Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    (၁၆.၅.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၀:၀၀) နာရီအချိန်က မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမို့သည် ပူးပေါင်းမိတ်ဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့ပေါ်ရှိ ဆီရောင်းချနေသော ဆီဆိုင်(၁၀)ဆိုင်အား သွားရောက်၍ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထို့သို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စားသုံးဆီ လက်ကားရောင်းချသည့်နေရာ၊ မြို့မဈေး၊ မြို့ပေါ်ရပ်ကွက် လက်လီဆီအရောင်းဆိုင် များတွင် သတ်မှတ်ရည် ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ဓနုဖြူမြို့နယ်အတွင် ဆီရောင်းချသူ လက်လီလက်ကား အရောင်းဆိုင်များသည်  ရည်ညွှန်းဈေးထက် ဈေးနှန်းမြင့်တင်၍ ရောင်းချပါက စားသုံးသူကာကွယ် ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင် ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မြို့မစည်ပင်သာယာရေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအားမေလ (၁၆)ရက်နေ့၊  နေ့လယ်(၀၉:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  ငပုတောမြို့နယ်၊ မြို့နယ် စည်ပင်သာယာရေးဈေးတွင် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။          

           ထိုသို့ဈေးကွက်စောင့်ကြည့်စစိဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံက အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်လမ်း၊ လမ်းမတော်(မ) ရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး အလှကုန်ပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   (၁၇.၅.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၁:၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီဌာနှင့် ပူးပေါင်းကာ ကျောက်တိုင်ကျေးရွာအုပ်စု ခုနှစ်အိမ်တန်း ကျေးရွာနေပြည်သူ (၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခဲ့ကြသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူဦးခိုင်လွမ်းမိုးက တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။ စားသုံးသူတို့သည် လိုအပ် ချက်များအရ ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ စားသုံးသူများရရှိမည့် အခွင့်အရေး များနှင့်တာဝန်များကို သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ရှိလာပါက စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများကို အရေးဆို ရှင်းလင်တင်ပြခွင့်ရှိပြီး တိုင်ကြားခွင့် ရရှိနိုင်အကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်လမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ (၂၀)ဦးတက်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အဖွဲ့ ဓနုဖြူမြို့နယ်တွင် ဆီထွက်သီးနှံဇုန်(၂)မှ တောင်သူများအား အထွက်နှုန်းရရှိရေး ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တောင်သူအသိပညာပေး အစည်းအဝေးတက်ရောက်

    (၁၅.၅.၂၀၂၄) ရက်နေ့ ညနေပိုင်းက ဓနုဖြူမြို့နယ် စိုက်ပျိုးရေးဦးစီဌာနရုံး၌ တောင်သူများ ဆီထွက်သီးနှံ အထွက်နှုန်းတိုးတက်ရေး တောင်သူအသိပညာပေး အစည်းအဝေးပွဲသို့ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုး ဆီထွက်သီးနှံအထွက်တိုးရေး လုပ်ငန်းဆောင်ရွက်မှုများကို တက်ရောက် လေ့လာခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ဆီထွက်သီးနှံအထူးဇုန်များ တောင်သူအကျိုး အမြတ်ရရှိရေးပညာပေးဆွေးနွေးမှုလုပ်ငန်းစဉ် ဆောင်ရွက်မှုအခြေအနေများကိုလည်း လေ့လာကြည့်ရှုခဲ့ကြပြီး ဆီထွက်သီးနှံအထွက်နှုန်းကောင်းမွန်ရေး ဆီဖူလုံမှုရရှိစေရေးလာရောက်ဆွေးနွေးသည့် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများနှင့် ဌာနဆိုင်ရာများကို ကျေးဇူးတင်ရှိကြောင်းနှင့် တောင်သူများ ယခုဆွေးနွေးမှုကို သေချာလေ့လာစိစစ်ပြီး ဌာနဆိုင်ရာများမှ ပညာပေးဆောင်ရွက်မှုများကို လေ့လာပူးပေါင်း ဆောင်ရွက်မှသာ ဆီအထွက်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း၊  တောင်သူများကလည်း လိုအပ်သည်များကို မေးမြန်းဆောင်ရွက်ကြပြီး၊ အဆိုပါဆွေးနွေးပွဲတွင် ခရိုင်အဆင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန််ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြပြီး တောင်သူ(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ လုပ်ငန်းရှင်အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လုပ်ငန်းရှင်များသိသင့်သိထိုက်သော ဥပဒေအကြောင်းအရာများကို မေလ(၁၆)ရက်နေ့၊  နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  ကျောင်းကုန်းမြို့နယ်၊ မြို့နယ် စည်ပင်သာယာရေးဈေးတာဝန်ခံရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ပါသည်။

     ထိုသို့အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံက စားသုံးသူများနစ်နာဆုံးရုံးမှုမရှိစေရေးရည်ရွယ်၍  စားသုံးသူကာကွယ်ပေးရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် စည်ပင်သာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေး Talk Show ပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံး သူကာကွယ်ရေးအသိ ပညာပေး Talk Showကို ၂၀၂၄ခုနှစ် မေလ ၁၆ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထု အခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက  စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အကြောင်းတို့ကို ဆွေးနွေး ခဲ့ပါည်။ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၄ခုနှစ် မတ်လ ၁၄ရက်နေ့မှာ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ပြည်ထောင်စုလွတ်တော်မှ ဥပဒေအမှတ် ၁၀ဖြင့် ပြဌာန်းခဲ့ပြီး စားသုံးသူအသိ ပညာပေးဖြစ်သော ဟောပြောပွဲများကို စာသင်ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ လူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လာခဲ့တာဆိုလျင် ယနေ့တိုင်ဖြစ်ကြောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်း များကိုဆောင်ရွက်ရာမှာ လိုအပ်ချက်များအရ တိုင်ဒေသကြီး/ပြည်နယ်၊ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အသင်းအဖွဲ့များက အဆင့် ၅ဆင့်ဖြင့်ရေးဆွဲပြီး ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့မှာ ပြည်ထောင်စု လွတ်တော် ဥပဒေအမှတ် ၉ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်၍ အတည်ပြုပြဌာန်းခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေမှာတော့ အခန်းပေါင်း ၂၅ ခန်း၊ ပုဒ်မ ၈၄ခု ပါဝင်ကြောင်း၊ ဆက်လက်၍ ဌာန၏ ရည်မှတ်ချက်၊ မျော်မှန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိက ဆောင်ရွက်နေသော လုပ်ငန်းစဉ် အနေဖြင့် စားသုံးသူကာကွယ်ရေး အဓိက ဆောင်ရွက်လျက်ရှိပြီး စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှု မရှိသေးမီ အခြေ အနေနဲ့၊ စားသုံးသူ အခွင့်အရေး ထိခိုက်နစ်နာပြီး အခြေအနေဆိုပြီး ယေဘူယျအားဖြင့် နှစ်မျိုး ခွဲခြားထားလိုရကြောင်း၊ စားသုံးသူ အခွင့်အရေးထိခိုက်နစ်နာမှု မရှိသေးမီ အခြေအနေနဲ့ကတော့ စားသုံးသူတွေအကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ပြီး၊ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာပြီး အခြေအနေတွေကိုတော့ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ကော်မရှင်၊ ကော်မတီ အဆင့်ဆင့်တို့က သတ်မှတ်ပေးတဲ့မျှတတဲ့ လုပ်ငန်းစဉ် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စားသုံးသူ အခွင့်အရေး ထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေး ရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်းကို အကျယ်တဝင့်ရှင်း လင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင် ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့မစည်ပင်သာယာရေးဈေးအတွင်းရှိကုန်စုံဆိုင်များအား မေလ(၁၆) ရက်နေ့၊  နေ့လည် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  ကျုံပျော်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးဈေးတွင် ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ် တာဝန်ခံက အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေး Talk Show ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး(အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ၂၀၂၄ခုနှစ်၊ မေလ ၁၆ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

         အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက  စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအကြောင်းတို့ကိုဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၄ခုနှစ်၊ မတ်လ ၁၄ရက်နေ့တွင် စားသုံးသူအကာ အကွယ်ပေးရေးဥပဒေကို ပြည်ထောင်စုလွတ်တော်မှ ဥပဒေအမှတ် ၁၀ ဖြင့်ပြဋ္ဌာန်းခဲ့ပြီး စားသုံးသူအသိပညာပေးဖြစ်သော ဟောပြောပွဲများကို စာသင်ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ လူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ လိုအပ်ချက်များအရ တိုင်ဒေသကြီး/ပြည်နယ်၊ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အသင်းအဖွဲ့များက အဆင့် ၅ဆင့်ဖြင့်ရေးဆွဲပြီး ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၌ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကိုပြင်ဆင်၍ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်းပေါင်း ၂၅ခန်း၊ ပုဒ်မ၈၄ခုပါဝင်ကြောင်း၊ ဆက်လက်၍ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များကိုရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကဆောင်ရွက်နေသော လုပ်ငန်းစဉ်အနေဖြင့် စားသုံးသူကာကွယ်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စားသုံးသူများအား စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုမရှိသေးမီ အခြေအနေနှင့် စားသုံးသူ အခွင့်အရေးထိခိုက်နစ်နာပြီး အခြေအနေဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားထားလိုရကြောင်း၊ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုမရှိသေးမီ စားသုံးသူတွေအကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ပြီး၊ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာပြီး အခြေအနေများကို စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ကော်မရှင်၊ ကော်မတီအဆင့်ဆင့်တို့က သတ်မှတ်ပေးသော မျှတသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်ပြီး တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ