Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အ.လ.က ကွမ်းခြံကုန်းကျောင်း ဟောပြောပွဲကျင်းပခြင်း

                 ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဒေါ်တင်တင်နိုင် သည် ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ အား/ကာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အ.လ.က ကွမ်းခြံကုန်း ကျောင်းတွင် ဆရာ/ဆရာမ (၁၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပယ်နှင့် စားသုံးသူများ ရရှိနိုင်မည့် စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ စားသုံးသူများ ပစ္စည်းဝယ်ယူသုံးစွဲရာတွင် မည်သည်တို့ကိုကြည့်ရှုဝယ်ယူရမည်ကို ကလေးများနားလည်သဘောပေါက်လွယ်အောင် ရှင်းလင်း ပြောကြား၍ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ထားသိုရန် စိစစ်ခဲ့ ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီအောင်နိုင်တိုးစပါး (Rstocs) မျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးခြင်းအခမ်းအနား

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် (၉း၀၀) အချိန်တွင် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးကျော်ကျော်ဦး၏ ကွင်းအမှတ်-၈၉၄-က၊ ဦးပိုင်အမှတ်၃၅/၄ စိုက်ဧက ၅.၀၀ ဧကတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ အောင်နိုင်တိုးစပါး (Rstocs) မျိုးသန့်မျိုးစေ့ ထုတ်စိုက်ပျိုးခြင်းအခမ်းအနားအား ကျင်းပပြုုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အောင်နိုင်တိုးစပါးမျိုးပင်များအား ကောက်စိုက်သမများဖြင့် စိုက်ပျိုး နေမှုများအားကြည်ရှု့အားပေးခဲ့ကြောင်း သိရှိရပါသည်။

  (DOCA)ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စက်မှုစီမံကိန်းဝန်းအတွင်းရှိ ကွန်ကရစ်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

      ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၄.၈.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကွန်ကရစ်ကျောက်တိုင်များ ထုတ်လုပ်သော လုပ်ငန်းဖြစ်သည့် Power Pillar Co. ,Ltd ၏ တာဝန်ရှိသူ မန်နေဂျာနှင့် တွေ့ဆုံ၍ မြေပြင်၌ အမှန်တကယ် လည်ပတ်ခြင်း ရှိ/မရှိ၊ ကွန်ကရစ်တိုင်များ ထုတ်လုပ်ရာတွင် လိုအပ်သော PC Wire များ အမှန်တကယ်လိုအပ်မှု ရှိ/မရှိ ၊ ကုန်ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  (DOCA)ဧရာဝတီ

 

တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) အား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စား မှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ (CPU) အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးတင်ပြခြင်း၊ အဖွဲ့ခေါင်း ဆောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဩဂုတ်လ ( ၁၅ )ရက်နေ့ နံနက် (10:30)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆိုင်အရေအတွက် (23)ဆိုင်၊ အစားအသောက် အရေအတွက် (၂၃)မျိုးအား Chemical ပစ္စည်းများပါဝင်မှု ရှိ/မရှိ Formalin ဆေးထည့်ထားမှုရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

  (DOCA)ဧရာဝတီ

ကျောင်းကုန်းမြို့နယ် ဆန်စက်ကြီးများအားကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဩဂုတ်လ ( ၁၅ )ရက်နေ့ နံနက် (10:30)အချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ကျောင်းကုန်းမြို့နယ်ဆန်စက်ကြီးများတွင် Gasifier မှ ထွက်ရှိလာသောရေဆိုးများစွန့်ပစ်မှုမရှိစေရေး၊ အနည်စစ်ကန် (Waste Water Treatment Plant) ပြုလုပ်ပုံနည်းစနစ်မှန်ကန်မှု ရှိ/မရှိနှင့် အနည်စစ်ကန်မှ စက်ဖွဲပြာများကို ကုန်စင်သည့်အထိ အဆင့်ဆင့်စစ်ထုတ်ပြီးမှသာ ရေသန့်များကို စွန့်ထုတ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ရေနှုတ်မြောင်းများ ညစ်ညမ်းမှုမရှိစေရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

  (DOCA)ဧရာဝတီ

 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီBOD (4/2025-2026) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့်တက်ရောက်

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ BOD (4/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

   ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တက်ရောက်လာကြသော အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာ စကားပြောကြား၍ အစည်းအဝေးအား နေ့လယ် (၁၁း၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နံနက် ၀၈း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ (၁) ပိဿာနှုန်းတို့အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

    ရေကြည်မြို့နယ်တွင် စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

             ရေကြည်မြို့နယ်၊ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီသည် ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန်နှင့် ပြည်သူများစားဝတ်နေရေးပြေလည်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကြက်ဥနှင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန် ရေကြည်မြို့မစည်ပင်ဈေးရှေ့တွင် (၁၄.၈.၂၅) ရက်နေ့တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကြက်ဥတစ်လုံး လျှင် (၃၅၀) ကျပ်ဖြင့် ကြက်ဥအလုံးရေ (၅၀၀) ခန့်၊ စားအုန်းဆီ (၅၀) ကျပ်သားတစ်ဗူးလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် ပိဿာ (၁၁၀) အား ရောင်းချပေးကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

မြို့မဈေးကြီး အတွင်းရှိ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းကောက်ယူခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၅) ရက်နေ့ ၊ နံနက် (၁၀:3၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အသား၊ ငါး အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက် များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် အခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်း ဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ /မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်း ရရှိ ပါသည်။

(DOCA)ဧရာဝတီ

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ