Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ရောင်းချလျှက်ရှိသော မြေပဲလုံးဆံဈေးနှုန်းကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းစိုက်ပျိုး တောင်သူများမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိ ကြောင်း၊ ဇွန်လ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၀၇၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်ပတ်ဈေးနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲလုံးဆံ(၁)တင်းလျှင် ဈေးနှုန်း(၁၂၅၀၀)ကျပ် ကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ နှမ်းနက်ဈေးနှုန်း ပြန်လည်မြင့်တက်

ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၄၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း နှမ်းနက်(၁)တင်းလျှင် (၁၀၀၀၀)ကျပ် ခန့်မြင့်တက်၍ နှမ်းဖြူ(၁)တင်းလျှင် (၈၀၀၀)ကျပ် ကျဆင်းလျက်ရှိကြောင်း၊ သီးနှံဈေးနှုန်းမှာ အချိန်နှင့်အမျှ ပြောင်းလဲမှုရှိကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ မတ်ပဲဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိရာ၊ ဆောင်းမတ်ပဲ(၃၈၅၄၄)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင်(၇၈၅၀၀) ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မတ်ပဲရိုးရိုး(၁)တင်းလျှင် (၁၅၀၀)ကျပ် ပြန်လည် မြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှထွက်ရှိသော မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဘိလပ်စေ့သီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌ လည်း ကောင်း၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာ များမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၇၅၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၆၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ဘိလပ် စေ့သီးနှံဈေးနှုန်း (၁)တင်းလျှင် (၂၅၀၀)ကျပ်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ မြို့နယ်မှထွက်ရှိသော ဘိလပ်စေ့များကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချ ကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း