်(၁၃)၊ ၁-ခ(၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ City Mart (ဖော့ကန်)ရှိ ဆန် အရောင်းကောင်တာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

Pages