Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စျေးကောင်းရရှိသည့်စားတော်ပဲ

         စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့် မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် စက်တင်ဘာ လဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)    ၃၆၅၀၀၀ ကျပ်နှင့် ၃၇၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၆၅၀၀၀၀ကျပ်နှင့် ၆၆၀၀၀၀ ကျပ်၊ တစ် ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၆၁၆၀ကျပ်နှင့် ၆၂၄၅ကျပ်၊ စားတော်ပဲ(ကျွန်း) ၁၀၉၇၀ကျပ်နှင့် ၁၁၁၃၉ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်ဈေးမှာ စားတော်ပဲ (ကနေဒါ)၈၇၇၆ ကျပ်၊ စားတော်ပဲ (ကျွန်း) ၆၅၈၂ ကျပ်နှင့် ၆၇၅၁ကျပ်ဖြစ်ပြီး၊ယခုနှစ်နှင့် ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင်စားတော်ပဲ (ကျွန်း)၄၃၈၈ကျပ်တို့ စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြိုတွင် ရောင်းချလျှက်ရှိသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဒေသအတွင်းမှထွက်ရှိသည့် သဘာဝမျှစ်များ၊ စိုက်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ်ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်းမှာ မျှစ်စိမ်း(၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ် နှင့်မျှစ်ပြုတ် (၁)ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ယခုလိုမိုးရာသီတွင် မျှစ်များလှိုင်လှိုင်ပေါ်နေသောကြောင့် မျှစ်ခြောက်လှန်းရန်နှင့် မျှစ်ချဉ်ပြုလုပ်ရန် ဝယ်ယူကြသည့်အတွက် မျှဉ်စိမ်းများ အရောင်းအဝယ်သွက်လျှက်ရှိကြောင်း၊ မျှစ်ချဉ် သည် မျှစ်စိမ်းရှားပါးလာသည့် အချိန်၌သာ အရောင်းသွက်လေ့ရှိကြောင်း မျှစ်စိမ်း၊ မျှစ်ခြောက်နှင့် မျှစ်ချဉ် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                           

“စဉ့်ကိုင်မြို့နယ်၏ပဲတီစိမ်း စျေးနှုန်းစျေးကွက်”

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ၎င်းသီးနှံများအနက် ပဲတီစိမ်းကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်တွင် (၉၄၇၆) ဧက စိုက်ပျိုးထားရှိပြီး (၄၆၄၁)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲတီစိမ်းကို စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း(၁၁)မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင်မျိုးစေ့(၅-၆)ပြည်ခန့် ကုန်ကျကြောင်း၊ပဲတီစိမ်းမျိုး ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုး ရပြီး(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်၊စုစုပေါင်း (၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၅)တင်းခန့် ထွက်ရှိကြောင်း ၊ ပဲတီစိမ်းစျေးနှုန်း အနေဖြင့် တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် မြတ်ကြောင်း ၊ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည် ။  ပဲတီစိမ်းစိုက်ပျိုးခြင်းဖြင့် တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စက်တင်ဘာလဒုတိယပတ်အစေ့ထုတ်ပြောင်းစျေးကွက်

         ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း  ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ)၈၀၀၀၀ ကျပ်နှင့် ၈၁၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း) နှင့်ပြောင်းဖူးစေ့(စီပီ)  ၁၄၈၁ ကျပ်နှင့် ၁၅၀၀ကျပ်စျေးတို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့ (ဗမာ) ၁၅၅၆ ကျပ်နှင့် ၁၅၇၄ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၁၆၃၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် စေျး နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

  “ဈေးကောင်းရနေသော  မုန်လာဥဖြူ”

      ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ မုန်လာဥဖြူများ ဝင်ရောက်လျက်ရှိပြီး စဉ်ကိုင်မြို့နယ်ရှိ ကျေးရွာများ ၊  ရှမ်းပြည်၊ အောင်ပန်းမှ ဝင်ရောက်လျက်ရှိကြောင်း မုန်လာဥ သီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသနှင့် အပူပိုင်းဒေသတွင်လည်း စိုက်ပျိုး ဖြစ်ထွန်းကြောင်း ပြင်ဦးလွင်၊ နောင်ချိုနယ်များတွင်လည်း စိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက် များထဲမှ အဟာရဓာတ် အများဆုံး ပါဝင်သော မုန်လာဥဖြူ လူအများနှစ်ကြိုက်စွာ စားသုံး လျက်ရှိကြောင်း မုန်လာဥဖြူကို အချဉ်ရည်ဟင်း၊ ဟင်းချိုချက်၍လည်း စားသုံးကြကြောင်း၊   အတို့ အမြုပ်အဖြစ်လည်း  စားသုံးကြသလို မုန်လာဥကို အချဉ်တည်၍လည်း ပြန်လည်ရောင်းချလျက်ရှိ ပါသည်။ မုန်လာဥဈေးနှုန်း အနေ ဖြင့် (၅)လုံးတစ်စည်းလျှင် ဖောက်သည်ဈေး  (၈၀၀/-) ကျပ်၊ လက်လီတစ်စည်းလျှင် (၁၀၀၀-၁၂၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး   မုန်လာချဉ် အချဉ်တည် ရောင်းချသူများအနေဖြင့် လ္ဘက်ရည် ပုဂံတစ်လုံးလျှင်(၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး  မုန်လာဥဖြူအား စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သောအရာတွေကို တိုက်ထုတ်ပေးခြင်း ၊ အစာခြေစနစ်ကို ကျန်းမာစေနိုင်ခြင်း ၊ ကိုယ်ခံအားကောင်းစေခြင်းနှင့် နှလုံးကိုကျန်းမာစေကြောင်း၊ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် မုန်လာဥဖြူကို  နေ့စဉ်စားသုံးသင့်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

 

အရောင်းသွက်သည့်ဆီကြိတ်ဖတ်

          မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့ မြေပဲနှင့် နှမ်းမှာ ပြည်ပသို့တင်ပို့သည့် ကုန်စည်အမယ်များ ဖြစ်ပါသည်။ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့်နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ၁၆၀၀ဝိ/-နှင့် ၁၆၅၀ဝိ/-၊နှမ်းဆီ ၁၂၅၀ဝိ/-နှင့်၁၃၀၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၃၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၅၀ဝိ/- နှင့် ၅၆၀ဝိ/-၊နှမ်းဖတ် ၃၃၀ဝိ/-နှင့်၃၃၅ဝိ/-၊နေကြာဖတ် ၂၇၀၀ကျပ်နှင့်၂၈၀ဝိ/-၊ပန်းနှမ်းဖတ်၂၇၀၀ကျပ်နှင့်မုန်ညင်းဖတ် ၂၇၀၀ကျပ် တို့ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကြောင်လျှာသီးအကြောင်းသိကောင်းစရာ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ရေစီးရေလာနှင့် မြေဆီမြေဩဇာ ကောင်းမွန်သော ဒေသဖြစ်သည့်အလျောက် စပါး၊ပဲမျိုးစုံ၊ ပြောင်းဆီထွက်သီးနှံများနှင့် ဟင်းသီး ဟင်းရွက် သစ်သီးဝလံများအပြင် အလေ့ကျပေါက်ရောက်သော်လည်း ယခုအခါတွင် ပျိုးပင် အရောင်းဆိုင်များမှာ ကြောင်လျှာပျိုးပင်များကို တစ်ပင်လျှင် (၂၀၀၀-၂၅၀၀/-)ကျပ် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိပြီး နေရာမရွေးစိုက်ပျိုးနိုင်ပြီး ဖြစ်ကြောင်း၊  ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် အသီးတစ်တောင့်လျှင် အကြီး၊အသေးပေါ်မူတည်၍ (၇၀၀-၁၀၀၀) ကျပ် ဈေးများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ၎င်းအပင်များထဲမှ ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည့် ကြောင်လျှာပင်များလည်း ပေါက်ရောက်ပါကြောင်း၊ ကြောင်လျှာသီး၏ အရသာသည် စိမ့်ဖန်ခါးသော အရသာရှိပြီး ဓါးဖြင့် ပါးပါးလှီးပြီး ရေနွေးဖြင့်ပြုတ်၍ လည်းကောင်း မီးဖုတ်၍လည်းကောင်း အသုပ်ပြုလုတ်၍ စားသုံး နိုင်ကြောင်း၊ အချဉ်တည်၍လည်း စားသုံးနိုင်ကြောင်း၊ ကြောင်လျှာပွင့်များ ကိုလည်းရေနွေးဖျော၍ အသုပ်သုပ်စားရကြောင်း၊ ကြောင်လျှာသီး စားသုံးခြင်းဖြင့် နားအူနားကိုက်နှင့်ဆီးချိုရောဂါများ ပျောက်ကင်းစေကြောင်း၊ ကြောင်လျှာသီးကို စားသုံးခြင်းဖြင့် ဆဲလ်တွေထိခိုက်မှုမရှိအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါကြောင်း၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်သည့် အာနိသင်ရှိပါကြောင်း၊ ယခုလို မိုးရာသီများတွင် ကြောင်လျှာပွင့် ကြောင်လျှာသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း ဒေသမရွေးရာသီမရွေး စိုက်ပျိုးစားသုံးရသောကြောင့် ဆေးဖက်ဝင်သော ကြောင်လျှာပင်ကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

မန္တလေးမြေပဲစျေးနှုန်းစျေးကွက်

       မြေပဲမှာ စားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၃၅၀ ကျပ်နှင့်၇၆၀၀ကျပ်၊S1 ဆီဆန်  ၆၈၀၀ကျပ်နှင့် ၇၅၀၀ကျပ်၊ အနီလုံးဆန် ၇၁၀၀ ကျပ်နှင့် ၇၂၀၀ကျပ်၊ တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၈၈၀၀ ကျပ်နှင့် ၉၃၀၀ ကျပ်၊ S1 ဆီဆန် ၈၃၀၀ ကျပ်၊S1 ရွေးဆန် ၈၅၀၀ကျပ်၊M တွဲလုံးဆန် ၈၅၀၀ ကျပ်၊အနီလုံးဆန် ၈၇၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊အနီလုံးဆန်(ရှမ်း) ၇၉၀၀ ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့်ယခုနှစ်ကာလတူ မြေပဲပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

“ဘူးသီးဈေးနှုန်းဈေးကွက်”

    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖို ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ငရုတ်တို့အပြင် ဘူးပင်များကိုစီးပွားဖြစ် စိုက်ပျိုးလာကြပါကြောင်း၊ ဘူးပင်ကို ကျောက်ဆည်မြို့နယ် ၊ ပင်တလည်ကျေးရွာနှင့် ပေါင်လောင်ကျေးရွာများ၌ မြစ်ဘေးတလျှောက်တွင် စိုက်ပျိုးကြပါကြောင်း၊ စိုက်ပျိုးမည်ဆိုပါက မြေဆွေး၊မြေဆီများကို သမအောင်ရောမွှေပြီး စိုက်ဘောင်ပြုလုပ်၍ စိုက်ပျိုးရပါကြောင်း၊ အများဆုံးစိုက်ပျိုးသည့် ဘူးမျိုးများ မှာဘူးသပိတ်၊ဘူးလည်လှ၊ဘူးရှည် မျိုးများကိုစိုက်ပျိုးကြကြောင်း၊ ဘူးပင်သည်နှစ်ပတ်လည် စိုက်ပျိုး၍ရသောအပင်ဖြစ်ပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သား အပါအဝင် စုစုပေါင်း (၉၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ဘူးပင်စိုက်ပျိုးပြီး (၇၅-၉၀)ရက်အကြာတွင် အသီးများစတင်ခူးဆွတ်၍ရကြောင်း၊ ဘူးသီးကို မနုမရင့်အနေတော် အနေအထားတွင် ခူးဆွတ်ကြပါသည်။ ဘူး(၁)ဧက အထွက်နှုန်းအနေဖြင့်(၃၀၀၀-၃၅၀၀)လုံးခန့်ထွက်ရှိကြောင်း၊ ဘူးသီးစျေးနှုန်း အနေဖြင့် ဘူးသီးအနေအထားပေါ်မူတည်၍ လက်ကားစျေးအနေဖြင့် တစ်လုံးလျှင် (၈၀၀-၁၀၀၀) ကျပ်အထိရောင်းချရကြောင်း ၊ လက်လီစျေးအနေဖြင့် ဘူးသီးတစ်လုံးလျှင်(၁၃၀၀-၁၅၀၀) ကျပ် စျေးနှုန်းများရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၆၀၀၀၀၀/-)ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှ ဘူးသီးများကို ခရီးသည် တင်ကားများဖြင့် ရန်ကုန်၊ မော်လမြိုင် နှင့် မန္တလေးမြို့ရှိစျေးများသို့ ပို့ဆောင်ရောင်းချကြကြောင်း ၊ ဘူးသီးစိုက်ပျိုးခြင်းဖြင့် ဘူးညွန့်ပါရောင်းချရကြောင်း၊ ဘူးညွန့် တစ်စည်းလျှင် (၅၀၀/-) ကျပ်စျေးနှုန်း ဖြင့်ရောင်းချရပါကြောင်း၊ ဘူးသီး၊ ဘူးရွက်၊ ဘူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက် ကြပါကြောင်း၊ ဘူးသီးအသားကို လှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဘူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာ တစ်မျိုးဖြစ်ပါကြောင်း၊ ဘူးသီး အသားကို လှီး၍ အခြောက်လှန်း ပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စား ချက်စားကြပါကြောင်း ၊ ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာမက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန် ထိန်းလိုသူများအတွက် ထိထိရောက်ရောက် အကျိုးပြုစေသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါကြောင်း၊ ဘူးပင်စိုက်ပျိုးရာတွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိစေရုံသာမက စိုက်ပျိုးသော တောင်သူများအတွက်လည်း စျေးကောင်းရသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် များစွာရရှိစေနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

မန္တလေးဆီနေကြာစျေးကွက်

          နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့် ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာနှင့် ဆောင်းနေကြာအဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယ ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ် အိတ်လျှင် ၁၈၀၀၀၀ ကျပ်နှင့် ၁၈၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၆၆၆၇ ကျပ်နှင့် ၆၈၅၂ ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် ၂၇၀ဝ ကျပ် နှင့် ၂၈၀ဝ ကျပ် ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၈၅၁၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ဆီနေကြာပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း