Main menu

ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

  ၂.၁.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ် ၇၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ် ၆၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၅၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၅၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၅၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ် ၁၄၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၂၀၀၀၊ မြစ်ဝ (ပု) အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှသတင်းရရှိပါသည်။ ယခုရက်သတ္တပတ်အတွင်း ငြုပ်သီးဈေးနှုန်းများမှာ ဈေးနှုန်းတည်ငြိမ် လျက်ရှိပါသည်။

DOCA(ရန်ကုန်)

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လွိုင်ကော်မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ လက် လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြား ချက်အား သိရှိလိုက်နာနိုင်ရေး အတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့်  သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ