သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၈.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါ သည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် (၁၇.၃.၂၀၂၅) ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင်စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံရုံးခန်းတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအားခေါ်ယူ၍ စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ် ၊ မတ်လ ၁၉ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ထားဝယ်မြို့၊ သပြေချောင်းကျေးရွာ VIP စားသောက်ဆိုင်မှ စက်မှုကုန်ကြမ်းစားအုန်းဆီဝယ်ယူရရှိနိုင်ရေးအတွက် လာရောက်တွေ့ဆုံဆွေး နွေးခဲ့ပါသည်။

၂၀၂၅ ခုနှစ် ၊ မတ်လ ၁၉ ရက်နေ့၊ ၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၆.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် Myat AyKan Co..,Ltd နှင့် Thandar Treading Co..,Ltd မှ အိမ်မဲမြို့နယ်စားအုန်းဆီ ကိုယ်စားလှယ်များထံသို့ပေးပို့သော စားအုန်းဆီများကိုရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 1F-7135) မော်တော်ယာဉ်ဖြင့် စားအုန်းဆီစုစုပေါင်း(၂၇)ပေပါ အိမ်မဲမြို့သို့ရောက်ရှိ လာမှုကိုသွားရောက်စစ်ဆေးခဲ့ပါသည်။
