
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးမိုးမင်းသန်းနှင့်ဝန်ထမ်းတို့သည် (၁၅.၁၂.၂၀၂၅) နေ့၊ နံနက် (၁၀:၀) နာရီ အချိန် တွင် အမှတ်(၂) ရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ယာဉ် လိုင်းပေါင်းစုံ အသင်း ဥက္ကဌ ဦးစိန်အောင်ထွန်းနှင့် အဖွဲ့များအား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ တို့ ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသင်းဥက္ကဌ ဦးစိန်အောင်ထွန်း မော်တော်ယာဉ် လိုင်းပေါင်းစုံအသင်းကို (၃၁.၃.၂၀၁၉) ရက်နေ့တွင် အသင်းဝင်(၉) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါ သည်။ ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ မော်တော်ယာဉ်လိုင်းပေါင်းစုံ အသင်းအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ စက်သုံးဆီဈေး နှုန်းဈေးကွက် တည်ငြိမ်ရေး၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ အသင်းမှ မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအသင်းအနေဖြင့် ခရီးသည်နှင့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ကုန်စည်နှင့်ဝန်ဆောင်မှု အခြေအနေများအား ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး ကိစ္စများ ဆွေးနွေးဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
