ငွေစင်္ကြာ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီ အချိန် တွင် အမှတ်(၆) ရပ်ကွက်ရှိ ဦးကျော်စိုးလွင် ပိုင်ဆိုင်သော ငွေစင်္ကြာ ဆန်စက် သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချ မှုရှိစေရေးနှင့် သိုလှောင်ထားရှိသည့် ဆန်စပါးလက်ကျန်အခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဆန်စက်၏ ကြိတ်ခွဲ ထုတ်လုပ်မှု အရည်အသွေး ပြည့်မီစေရေး၊ အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်အပေါ်တာဝန်ရှိမှု၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် နှင့် တားမြစ်ချက်များအကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ရှိမြေပြင်တွင်ဆန်/စပါး သိုလှောင်ထားရှိမှု အခြေအနေ၊ My ro တွင် မှတ်ပုံတင်ထားရှိမှု အခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများကိုပါ လေ့လာကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)