သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Mar 2025

           မအူပင်ခရိုင် နယ်စပ်ရေးရာဝန်ကြီးဌာန။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၁၇.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အစည်း ဥက္ကဌ နှင့် ပြိုင်ပွဲအမှတ်ပေး ဒိုင်လှူကြီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဆရာ/ဆရာမများ၊ အထက်တန်းကျောင်းအုပ်ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

21 Mar 2025

            ၁၇-၃-၂၀၂၅နေ့ တွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိင်ရေးလုပ်ငန်းညှိနိင်း အစည်းအဝေးကို တက်ရောက် ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ဌာနဆိုင်ရာများတက်ရောက်ကြပြီး အခြားဖိတ်ကြားထားသော မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

21 Mar 2025

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ် တာဝန်ခံ ဦးရန်နိုင်ထွန်းနှင့်ဝန်ထမ်းများသည် (၁၉.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည် သူများအား ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

21 Mar 2025

            ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့် အပြင်ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာထည့် သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက် လျက်ရှိရာ (၁၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာ

21 Mar 2025

            ၂၀၂၅  ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ တာမွေမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages