Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့၊ နံနက် (၀၉ꓽ၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် ကျိုင်းတုံမြို့၊ အ.ထ.က (၄)အတွင်းရှိ ကျောင်းမုန့်ဈေးအရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများ အနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေ သော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန် ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့်ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA( ရှမ်း)

ပင်လုံမြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့၊ နေ့လယ် (၁3:၀၀)နာရီအချိန်တွင် ပင်လုံမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

လွိုင်လင်မြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့၊ နေ့လယ် (၁3:၀၀)နာရီအချိန်တွင်  လွိုင်လင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်း ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

Online စနစ်ဖြင့် အိမ်သုံးပစ္စည်းအမျိုးမျိုးရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် တာချီလိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးအောင်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်အတွင်းရှိ Online စနစ်ဖြင့် အိမ်သုံးပစ္စည်း အမျိုးမျိုး ရောင်းချသည့်လုပ်ငန်း “Ever Smile mini store”ဆိုင်အား ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ် ရာတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကုမ္ပဏီတစ်ခုချင်းစီ၏ ပို့ကုန်အမယ်စာရင်းများ ကွင်းဆင်းခြင်း

          (၈.၈.၂၀၂၅) ရက်နေ့၊ နေ့လယ် (၀၂:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၁၇၄/B-2) ဆိပ်ကမ်းသာလမ်း၊ ဇုန် (၄) လှိုင်သာယာမြို့နယ်ရှိ Mega Marine Frozen Seafood Co.,Ltd သို့ သွားရောက်၍ ပို့ကုန်အမယ် စာရင်းကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းကောက်ခံရာတွင် Mega Marine Frozen Seafood Co.,Ltd ငါးအအေး ခန်းလုပ်ငန်းမှ ပိုင်ရှင်ဖြစ်သူ ဦးသူရကျော်နှင့်တွေ့ဆုံပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ပသို့ပို့ကုန် တင်ပို့မှုအား စာရင်းကောက်ယူရာ ရေထွက်ပစ္စည်းဖြစ်သည့် ငါးအမျိုးအစားများမှာ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးသလောက်တို့၏ တစ်နှစ်ထုတ်လုပ်နိုင်မှု၊ တစ်နှစ်တင်ပို့မှုတန်ချိန်၊ တစ်နှစ်တင်ပို့မှုတန်ဖိုး၊ တင်ပို့သည့် နိုင်ငံတို့ကို မေးမြန်း၍ Export တင်ပို့ရာ၌ ကိုယ်တိုင်ပင်လယ်ရေကြောင်းမှ တင်ပို့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Vivo Group Co.,Ltd သို့ ပြည်ပပို့ကုန်အမယ်စာရင်းများအား မြေပြင်ကွင်းဆင်းခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးပါ(၃)ဦးတို့သည် (၈.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၃၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ ပြည်ပပို့ကုန် အမယ်စာရင်းများအား မြေပြင်ကွင်းဆင်းကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          အမှတ်(၈၁)၊ မင်းသိဒ္ဓိကျော်စွာလမ်း၊ စက်မှုဇုန်(၃)၊ လှိုင်သာယာမြို့နယ်ရှိ Vivo Group Co.,Ltd သို့ သွားရောက်၍ မြေပြင်စာရင်းကောက်ခံခဲ့ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ပသို့ ကုန်တင်ပို့ရာတွင် ကုမ္ပဏီမှတာဝန်ရှိသူက လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆန်ကွဲ ထုတ်လုပ်လျက်ရှိရာ ထုတ်ကုန်အမယ်၊ အမျိုးအစားအလိုက်၊ တစ်နှစ်ထုတ်လုပ်နိုင်မည့်ပမာဏ၊ တစ်နှစ်တင်ပို့မှုတန်ချိန်၊ တစ်နှစ်တင်ပို့မှုတန်ဖိုး၊ တင်ပိုသည့်နိုင်ငံ တင်ပို့မှုပုံစံသည် ကိုယ်တိုင်ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ပသို့ ပို့ကုန်တင်ပို့နိုင်မှု အခြေအနေမြေပြင်ကွင်းဆင်းခြင်း

          (၈.၈.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၁၃၅/၁၃၆) ၊ သံချပ်ဝန်ဦးညွန့်လမ်း၊ စက်မှုဇုန် (၁)၊ လှိုင်သာယာမြို့နယ်ရှိ စားတော်ကဲစက်ရုံသို့ ပြည်ပပို့ကုန်တင်ပို့မှုအခြေအနေများ သိရှိနိုင်ရန် မြေပြင် ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ မြေပြင်ကွင်းဆင်းရာတွင် စားတော်ပဲစက်ရုံမှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ပသို့ ပို့ကုန်တင်ပို့မှုများနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနမှ Export တင်ပို့သည့်ကုမ္ပဏီများအား ကွင်းဆင်းမေးမြန်းစာရင်းကောက်ယူလျက်ရှိရာမှ စားတော်ကဲစက်ရုံ တွင် Wah Lah ခေါက်ဆွဲခြောက်များ ထုတ်လုပ်ကာ ပြည်ပသို့ နယ်စပ်မှ ဖက်စပ်တင်ပို့လျက်ရှိ ကြောင်း၊ တစ်နှစ်ထုတ်လုပ်မှု၊ တစ်နှစ်တင်ပို့မှုတန်ချိန်၊ တင်ပို့မှုတန်ဖိုး၊ တင်ပို့သည့်နိုင်ငံတို့ကို မေးမြန်းခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၄၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

    ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

  ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၄၁၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။      

   ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

    စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

                                 စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦးတို့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution  ကုမ္ပဏီမှ ခွဲတမ်း ရရှိသော စစ်ကိုင်းမြို့ပေါ်ရှိ  စားအုန်းဆီအရောင်းဆိုင် (၈) ဆိုင်ဖြစ်သော ရွှေတိုးအောင်၊ စစ်ကိုင်း၊ မြနှင်းဆီ၊  သစွာ၊ မေတ္တာရှင်၊ လင်းလင်း၊ ဦးထွန်းရွှေနှင့် ဖြိုးဆီဆိုင်များအား ဈေးနှုန်းမြှင့်တင်‌ ရောင်းချမှု  ရှိ/မရှိ နှင့် သတ်မှတ်အရေအတွက်၊ အလေးချိန်မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာတွင် စစ်ကိုင်းခရိုင်အတွက် မန္တလေးမြို့ရှိ Mandalay Global Network Distribution  ကုမ္ပဏီမှ တစ်လလျှင် စားအုန်းဆီပေပါ (၇၇၀)  အား ခွဲတမ်းရရှိသော စစ်ကိုင်းမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင် (၈)ဆိုင် နှင့် မြင်းမူမြို့ရှိ (၁)ဆိုင်တို့အား ရောင်းချပေးနေကြောင်း၊ ဆီဆိုင်များအနေဖြင့် (၇၇၀) ပေပါ၏ ၁၅% အား ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ကောလိပ်များ၊ ပညာရေးဝန်ထမ်းများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ ၁၀% အား ကသာခရိုင်နှင့် ကျန် ၇၅% အား ဆီဆိုင်တစ်ဆိုင်အနေဖြင့် တစ်ရက်လျှင် ရပ်ကွက်/ ကျေးရွာ တစ်ခုစီရှိ အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ (၁) ပိဿာ (၇၀၀၀/-) ဖြင့် ဥပုဒ်နေ့မှအပ နေ့စဉ်ရောင်းချပေးကြောင်း ၊ ကျန်ဆီများကို မိမိဆိုင်၏ ဆီလက်လီဆိုင်များနှင့် ရပ်ကွက်/ ကျေးရွာများသို့လည်းကောင်း ရောင်းချပေးလျှက်ရှိကြောင်း၊ ခွဲတမ်းဆီ ၁၀% အား စစ်ကိုင်းခရိုင်ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား အသင်းဥက္ကဌ ဖြစ်သော ရွှေတိုးအောင်ဆီဆိုင်တွင် ထားရှိပြီး ကသာခရိုင်သို့ လမ်းခရီး အခြေအနေကောင်းမွန်ပါက မန္တလေးမြို့ မှတဆင့် ကားဖြင့် တင်ပို့ပေးကြောင်း၊ လမ်းခရီးအခြေအနေ  မကောင်းပါက သာသနာ‌ရေး ဦးစီးဌာနမှ ပေးပို့ထားသော စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ရောင်းချပေးလျှက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးထားမှုနှင့် အသေးစား၊  အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၅)ကြိမ် မြောက်ညှိနှိုင်းအစည်းအဝေးကို (၁၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် Virtualဖြင့်တက် ရောက်ခဲ့ကြောင်း သိရသည်။

     အစည်းအဝေးသို့  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခါ မတည်ထောက်ပံ့ငွေထုတ်ပေးခဲ့မှု၊ ထုတ်ချေးပြီးစီးမှုနှင့် ချေးငွေပြန်လည်ပေးဆပ်မှု၊ ချေးငွေများထုတ်ချေးရာတွင် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ ထုတ်ချေးနိုင်ရေး၊ ချေးငွေစာရင်းဇယားများကို စနစ်တကျပြုစုထားရှိရေး၊ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပါသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ အထွက်တိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ကျေးလက်ဒေသ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ချေးငွေများထုတ်ချေး ပေးလျက်ရှိကြောင်း၊ ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး၊ ကော်မတီဥက္ကဌက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားရာ ကျေးလက်နေပြည်သူများနှင့် တောင် သူဦးကြီးများအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ