Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့ ရေတွင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုး နှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၅) ရက်နေ့  (၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ဈေးရုံးခန်းမတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင် (၁၁) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူရေးရာဦးစီးဌာန၏  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း၊ ဈေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ခုနှစ် မတ်လ (၁၆) ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သောသော ကုန်စည်များကိုသာရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်း ပြစ်မှုပြစ်ဒဏ်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၃၀.၉.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါး ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်းတွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူ သုံးစွဲသူများအနေဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး အသိပညာပေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၃၀.၉.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များ ဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ် ရည် ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို ဦးစားပေးရောင်းချပေးစေလိုကြောင်း၊  စပါးဝယ်ယူရရှိမှု အခြေအနေ၊ ကြိတ်ခွဲမှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကိုဆွေးနွေးခဲ့ပြီး၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်းစဉ်များ ဆောင်ရွက်ထား မှု ရှိ/မရှိ၊  လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့် အပေါ် ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်အတွင်း မအူပင်မြို့နယ်မှ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၅) နေ့တွင် မိမိတို့ မြို့နယ်အတွင်းရှိ ဈေးများ၊ စတိုးဆိုင်များတွင် ရောင်းချနေသော အခြေခံစားသောက်ကုန်များ၊ အလှကုန်နှင့် ကုန်ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ၊ မိတ်ဖက်အဖွဲ့အစည်ဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

          အဆိုပါစစ်ဆေးမှုတွင် အခြေခံစားသောက်ကုန်များ၊ အလှကုန်များ ကုန်ပစ္စည်းအမျိုးမျိုးတွင် (က) ကုန်စည်၏ တံဆိပ်အမှတ်အသား၊ (ခ) ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ (ဂ) ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ (ဃ) ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊ (င) ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့်နေရာ၊ (စ) ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်နှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ (ဆ) ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်၊ (ဇ) သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များပြည်စုံပါဝင်မှုရှိ/ မရှိနှင့် မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ကုန်အညွှန်အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြချက်များပါဝင်သော ကုန်စည်များ ကိုသာရောင်းချရန်၊ ကုန်အညွှန်း ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊စက်တင်ဘာလ (၃၀)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့ပူးပေါင်းပြီး ဖျာပုံမြို့ နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များတွင် တရားမဝင်ပစ္စည်းများရောင်းချမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာ နများမှခွင့်ပြုလိုင်စင် စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ သက်မှတ်ရည်ညွှန်းဈေး ရောင်းချမှု မရှိစေရေးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးသည် ညောင်တုန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၃-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင်  ညောင်တုန်းမြို့၊ ၇ ရပ်ကွက်ရှိ Atom  Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ညောင်တုန်းမြို့နယ်တွင် အသုံးပြုသူများပြာသော Atom  Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး၍ ဆိုင်တာဝန်ရှိသူနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်ချိုမီဇင် ဒုဦးစီးမှူးတို့ တွေ့ဆုံ၍  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ် အခြေခံ၍ စစ်ဆေးဆောင်ရွက်ခြင်း၊  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်မျာကို စားသုံးသူထံ  ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးခြင်းမျာ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး စားသုံးသူစိတ်ကျေနပ်မှုမရှိ၍ တိုင်ကြားမှုအများဆုံး ဖြစ်ပေါ်လာသည့်အတွက် စားသုံးသူစိတ်ကျေနပ်မှုရှိပြီး စားသုံးအခွင့်အရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း အသိပညာပေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီလက်လီဆိုင်များမှ ဆီစာအုပ်ဖြင့်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

      ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၀ : ၀၀)အချိန်တွင် ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ ဆီရောင်းချသူ လက်လီဆိုင်များမှသတ်မှတ်ချက်နှင့်အညီ ဆီရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများကို ပြည်သူလက်ဝယ် အမှန်တကယ် ရောက်ရှိစေရေး၊ ဆီရောင်းချသူလုပ်ငန်းရှင်များအား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စီးပွားရေးကျင့်ဝတ်နှင့်အညီ   မျှတစွာရောင်းချစေရန်နှင့်အလေးချိန်မှန်၊ ဈေးနှုန်းမှန်စွာရောင်းချစေရေး၊  ဆီစာအုပ်များကို ပျောက်ဆုံးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်လာပါကမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာဖြင့် ထပ်မံထုတ်ယူနိုင်သည်ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဘိုကလေးမြို့၊ “ငွေကြယ်စင်” ဆန်စက်သို့  MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃၀) ရက်၊ နံနက်(၁၂:၀၀) နာရီအချိန်တွင် “ငွေကြယ်စင်” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ကွင်းဆင်းစိစစ်မှုတွင် “ငွေကြယ်စင်” ဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ၊ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးပြည့်မီစေရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ထုတ်ပိုးမှုစနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက်ကိရိယာများတပ်ဆင်ထားရှိမှု အခြေအနေတို့ကိုကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့၊ “၁၁၁” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃၀) ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် “၁၁၁” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      ကွင်းဆင်းစိစစ်မှုတွင် “၁၁၁” ဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ၊ ထုတ်လုပ်သော ကုန်စည်များအရည်အသွေးပြည့်မီစေရေး၊ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ထုတ်ပိုးမှုစနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက်ကိရိယာများတပ်ဆင်ထားရှိမှုတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါ သည်။ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျစွန့်ပစ်ထားခြင်းရှိ/မရှိ၊ MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ MSMEsပြပွဲ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် zoom meeting ဆွေးနွေးပွဲတက်ရောက်

        (၂၅.၉.၂၀၂၅) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် MSMEsပြပွဲ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် zoom meeting ဖြင့် ကုန်စည်ပြပွဲခင်းကျင်ပြသနိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ဆွေးနွေးရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်အဆင့်တာဝန်ရှိသူများ စုပေါင်း၍ MSMEsပြပွဲတွင် ပြသနိုင်မည့် ဒေသထွက်ကုန်များနှင့် ပြပွဲတွင် ရောင်းချရမည့် အစီအစဉ်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်နိုင်ရေး၊ အထက်ဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များကို သိရှိနားလည်နိုင်စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး၍ MSMEsပြပွဲတွင် ကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်းကို သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ