Main menu

ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ

Powered by Drupal

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ(၉)ရက်နေ့မှ ဧပြီလ(၂၂) ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ) ကျပ် 12၀၀ မှ 25၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 8၀၀ မှ 18၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 10၀၀ မှ 15၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 35၀၀ မှ 50၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 65၀၀ မှ 70၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 15၀၀ မှ 30၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 200၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် 50၀၀ မှ 135၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၁25၀၀ မှ 145၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 15၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 10၀၀ မှ 20၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 25၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 18၀၀ မှ 20၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 10၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1001000)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (50410) ကျော်၊ ဗူးသီးအလုံးပေါင်း (6210)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(10097)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (85765)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (37720)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (11380)ကျော်၊ ဖရဲသီးလုံးပေါင်း(13458)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ရတနာသီရိဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ ဧပြီလ(15)ရက်နေ့မှ ဧပြီလ(22)ရက်နေ့ အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါ သည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီ(ထုပ်) ကျပ် 100၀ မှ  15၀၀၊ ဂေါ်ရခါးသီး (လုံး)ကျပ် 50၀ မှ  600၊ ခရမ်းချဉ်သီး (ပိဿာ) ကျပ် 10၀၀ မှ 20၀၀၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် 10၀၀ မှ 20၀၀၊ ခရမ်းသီး(ပိဿာ) ကျပ် 100၀ မှ  15၀၀၊ ခဝဲသီး(တောင့်) ကျပ် 40၀ မှ  50၀၊ ဂျူးမြစ်(ပိဿာ) ကျပ် 18၀၀ မှ 20၀၀၊ ငရုတ်သီးစိမ်း (ပိဿာ) ကျပ် 15၀၀ မှ  25၀၀၊ ပဲသီး(စီး) ကျပ် 3၀၀ မှ 40၀၊ ကန်စွန်းရိုးနီ (စီး) ကျပ် 15၀ မှ 25၀၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁5၀ မှ 20၀၊ ဗုံလုံသီး(တောင့်)ကျပ် 40၀ မှ 9၀၀၊ သံပုရာသီး(လုံး) ကျပ် 6၀ မှ  8၀၊ ကင်ပွန်းချဉ်(စီး)ကျပ် 10၀ မှ 15၀၊ ငရုတ်အာဝါးသီး(တောင့်) ကျပ် 10၀ မှ 150၊ ကြက်ဟင်းခါးသီး(လုံး)ကျပ် 30၀ မှ 35၀၊ ရှမ်းနံနံ(စီး) ကျပ် 150 မှ 20၀၊ ပင်စိမ်း(စီး) ကျပ် 10၀ မှ 15၀၊ ရွှေဖရုံသီး(ကြီး/လတ်/သေး) ကျပ် 100၀ မှ 20၀၀၊ ကျောက်ဖရုံသီး(လုံး) ကျပ် 200၀ မှ 25၀၀၊ ဗူးသီး(လုံး)ကျပ် 20၀၀ မှ 250၀၊ ဂွေးတောက်ရွက်(စီး) ကျပ် 10၀ မှ 150၊ ရုံပတီသီး(တောင့်) ကျပ် 30 မှ 50၊ ခရမ်းကျွတ်သီး (လုံး) ကျပ် 20 မှ 30၊ ပဲစောင်းလျားသီး(ပိဿာ) ကျပ် 220၀ မှ 25၀၀၊ ရွှေပဲသီး(ပိဿာ) ကျပ် 70၀၀ မှ 80၀၀၊ ငရုတ်ပွ(ပိဿာ) ကျပ် 50၀၀ မှ 80၀၀၊ မုန်လာဥနီ (ပိဿာ) ကျပ် 80၀၀ မှ 90၀၀၊ ဘိုစားပဲ(ပိဿာ) ကျပ် 80၀၀ မှ 100၀၀၊ ကိုက်လန်(စီး) ကျပ် 50၀ မှ 80၀၊ တရုတ်နံနံ (စီး)ကျပ် 30၀ မှ 50၀၊ ဗမာနံနံ(ပိဿာ) ကျပ် 20၀၀ မှ 30၀၀၊ မျှစ်(ပိဿာ) ကျပ် 250၀ မှ 30၀၀၊ တရုတ်ကန်စွန်း(စီး) ကျပ် 30၀ မှ 45၀၊ ဆူးပုတ်(စီး) ကျပ် 15၀ မှ 30၀၊ မြင်းခွာရွက် (စီး) ကျပ် 8၀ မှ 10၀၊ ဟင်းနုနွယ်(စီး) ကျပ် 20၀ မှ 30၀၊ ပြောင်းဖူး(ဖူး)ကျပ် 50၀ မှ 60၀၊ မုန့်ညှင်းရွက်(စီး) ကျပ် 30၀ မှ 50၀၊ ဆလပ်ရွက် (စီး) ကျပ် 20၀ မှ 25၀၊ ခရမ်းပြုတ်သီး(ပိဿာ)ကျပ် 13၀၀ မှ 18၀၀၊ ဒညင်းသီး(လုံး) ကျပ် 7၀ မှ 15၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ ရတနာသီရိဈေးအတွင်းသို့ နေ့စဉ်ကုန်အဝင်မှာ ရုံးပတီသီး ကုန်ချိန်ပိဿာ (100၀) ကျော်၊ ငရုတ်ပွကုန်ချိန်ပိဿာ (250၀)ကျော်၊ ခရမ်းသီးကုန်ချိန်ပိဿာ (15၀၀)ကျော်၊ ရွှေဖရုံသီးကုန်ချိန်ပိဿာ (25၀၀)ကျော်၊ နံနံပင်ကုန်ချိန် ပိဿာ (100၀)ကျော် အသီးသီးအဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

    ၂၂.၁.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ်(ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၃၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၃၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၅၅၀၀၊  အောင်ပန်းထူး-၃ ကျပ် ၆၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၆၅၀၀၊ အောင်ပန်းထူး-၅ ကျပ် ၇၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၇၀၀/၁၉၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၇၀၀/၁၈၀၀ ၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၆၀၀/၁၇၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၁၁၅၀/၁၂၀၀၊ မြင်းခြံ(သစ်) (ရှယ်)ကျပ် ၁၉၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၈၀၀ ၊  မြင်းခြံ(သစ်) လတ်သန့်  ကျပ် ၁၇၀၀၊ ၊  မြင်းခြံ(သစ်) လတ်ချော  ကျပ် ၁၂၀၀ ၊ မြစ်သား(သစ်) ရှယ် ကျပ် ၂၄၀၀၊ မြစ်သား(သစ်) လတ်ကြီး ကျပ် ၂၃၀၀၊ မြစ်သား(သစ်) လတ်သန့် ကျပ် ၂၁၀၀၊  မြစ်သား(သစ်) လတ်ချော ကျပ် ၁၄၀၀၊  အောင်လံ(သစ်) ရှယ် ကျပ် ၁၆၅၀၊ အောင်လံ လတ်ကြီး ကျပ် ၁၆၅၀၊ အောင်လံ လတ်သန့် ကျပ် ၁၅၀၀၊ အောင်လံ လတ်ချော ကျပ် ၁၁၀၀ ဈေးတို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ ယခုရက်သတ်တစ်ပတ်အတွင်း ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းများမှာ ဈေးနှုန်းကျဆင်းလျက်ရှိပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

   ၂၂.၁.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ် ၇၂၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၇၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၈၃၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၇၃၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၁၅၀၀၊ မြစ်ဝ (ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၁၅၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ယခုရက်သတ် တစ်ပတ်အတွင်း ငြုပ်သီးဈေးနှုန်းများမှာ  ပန်းရဲ(သစ်) နှင့် မြှားနီ(သစ်) မှာဈေးနှုန်းကျဆင်း လျက်ရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

   ၂၂.၄.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၆၄၀၀ မှ အများဆုံး ကျပ် ၇၀၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော)   ကျပ်  အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ပခုက္ကူကြမ်း ကျပ် ၇၀၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အများဆုံး ကျပ် ၈၈၀၀ ၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး  ကျပ် ၃၀၀၀ မှ အများဆုံး ကျပ် ၃၁၀၀၊ ကြံသကာ (သကြားရော) ကျပ် ၅၀၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ ကျပ် ၅၈၀၀ ၊ မန်းကျည်းသီး အသား(သစ်) အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀ မှ ကျပ် ၇၅၀၀ ၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၉၅၀ မှ ကျပ် ၅၁၀၀ တို့အသီးသီး ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

၂၂.၄.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်း များ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၅၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၉၄၀၀၀ ၊ ငါးရံ့ခြောက်လတ်ကျပ် ၆၅၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၅၅၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး (ရှယ်)ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက် ကြီး(ရှယ်) ကျပ် ၅၀၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၈၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၇၀၀  ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

   ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၂၂.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၉၆၂အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၂၅၀၀ မှ ၆၄၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၅၇၁နှင့် ဈေးနှုန်းမှာ ၆၁၅၀၀ မှ ၆၂၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၁၂နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၄၀ နှင့် ဈေးနှုန်းများမှာ ၅၈၅၀၀ မှ ၅၉၅၀၀ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၈၇၀အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၃၁၄၀ ၊လတ်စအိတ်ရေ ၁၈၅၀၊ ၂၅မတ်ဆန်အိတ် ၁၂၆၀၊ ဆန်ကွဲအိတ်ရေ ၃၉၅၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၀၅၂အိတ်၊ ဆန်ကြမ်းထိပ်စ ၂၆၈၀ အိတ်၊ လတ်စ ၁၉၆၃ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၁၁၆၅ နှင့် ဆန်ကွဲ အိတ်ရေ ၄၂၈၂ တို့ ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

     အတာသင်္ကြန်ပြီးဆုံးချိန်တွင် ကုန်စည်ဒိုင်သို့ ပြန်လည်ဝင်ရောက်ခဲ့သော ဆန်အိတ်အရေအတွက်မှာ သင်္ကြန်ရက်တွင် ကုန်စည်ဒိုင်ပိတ်ထားသဖြင့် ပိုမိုများပြားစွာ ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းမှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

  ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၁၀.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၁၈၄၁အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ၆၄၅၀၀ မှ ၆၆၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၆၈၄နှင့် ဈေးနှုန်းမှာ ၆၃၅၀၀ မှ ၆၄၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၃၂၀နှင့် ဈေးနှုန်းမှာ ၆၂၅၀၀ မှ ၆၃၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၆၂၀ နှင့် ဈေးနှုန်းများမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၁၄၀ နှင့် ဈေးနှုန်းများမှာ ၄၇၅၀၀ မှ ၅၁၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၁၇၈၂အိတ်၊ ဈေးနှုန်းမှာ၆၄၅၀၀ မှ ၆၆၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၇၃၂နှင့် ဈေးနှုန်းမှာ ၆၃၅၀၀ မှ ၆၄၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၂၉၈နှင့် ဈေးနှုန်းမှာ ၆၂၅၀၀ မှ ၆၃၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၃၆နှင့် ဈေးနှုန်းများမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၂၉၆၃ ဈေးနှုန်းများမှာ ၄၇၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၁၈၇၅ အိတ်၊ ဈေးနှုန်းမှာ၆၄၅၀၀ မှ ၆၆၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၆၅၀နှင့် ဈေးနှုန်းမှာ ၆၃၅၀၀ မှ ၆၄၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၃၉၅နှင့် ဈေးနှုန်းမှာ ၆၂၅၀၀ မှ ၆၃၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၂၀ နှင့် ဈေးနှုန်းများမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၀၂၅ ဈေးနှုန်းများမှာ ၄၇၅၀၀ မှ ၅၁၀၀၀ ကျပ် တို့ ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

  (၁၀.၄.၂၀၂၅)ရက်နေ့သည် (၉.၄.၂၀၂၅)ရက်နေ့ထက် ဆန်အိတ်အရေအတွက် အနည်းငယ်လျော့နည်း၍ ဝင်ရောက်ပြီး ဈေးနှုန်းများမှာလည်း ပြောင်းလဲမှုမရှိကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

    ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၉.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၃၁၀အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၄၅၀၀ မှ ၆၆၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၄၅နှင့် ဈေးနှုန်းမှာ ၆၃၅၀၀ မှ ၆၄၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၃၈၀နှင့် ဈေးနှုန်းမှာ ၆၂၅၀၀ မှ ၆၃၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၀နှင့် ဈေးနှုန်းများမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၆၅၄ နှင့် ဈေးနှုန်းများမှာ ၄၇၅၀၀ မှ ၅၁၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၀၄၅အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၁၉၈၅ ၊လတ်စအိတ်ရေ ၁၆၉၇၊ ၂၅မတ်ဆန်အိတ် ၇၆၃၊ ဆန်ကွဲအိတ်ရေ ၃၄၂၁၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၀၄၁အိတ်၊ ဆန်ကြမ်းထိပ်စ ၁၈၂၀အိတ်၊ လတ်စ ၁၄၉၅ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၈၂၀ နှင့် ဆန်ကွဲအိတ်ရေ ၃၃၈၀ တို့ ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

   (၈.၄.၂၀၂၅)ရက်နေ့နှင့် (၉.၄.၂၀၂၅)ရက်နေ့တို့ နှိုင်းယှဉ်ရာတွင် ဆန်အိတ် အရေ အတွက်မှာအနည်းငယ်လျော့နည်း၍ ဝင်ရောက်ပြီး ဈေးနှုန်းများမှာလည်းအနည်းငယ် လျော့နည်း ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

(၂၂.၄.၂၀၂၅) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၃၀၀ မှ ၃၅၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၅၀၀ မှ ၄၀၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၅၆၀၀ ထိ လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၉၇၀ မှ ၇၁၇၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၆၀၀ မှ ၇၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ဗူးသီးတစ်လုံး ကျပ် ၃၀၀၀ မှ ၄၀၀၀၊ အာလူး(တရုတ်)တစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၂၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၅၂၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၁၀၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၁၉၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀၊ ဆိတ်သားတစ် ပိဿာလျှင် ကျပ် ၂၅၀၀၀ မှ ၃၂၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၃၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊  ငါးခူတစ်ပိဿာလျှင် ကျပ် ၂၃၀၀၀ မှ ၂၅၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၅၊ ဘဲဥတစ်လုံး ကျပ် ၄၀၀ မှ ၆၀၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ