Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

MyRoတွင် မှတ်ပုံတင်ထားရှိသည့် လုပ်ငန်းရှင်များအား ဆန်စပါးသိုရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့၊ နေ့လည် ၁း၃၀ နာရီအချိန်၌ MyRo တွင် မှတ်ပုံတင်ထား ရှိသည့် ဆန်စပါးသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းနိုင် ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် ဦးစီးအရာရှိဒေါ်အေးအေးလွင်မှ MyRo တွင် မှတ်ပုံတင်ထား ရှိသည့် ဆန် စပါးသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း ဖြည့်သွင်းနိုင်ရေးပြောကြားခြင်း၊ အကြီးတန်းစာရေးဦးထက်အောင်လှိုင်မှ တက် ရောက်လာသည့်သိုလှောင်ရုံပိုင်ရှင်များထဲမှ   MyRo တွင် ကုန်ရ ၊ ကုန်ထုတ် ၊ ကုန်လက်ကျန်စာရင်း မဖြည့်သွင်းရသေးသည့်သူများအား စာရင်းများဖြည့်သွင်းပြခြင်းနှင့် သိုရုံပိုင်ရှင်များမှ အပြန်အလှန် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ဆိပ်ကမ်းရှိ ဝင်းဖူးခိုင်တံတားသို့ ဆန်အိတ်များရောက်ရှိ

   ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၁း၁၅ နာရီအချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့ဆိပ်ကမ်းရှိ ဝင်းဖူးခိုင်တံတားသို့ ရောက်ရှိလာသော MV မြမြမွန် ရေယာဉ်ဖြင့် ၂၄ပြည်ပါ ဆန်အိတ် ၈၀၀၀ အိတ်နှင့် ဝေယံအောင် ၁၄ စက်လှေဖြင့် တင်ပို့သော ၁၂ပြည်ပါ ဆန်အိတ် ၇၀၀၀ အိတ်တို့ကို စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများက သက်ဆိုင်ရာပူးပေါင်း အဖွဲ့များဖြစ်သော အကောက်အခွန်ဦးစီးဌာန၊ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့၊ ရေကြောင်းရဲ တပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ သွားရောက် စစ်ဆေး ခဲ့ပါသည်။

DOCA(တနင်္သာရီ)

မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရေးအတွက် ထားဝယ် ၊ မြိတ် ၊ ကော့သောင်း ၊ ဘုတ်ပြင်းခရိုင်ဒူးရင်းအစုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အကြိုညှိနှိုင်းဆောင်ရွက်ခြင်းပြုလုပ်

  ၂၀၂၅  ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် (၁၃း၀၀) နာရီအချိန်တွင်တိုင်းဒေသကြီး စိုက်ပျိုးရေးအစည်းအ‌ဝေးခန်းမပြုလုပ်သော မြန်မာနိုင်ငံဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရေးအတွက် ထားဝယ် ၊ မြိတ် ၊ ကော့သောင်း ၊ ဘုတ်ပြင်းခရိုင် ဒူးရင်းအစုအဖွဲ့ဖွဲ့စည်းခြင်း နှင့်အကြိုညှိနှိုင်းဆောင်ရွက်ခြင်းသို့ တိုင်းဒေသကြီးဦးစီး မှူး  ဦးစိုးဦးမှ တက်ရောက်ခဲ့ပါသည်။

          ထိုအစည်းအဝေးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးနှင့် စားသုံး သူရေးရာဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူးတို့က  အသင်းအဖွဲ့ဖွဲ့စည်းခြင်း၏ ရည်ရွက်ချက်၊ ကောင်း ကျိုးများနှင့် အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများအားရှင်းလင်းဆွေးနွေးခြင်း  ဆက်လက်၍ ထားဝယ်၊  မြိတ် ၊ ကော့သောင်း ၊ ဘုတ်ပြင်းခရိုင်ဒူးရင်းအစုအဖွဲ့အသင်းသား ရွေးချယ်ခြင်းများပြုလုပ်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(နေပြည်တော်)

 

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ပြီးစီးခြင်း

   (၁.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၁၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ တိုင်းဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ)(၉/၂၀၂၅)ကို အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၁၉)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါ ကြောင်းနှင့် (၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀၀၀)အချိန်တွင် ရုံးအမှတ်(၃)၊ ညွှန်ကြားရေးမှူးချုပ် ရုံးခန်း၌ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)(၉/၂၀၂၅)ကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၁၉)ဦးက Virtual စနစ်ဖြင့် တက် ရောက်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(နေပြည်တော်)

ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)အတွက် သွားရောက်စစ်ဆေးခြင်း

   (၂၆.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ နည်းပညာ ခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍာ အားလုံးအတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်၊ အင်တာ နက်လိုင်းများ မကြာခဏပြတ်တောက်မှုအပေါ် စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေး နိုင်မှုမရှိခြင်းတို့နှင့် စပ်လျဉ်း၍ တိုင်ကြားမှုအများဆုံး လက်ခံရရှိသည့်အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍများအား စစ်ဆေးရန်ညွှန်ကြားထားမှုနှင့်ပတ်သက်၍ ပေါင်းလောင်း(၄)လမ်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ MM Link ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာ နက်ဝန်ဆောင်မှု)လုပ်ငန်းသို့လည်းကောင်း၊ (၄.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန် တွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ Myanmar Net ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု) လုပ်ငန်းသို့ လည်ကောင်း   သွားရောက်စစ်ဆေးအသိပညာပေးခဲ့ပါကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(နေပြည်တော်)

ကုန်အညွှန်းအမှတ်အသားစိစစ်ဖော်ပြခြင်း

   စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များက သိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ် ပေးရန် စားသုံးသူ ရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၅  ခုနှစ်၊ ဩဂုတ်လ အတွင်း ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးသို့ လယ်ဝေး မြို့နယ်အတွင်းရှိ “တော်ဝင်သူ” သစ်ကြံပိုးအဆီကျယိုလုပ်ငန်း၊ “ Baby Sweet ” ယိုမျိုးစုံနှင့် စားသောက်ကုန်လုပ်ငန်းနှင့် “ SL Slim ” ပျားသံပုရာအနှစ်လုပ်ငန်းတို့မှ ၎င်းတို့၏ ကုန်စည်များ ပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြလာမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အခြားသက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြန်ကြားခဲ့မှုအား သတင်းရရှိပါသည်။

DOCA(နေပြည်တော်)

ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “လင်းရောင်ဝင်း ” စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံး အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ()ရက်နေ့၊ နံနက်(၀၈:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ လင်းရောင်ဝင်း စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေး စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန် ထားသော စက်သုံးဆီ ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။  စက်သုံးဆီ လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်ခြင်းခံရမည် ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်း ဆိုင်များအား စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန် ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း မပြုဘဲ  ဌာနမှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  (၈-၉-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဝန်ထမ်း(၃)ဦး၊ စည်ပင်(ဈေးများဌာန)တို့ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ  ကုန်မျိုးစုံ အရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသည့် ကုန်ပစ္စည်း များ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့၍ စားအုန်းဆီလက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ခွဲရောင်းချမှု အခြေအနေအား အထူး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (နေပြည်တော်)

အကြော်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ ရွှေပုံအမှတ်တံဆိပ် အာလူးကြော်နှင့် အကြော်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အာလူးကြော်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 (၅-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၀: ၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး)ဦးဆောင်၍ ဝန်ထမ်း(၂)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်(ဈေးများဌာန)တို့ပူးပေါင်း၍  ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး အတွင်းရှိ  ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြ ထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့၍ စားအုန်းဆီလက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ခွဲရောင်းချမှု အခြေအနေအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 DOCA (နေပြည်တော်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ