Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချနေသော ကျောက်သခွားမွှေးသီး နှင့် စပျစ်သီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒညှင်းသီး နှင့် ဖရဲသီးများကို မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်းသိရ သည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေး သီး၏ ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၆၀၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အလတ်(၁)လုံးလျှင်(၅၀၀၀)ကျပ် နှင့် ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း စပျစ်သီး ဈေးနှုန်း များမှာ စပျစ်သီး လက္ကား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး လက်လီ တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ စပျစ်သီး(၅၀)ကျပ်သားလျှင် (၁၁၀၀၀)ကျပ် နှင့် စပျစ်သီး(၂၅)ကျပ်သားလျှင် (၅၅၀၀) ကျပ်ဈေးနှုန်းတို့ဖြင့်‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေ သော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကားလျက်ရှိသည့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။ ကန်ဇွန်းဥကိုပြုတ်စားတာဘဲဖြစ်ဖြစ် ကြော်စားတာဘဲဖြစ်ဖြစ် သာကူနဲ့ကျိုစားတာဘဲဖြစ်ဖြစ် ပဲဟင်းချိုထဲထည့်တာဘဲဖြစ်ဖြစ် စားလိုရပြီး ဒီလိုအမျိုးမျိုးလုပ်စားလိုရတဲ့ ကန်ဇွန်းဥက စားကောင်းရုံ တင်မကပဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာကိုလည်း တွေ့ရှိရပါသည်။ ကန်ဇွန်းဥမှာ အဟာရဓါတ် များစွာပါဝင်သည့်အတွက် ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း နှင့် လေးဘက်နာကြောင့် နာကျင်မှုကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးတွေရရှိနိုင့်သည့်အတွက် ကန်ဇွန်းဥကို စားသုံး သင့်ကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ကန်ဇွန်းဥ လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်း များဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

ဇွန်လ စတုတ္ထပတ်တွင် ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ ပြည်ထောင်စုဈေး၊ မန်းကျည်းပင်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဒေသထွက် ငှက်ပျောနှင့် အခြား ဒေသများမှ ငှက်ပျောသီးများကို ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ် ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ် နေသော ငှက်ပျောသီး ဈေးနှုန်းများမှာ ဌက်ပျောချဉ်( ၁ )ဖီးလျှင် ( ၂၀၀၀)ကျပ်၊ ငှက်ပျောဖီးနု ( ၁ ) ဖီးလျှင် ( ၃၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေး အလုံး (၂၀) ပါ အလှ ( ၁ ) ဖီးလျှင် ( ၅၀၀၀)ကျပ်၊ ငှက်ပျောဖီးကြမ်း( ၁ )ဖီးလျှင် ( ၃၅၀၀) ကျပ်၊ ရခိုင်ငှက်ပျော ( ၁ )ဖီးလျှင် ( ၂၅၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကျပ် ( ၅၀၀)ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်ရှိ စားဖိုဆောင်သီးနှံများဈေးနှုန်း

ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများအနေဖြင့် ဖရဲသီးနုနု ( ၁၀)ကျပ်သားလျှင် ( ၄၀၀)ကျပ်၊ ခရမ်းသီး ( ၂၀)ကျပ်သားလျှင် ( ၅၀၀)ကျပ်၊ ခဝဲသီး ( ၂၅) ကျပ် သားလျှင် ( ၈၀၀)ကျပ်၊ ကင်းမွန်းရွက် ( ၃)စည်းပါ တစ်ထုပ်လျှင် ( ၅၀၀)ကျပ်၊ ဟင်းနုနွယ် ( ၁၀) ကျပ်သားလျှင် ( ၆၀၀)ကျပ်၊ ချဉ်ပေါင်ခါး ( ၂) စည်း လျှင် ( ၅၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး ( ၁) ဘူးလျှင် ( ၈၀၀)၊ သံပရာသီးတစ်လုံးလျှင် ( ၁၀၀) ကျပ်၊ သံပယိုသီး ( ၁ )လုံးလျှင် ( ၂၀၀)ကျပ်၊ ရှောက်သီး တစ်လုံးလျှင် ( ၁၀၀၀)ကျပ်၊ ခါကြက်ဥ ( ၁၀)ကျပ်သားလျှင် ( ၇၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ ပြည်ထောင်စုဈေး၊ မန်းကျည်းပင်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများအနေဖြင့် ရာသီစာ ဒညှင်းသီး ( ၁ )လုံးလျှင် ၂၀၀ ကျပ်၊ ရုံးပတီသီး ( ၂၅ )ကျပ်သားလျှင် ( ၇၀၀) ကျပ်၊ မန်းကျည်းရွက်နု ( ၁၀) ကျပ်သားလျှင် ( ၈၀၀)ကျပ်၊ ပဲတောင့်ရှည်သီး ( ၂၅ )ကျပ်သားလျှင် (၈၀၀) ကျပ်၊ ၊ ဘူးရွက် ( ၃ )စည်းပါ တစ်ထုံးလျှင် ( ၅၀၀)ကျပ်၊ ကန်စွန်းရွက် ( ၁ ) စည်းလျှင် ( ၂၀၀)ကျပ်၊ တရုတ်နံနံ၊ ပင်စိမ်းနှင့် နံနံပင် ( ၁ ) စည်းလျှင် (၁၀၀ )ကျပ်၊ ချဉ်ပေါင် ( ၃)စည်းလျှင် ( ၅၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် သရက်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန် သရက်ပြင်(ခေါ်)သရက်ပြား ထုတ်လုပ်ရောင်းချ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ရောင်းတမ်းဝင် အသီးများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်တွင် စိန်တစ်လုံးသရက်သီးမှ သရက်ပြင်(ခေါ်)သရက်ပြားအဖြစ် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်၍ ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် မြစ်သား၊ ပြည်၊ ပေါက်ခေါင်းမြို့ များသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း၊ ဇွန်လ စတုတ္ထပတ်အတွင်း သရက်ပြင် တစ်ပိဿာလျှင် (၉၀၀၀မှ ၁၀၀၀၀) ကျပ် ဖြင့်‌ရောင်းချကြောင်း၊ နှစ်စဉ်ကုန်ချောသရက်ပြင် (၃၀၀မှ ၈၀၀)ပိဿာခန့် ထိ သက်ရက်သီးကုန်ကြမ်းရရှိမှုပေါ်မူတည်၍ မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း လုပ်ငန်းရှင်ဦးမျိုးနိုင်ထံမှ သိရှိရသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း