သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Mar 2025

၁၈.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အောက်လမ်းမကြီးရှိ စရီစူဠာမဏီတမီလ်စာသင်ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

20 Mar 2025

စားသုံးသူရေးရာဦးစီးဌာနသည် စျေးကွက်အတွင်းရှိ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်း ရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီစွာဖော်ပြပါ ရှိစေရန်ရည်ရွယ်၍ ဟင်းလျာများတွင်အရောင်၊ အနံ၊ အရသာအတွက်အသုံးပြုသောပစ္စည်း တို့ အား ၂၀၂၅ခုနှစ်၊ မတ်လ(၁၉)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

20 Mar 2025

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စျေးကွက်တွင် ပစ္စည်း ပြတ်လပ်မှုများမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် မြိတ်မြို့တွင်ရောင်းချလျက် ရှိသော ပြည်တွင်းထုတ်ကော်ဖီမစ်ထုပ်များကို ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

20 Mar 2025

              ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊  နေ့လည်(၁၃း၀၀) အချိန်တွင် စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးနှင့်အတူ ဆီကုန်သည်များအသင်းမှ တာဝန်ရှိသူများမှ online virtual ဖြင့် တက် ရောက်ခဲ့ပါသည်။

20 Mar 2025

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ရေဖြူမြို့၊ သဲချောင်းကျေးရွာမှ ဖူးဖူး အမှတ်တံဆိပ် သောက်ရေ သန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages