သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Mar 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မုတ္တမကျွဲခြံကျေးရွာနှင့်အနီးဝန်းကျင်ရှိ ကျေးရွာများတွင် စာဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးနှံအား စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရသည်။

20 Mar 2025

          ၁၇.၃.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံ မြို့နယ် အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်များတွင် ဆန်များအားဈေးနူန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

20 Mar 2025

၁၈.၃.၂၀၂၅ ရက်နေ့ (၀၈:၀၀) အချိန်တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ နယ်မြေ (၅)၊ မုပွန်တိုးချဲ့ (၈)လမ်း၊ သံလွင်မြစ်ဘေး၌ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ် ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချု

20 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့ နံနက်(၁၀ : ၃၀) နာရီအချိန်တွင်  လွိုင်ကော်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ ရောင်းချနေသော ဆေးဆိုင်များ၌ ဆေးများပြတ်လတ်မှုများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့်  မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို  သက်ဆိုင်မိတ်ဖက်များနှင့်ပူးပေါင်း၍  ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။  

20 Mar 2025

၁၉.၃.၂၀၂၅ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးလှကြီး ရပ်ကွက်ရှိ Moon Teen (သောက်ရေသန့်စက်ရုံ) သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

Pages