Main menu

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

Powered by Drupal

   ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၂၂.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၉၆၂အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၂၅၀၀ မှ ၆၄၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၅၇၁နှင့် ဈေးနှုန်းမှာ ၆၁၅၀၀ မှ ၆၂၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၁၂နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၄၀ နှင့် ဈေးနှုန်းများမှာ ၅၈၅၀၀ မှ ၅၉၅၀၀ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၈၇၀အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၃၁၄၀ ၊လတ်စအိတ်ရေ ၁၈၅၀၊ ၂၅မတ်ဆန်အိတ် ၁၂၆၀၊ ဆန်ကွဲအိတ်ရေ ၃၉၅၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၀၅၂အိတ်၊ ဆန်ကြမ်းထိပ်စ ၂၆၈၀ အိတ်၊ လတ်စ ၁၉၆၃ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၁၁၆၅ နှင့် ဆန်ကွဲ အိတ်ရေ ၄၂၈၂ တို့ ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

     အတာသင်္ကြန်ပြီးဆုံးချိန်တွင် ကုန်စည်ဒိုင်သို့ ပြန်လည်ဝင်ရောက်ခဲ့သော ဆန်အိတ်အရေအတွက်မှာ သင်္ကြန်ရက်တွင် ကုန်စည်ဒိုင်ပိတ်ထားသဖြင့် ပိုမိုများပြားစွာ ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းမှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)